ဆိပ်ခွန်ရွာ၊ ရွှေဘိုမြို့နယ်

ဝီကီပီးဒီးယား မှ
ဆိပ်ခွန်
ရွာ
ဆိပ်ခွန်ရွာ
ဆိပ်ခွန် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဆိပ်ခွန်
ဆိပ်ခွန်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°33′05″N 95°35′30″E / 22.5514297485352°N 95.5916519165039°E / 22.5514297485352; 95.5916519165039ကိုဩဒိနိတ်: 22°33′05″N 95°35′30″E / 22.5514297485352°N 95.5916519165039°E / 22.5514297485352; 95.5916519165039
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင်ရွှေဘိုခရိုင်
မြို့နယ်ရွှေဘိုမြို့နယ်
ကျေးရွာအုပ်စုဆိပ်ခွန်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဆိပ်ခွန်ရွာ (အင်္ဂလိပ်: Seikkhun)သည် စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ရွှေဘိုမြို့နယ်ဆိပ်ခွန်ကျေးရွာအုပ်စု၌ တည်ရှိသည်။[၁] ရွာနေရာကုတ်မှာ ၁၇၁၄၃၉ ဖြစ်သည်။[၂] မဟာစည်ဆရာတော်၏ မွေးရပ်ဇာတိရွာ ဖြစ်သည်။ ဆိပ်ခွန်၊ ဗိုလ်တည်းကုန်း၊ နံ့သာ၊ ဆိပ်သာ ရွာ(၄)ရွာ အုပ်စုဖြစ်သည်။ အိမ်ထောင်စု ၁၉၉၁ စု၊ အိမ် ၁၇၅၁ လုံး၊ လူဦးရေ ၁၀၅၆၇ ဦးရှိသည်။ ဧရိယာအကျယ်အဝန်းမှာ ၂၃၄.၃၄ ဧက ဖြစ်သည်။[၃]

တည်နေရာ[ပြင်ဆင်ရန်]

ဆိပ်ခွန်ရွာသည် ရွှေဘိုမြို့မှ အနောက်ဘက် ၇ မိုင်အကွာ၊ မုံရွာမြို့မှ ၆၄ မိုင်ခန့် အကွာ ရွှေဘို–မုံရွာ ကားလမ်းမကြီး၏ ဝဲယာတွင် တည်ရှိသည်။[၃]

စီးပွားရေး[ပြင်ဆင်ရန်]

ဆိပ်ခွန်ရွာတွင် စက်ရက်ကန်း၊ ရိုးရာလက်ရက်ကန်းလုပ်ငန်းများ တည်ရှိပြီး ဆိပ်ခွန်လုံချည်သည် ထင်ရှားသော ထွက်ကုန်တစ်ခု ဖြစ်သည်။[၃] သဖန်းဆိပ်ဆည်ရေသောက်၍ မိုးစပါးဖြစ်သော ရွှေဘိုပေါ်ဆန်း ဆန်စပါးလည်း စိုက်ပျိုးထွက်ရှိသည်။

ထင်ရှားသော နေရာများ[ပြင်ဆင်ရန်]

အင်ကြင်းတောစေတီ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အင်ကြင်းတောစေတီ

အင်ကြင်းတောစေတီကို သာသနာတော်နှစ် ၂၂၃၊ ခရစ်နှစ် ၂၄၇ က သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သည်ဟု ရာဇဝင်သမိုင်းကြောင်းက ဆိုသည်။ "အင်ကြင်းတစ်ကိုင်း ပျဉ်းတစ်ကိုင်း" ဆိုသော သမိုင်းကြောင်းရှိသည့် အင်ကြင်းတောစေတီတော်မြတ်ကြီးသည် စေတီရံ ၁၅၈ ဆူနှင့်အတူ ဒေသတွင်း တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်သည်။ နှစ်စဉ် တန်ခူးလဆန်း ၁၁ ရက်မှ လပြည့်နေ့အထိ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပပြုလုပ်သည်။


ကိုးကား[ပြင်ဆင်ရန်]

  1. ရွှေဘိုမြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များ (PDF)ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနစစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့။ မတ် ၂၀၁၈။ ၂၅ မေ ၂၀၁၉ တွင် ပြန်စစ်ပြီး[လင့်ခ်သေ]
  2. Place codes (Pcodes)Myanmar Information Management Unit (June 2020)။
  3. ၃.၀ ၃.၁ ၃.၂ ထိန်လင်း (မန်းတက္ကသိုလ်) (၁၄ စက်တင်ဘာ ၂၀၁၈)။ ဆိပ်ခွန်ရွာ သာပါစမေးမြန်မာတိုင်း(မ်)။ 29 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ မေ ၂၀၁၉ တွင် ပြန်စစ်ပြီး။