ဆမ်ဘယ်
ငရုတ်ဆုံထဲတွင် ကြက်သွန်ဖြူ၊ သံပရာသီးနှင့် တည့်ခင်းထားသော ရိုးရာ ဆမ်ဘယ် တီရာဆီ | |
အဓိကသုံးဆောင်မှု | အရံဟင်း သို့မဟုတ် အစပ်အဟပ်တည့်စေရန် အစားအစာ |
---|---|
မူရင်းနိုင်ငံ | အင်ဒိုနီးရှားနိုင်ငံ[၁][၂] |
ဒေသ | ဂျားဗားကျွန်း |
ဆက်နွယ်သောအမျိုးသားအစားအစာ | အင်ဒိုနီးရှား၊ မလေးရှား၊ သီရိလင်္ကာ၊ ဘရူနိုင်း၊ စင်္ကာပူ၊ နယ်သာလန်နှင့် ဆူရီနမ် |
သုံးဆောင် အပူချိန် | အခန်းတွင်းအပူချိန် |
အဓိက ပါဝင်ပစ္စည်း | ကြက်သွန်နီကလေး၊ ကြက်သွန်ဖြူ၊ ငါးပိနှင့် ငရုတ်သီးထောင်း |
Cookbook: Sambal Media: Sambal |
ဆမ်ဘယ်သည် ငရုတ်သီးတောင်း သို့မဟုတ် ဆော့စ်တစ်မျိုးဖြစ်ပြီး ငရုတ်သီးတောင့်မျိုးစုံဖြင့် ပြုလုပ်လေ့ရှိကာ ဒုတိယအမယ်များအဖြစ် ငါးပိ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်နီကလေး၊ အုန်းသကြားနှင့် သံပရာရည်တို့ပါဝင်သည်။ ဆမ်ဘယ်သည် ဂျာဗားနှင့် ဆွန်ဒန်ဘာသာစကားမှ ယူထားသော အင်ဒိုနီးရှားစကားလုံးဖြစ်သည်။[၁][၃] မူလအစမှာ အင်ဒိုနီးရှား ရိုးရာချက်ပြုနည်းများမှ ဖြစ်သော်လည်း မလေးရှား၊ သီရိလင်္ကာ၊ ဘရူနိုင်းနှင့် စင်ကာပူ အစားအစာတို့တွင် အရေးပါသော အမယ်တစ်ခုအဖြစ် ပါဝင်သည်။[၄] အင်ဒိုနီးရှားလူမျိုးများ ပျံ့နှံတည်ရှိရာ နိုင်ငံရပ်ခြားဒေသများသော နယ်သာလန်နှင့် ဆူရီနမ်တို့တွင်လည်း စားသုံးကြသည်။[၅]
ဆမ်ဘယ် ပြုလုပ်နည်း အမျိုးမျိုးရှိပြီး လာလက်(ဟင်းသီးဟင်းရွက်စိမ်း)၊ အီကန် ဘာကာ(ငါးကင်)၊ အီကန် ဂိုရင်း(ငါးကြော်)၊ အာယမ် ဂိုရင်း(ကြက်သားကြော်)၊ အာယမ် ပီညက်(ကြက်သားထောင်း)၊ အီဂါ ပီညက်(နံရိုး)နှင့် အမျိုးမျိုးသော ဆိုတိုဟင်းချိုများကဲ့သို့သော ဟင်းလျာများတွင် အပူအစပ်အတွက် လိုအပ်သလို ထည့်စားကြသည်။[၆] အင်ဒိုနီးရှားတွင် ဆမ်ဘယ်မျိုးကွဲပေါင်း ၂၁၂ မျိုးရှိပြီး[၇] အများစုမှ ဂျာဗားကျွန်းမှ ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ Sri Nardiati (1993)။ Kamus bahasa Jawa-bahasa Indonesia။ Jakarta, Indonesia: Pusat Pembinaan dan Pengembangan Bahasa, Departemen Pendidikan dan Kebudayaan။ ISBN 9794593818။
- ↑ Media၊ Kompas Cyber။ Sejak Kapan Masyarakat Indonesia Mengonsumsi Sambal? (in id)။ ၂၅ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ Faldela Williams (1988)။ Cape Malay Cookbook။ Struik။ p. 58။ ISBN 9781868255603။[လင့်ခ်သေ]
- ↑ The big chilli sauce guide: how to tell your sriracha from adobo။ ၂၅ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ Sejarah Sambal Khas Nusantara, Ada Sejak Abad ke-10 hingga Digemari Orang Belanda။ (Indonesian)
- ↑ Heinz Von Holzen; Lother Arsana (2015)။ The Food of Indonesia: Delicious Recipes from Bali, Java and the Spice Islands, Periplus world cookbooks။ Tuttle Publishing။ ISBN 9781462914913။
- ↑ Ada 212 Jenis Sambal di Indonesia, Berasal Dari Mana Sajakah? – Semua Halaman – Nationalgeographic.grid.id (in id)။ ၂၅ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။