အင်ဒိုနီးရှား အစားအစာ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဥပမာအဖြစ် ဖော်ပြထားသော အင်ဒိုနီးရှား ဆွန်ဒန်ဟင်းလျာပွဲ - အီကန် ဘာကာ (ငါးကင်), နာဆီ တင်းဘဲ (ငှက်ပျောဖက်တွင်းထုပ်ထားသော ထမင်း), အာယမ် ဂိုရင်း (ကြက်ကြော်)၊ ဆမ်ဘယ်တန်ပေးကြော်နှင့် တို့ဟူးနှင့် ဆာယု အာဆမ်ကိုဘိုကန်ဟုခေါ်သော လက်ဆေးရန် သံပုရာသီးထည့်ထားသော ရေဇလုံဖြစ်သည်။

အင်ဒိုနီးရှားဟင်းလျာများသည် ကျွန်းစုနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံဟူ၍ ဖြစ်လာစေခဲ့သော မတူကွဲပြားသော ဒေသများ၏ ရိုးရာချက်ပြုတ်နည်းစုစည်းမှုဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် လူမျိုးစု ၁၃၀၀ ခန့်[၁] နှင့် ကျွန်းစုပေါင်း ၁၇,၅၀၈ ကျွန်းတွင် လူနေထိုင်ရာကျွန်းပေါင်း ၆၀၀၀ နီးပါး ရှိသော ကမ္ဘာ့အကြီးဆုံးသော ကျွန်းစုနိုင်ငံ[၂][၃] ဖြစ်ပြီး ပေါကြွယ်ဝသော အမျိုးစုံသည့် ဟင်းချက်နည်းနှင့် ဟင်းလျာများသည် တိုင်းပြည်၏အစိတ်အပိုင်းတစ်ခုသဖွယ်ဖြစ်နေခဲ့သည်။ များစွာသော ဒေသဟင်းလျာများသည် ဒေသယဉ်ကျေးမှုတွင် အခြေတည်ပြီး ပင်လယ်ရပ်ခြားလွှမ်းမိုးမှုအနည်းငယ်ရှိသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ရိုးရာဟင်းချက်နည်းပေါင်း ၅,၃၅၀ ခန့်ရှိပြီး ၎င်းတို့ထဲမှ ၃၀ ခန့်ကို အရေးကြီးသော ဟင်းလျာများအဖြစ် မှတ်ယူထားသည်။[၄] သာမန်ဒေသစားသောက်ဆိုင်များမှ လမ်းဘေးစားသောက်ဆိုင်များထိနှင့် ထိပ်တန်း ဒေါ်လာဖြင့်ပေးချေရသော အင်ဒိုနီးရှားဟင်းလျာများတွင် ဆန်၊ ခေါက်ဆွဲနှင့် ဟင်းရည်တို့ ပါဝင်ကြသည်။

အင်ဒိုနီးရှားဟင်းလျာများသည် ဒေသအလိုက် ကွဲပြားမှု များစွာရှိပြီး အခြား မတူခြားနားသည့် လွှမ်းမိုးမှု များစွာလည်းရှိသည်။[၃][၅][၆] ဥပမာအားဖြင့် ဆူမားတြားဟင်းလျာများတွင် ဂူလိုင်နှင့် ကာရီ(Curry)ကဲ့သို့ မဆလာနိုင်သော အသားနှင့်အရွက်ဟင်းတို့တွင် မကြာခဏဆိုသလို အရှေ့အလယ်ပိုင်းနှင့် အိန္ဒိယလွှမ်းမိုးမှုများကို တွေ့ရပြီး ဂျာဗားဟင်းလျာများသည် ဒေသဟင်းလျာပိုဆန်ပြီး[၃] တရုတ်လွှမ်းမိုးမှု အနည်းငယ်တွေ့ရသည်။ အရှေ့အင်ဒိုနီးရှားမှ ဟင်းလျာများသည် အိုးရှန်းနီးယားဒေသဟင်းလျာများ (ပိုလီနီးရှန်းနှင့် မဲလန်းနီးရှန်းဟင်းလျာများ)နှင့် တူညီသည်။ အင်ဒိုနီးရှားဟင်းလျာများတွင် တရုတ်ဟင်းလျာ၏ ပါဝင်ပစ္စည်းများဖြစ်သော ခေါက်ဆွဲ၊ အသားလုံးနှင့် spring rolls(လွန်ပီယား) ကဲ့သို့သော အစားအစာများကိုတွေ့နိုင်သည်ဟု လုံးဝနီးပါး လက်ခံထားကြသည်။

အင်ဒိုနီးရှားနိုင်ငံသမိုင်းတလျှောက်တွင် နိုင်ငံ၏ တည်နေရာနှင့် သဘာဝရင်းမြစ်များ ပေါကြွယ်မှုကြောင့် ကုန်သွယ်မှုလုပ်ငန်းတွင် ပါဝင်လာခဲ့သည်။ အင်ဒိုနီးရှားဒေသခံတိုင်းရင်းသားတို့၏ နည်းပညာနှင့် အဆောက်အဦတို့သည် အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနှင့် တရုတ်တို့၏ လွှမ်းမိုးမှုများရှိနေပြီး ဥရောပ၏ လွှမ်းမိုးမှုများကိုပါ တွေ့မြင်ရသည်။ ဒတ်ချ်တို့မှ ကျွန်းစုအများစုအား ကိုလိုနီမပြုမီ စပိန်နှင့် ပေါ်တူဂီကုန်သည်တို့သည် ကမ္ဘာသစ်(New World)ထုတ်ကုန်များကို သယ်ဆောင်လာခဲ့သည်။ အင်ဒိုနီးရှားကျွန်းများဖြစ်သည် မာလုကူကျွန်းများသည် “ဟင်းခတ်အမွှေးအကြိုင်ကျွန်းများ”ဟု နာမည်ကျော်ကြားပြီး အင်ဒိုနီးရှားနှင့် ကမ္ဘာ့ဟင်းလျာများသို့ လေညင်းနှင့် ဇာတိပ္ဖိုလ်သီးအစရှိသည့် ဒေသထွက်ဟင်းခတ်အမွှေးအကြိုင်များကို အသုံးပြုနိုင်စေရန် မိတ်ဆက်ပေးခဲ့သည်။

အင်ဒိုနီးရှားဟင်းလျာများသည် တိကျသေချာသော ပါဝင်ပစ္စည်းများနှင့် ဘွန်ဘူ အမွှေးအကြိုင်အနှောတို့မှရရှိသော စုံလင်များပြားသည့် အနံ့အရသာတို့ဖြင့် တည်ခင်းလေ့ရှိသည်။[၇] အင်ဒိုနီးရှားဟင်းလျာများသည် အနံ့အရသာ ကြွယ်ဝကြပြီး ချို၊ချဉ်၊ငံ၊ခါး စသည့် အခြေခံအရသာများပေါင်းစပ်ပါဝင်သည့် အနံ့ကဲပြီး ပူစပ်သော ဟင်းလျာများအဖြစ် အများအားဖြင့် ဖော်ပြလေ့ရှိကြသည်။ ပူစပ်သော အင်ဒိုနီးရှားဟင်းလျာအများစု၏ အနံ့အရသာသည် ဆမ်ဘယ် ဟုခေါ်သော ပူစပ်သည့် အင်ဒိုနီးရှားငရုပ်ဆော့စ်တစ်မျိုးမှ ဖြစ်လေ့ရှိပြီး ပုဇွန်စိတ်ကလေးငါးပိ၊ ကြက်သွန်နီကလေးတို့ပါဝင်ကာ မတူကွဲပြားသော စိတ်ကြိုက်ပါဝင်ပစ္စည်းများဖြင့် အသုံးပြုလေ့ရှိပြီး ၎င်းသည် အင်ဒိုနီးရှားထမင်းဝိုင်းများတွင် အဓိကစားဖွယ်အဖြစ် ပါဝင်လေ့ရှိသည်။[၈] အဓိကအင်ဒိုနီးရှားဟင်းလျာချက်နည်း ၇ မျိုးမှာ ကြော်ခြင်း၊ ကြပ်တိုက်ခြင်း၊ ကင်ခြင်းပြုတ်ခြင်းပေါင်းခြင်း၊ Roasting၊ လှော်ခြင်းဆီပူထိုးခြင်း တို့ဖြစ်သည်။

Opor ayam (curry style), gulai, ketupat, diced potatoes with spices, and bawang goreng served during Lebaran (Eid al-Fitr) in Indonesia

အချို့သော နာမည်ကျော်သည့် အင်ဒိုနီးရှား အစားအသောက်များဖြစ်သော နာဆီ ဂိုရင်း [၉]ဂါဒိုး-ဂါဒိုး[၁၀][၁၁]ဆာတေး[၁၂] နှင့် ဆိုတို [၁၃] ကဲ့သို့သော ဟင်းလျာများကို နိုင်ငံအနှံအပြားတွင် တွေ့ရပြီး အမျိုးသားဟင်းလျားများအဖြစ် မှတ်ယူနိုင်သည်။ သို့ပေမယ်လည်း အင်ဒိုနီးရှား၏ အမျိုးစုံလင်သော ဟင်းချက်နည်း ရိုးရာတို့၏ မတူကွဲပြားမှုတို့နှင့် ချည်နှောင်ထားသော ဟင်းလျာ ဖြစ်သောကြောင့် ဟူ၍ တန်ပန်း အား တရားဝင် အမျိုးသား ဟင်းလျာအဖြစ် အင်ဒိုနီးရှား ခရီးသွားနှင့် စီးပွားရေး အခွင့်အလမ်းဖန်တီးမှု ဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ်တွင် ရွေးချယ်ခဲ့သည်။[၄] ထိုသို့ ရွေးချယ်ခဲ့သော်လည်း ထိုဝန်ကြီးဌာနမှပင် ၂၀၁၈ ခုနှစ်၌ အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသား ဟင်းလျာ ၅ မျိုးကို ရွေးချယ်ခဲ့သည်။ ၎င်းတို့မှာ ဆိုတိုဆာတေးရန်ဒန်းနာဆီ ဂိုရင်း နှင့် ဂါဒိုး-ဂါဒိုး တို့ဖြစ်သည်။[၁၄]

အင်ဒိုနီးရှားနိုင်ငံသည် ဆာတေး တို့၏ မူလဒေသဖြစ်ပြီး နိုင်ငံ၏ အမျိုးသားဟင်းလျာထဲမှ တစ်ခုဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံတစ်လျှောက်တွင် မတူကွဲပြားသော အမျိုးအစားများရှိကြသည်။


ယနေ့အချိန်တွင် အင်ဒိုနီးရှားနိုင်ငံမှ မူလအစဖြစ်သော အချို့သော နာမည်ကျော်ဟင်းလျာများသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မလေးရှားနှင့် စင်ကာပူနိုင်ငံများတွင်လည်း စားသုံးမှုများရှိ၍နေသည်။ ဆာတေး၊ အမဲသား ရန်ဒန်း နှင့် ဆမ်ဘယ် အစရှိသော အင်ဒိုနီးရှားဟင်းလျာများသည် မလေးရှားနှင့် စင်ကာပူနိုင်ငံတွင်လည်း ကျော်ကြားသော ဟင်းလျာများဖြစ်ကြသည်။ ပဲပုပ်ကို အခြေခံသော တိုဖူးနှင့် တန်ပေး တို့၏ မတူကွဲပြားသော ပုံစံများနှင့် ဟင်းများသည်လည်း အလွန်နာမည်ကျော်ကြားကြသည်။ တန်ပေးအား ဂျာဗားလူမျိုးတို့၏ တွေ့ရှိမှုဟု မှတ်ယူကြပြီး ပဲပုပ်ကို အခြေခံထားသော အစားအစာအား အချဉ်ဖောက်၍ ထုတ်လုပ်ထားခြင်းမျိုးဖြစ်သည်။ အခြားသော အချည်ဖောက်သည့် အစားအစာတစ်မျိုးမှာ အွန်ဂျွန်းဖြစ်ပြီး တန်ပေးပြုလုပ်ပုံနှင့် အချို့မှာ တူညီပြီး အသုံးပြုသည့် မှိုအမျိုးအစားများကို ကွဲပြားပြီး အခြားမတူကွဲပြားသော အခြေခံပစ္စည်းများကို အသုံးပြုထားကာ အနောက်ဂျာဗားပြည်နယ်တွင် နာမည်ကျော်ကြားလှသည်။

SBS Australia မှ အင်ဒိုနီးရှားအစားအစာများသည် “အနံပြင်းပြင်းနှင့် ကမ္ဘာပေါ်တွင် အမျိုးအစားအရောင်အသွေး စုံလင်သော အစားအစာများထဲမှ တစ်ခု” ဟုဖော်ပြကြသည်။[၁၅] Kira Jane Buxton of Mashed တွင် “နှံစပ်ကျယ်ပြန့်သော” နှင့် “မတူကွဲပြားသော” ဟူ၍ ဖော်ပြထားသည်။[၁၆]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၉ ရာစုနှစ် ဗောရောဗုဓောဘုရားကြီး၏ ကာ‌မာဝီဟန်ဂါပြတိုက်ရှိ ဖောင်းကြွရုပ်တုတွင် စပါးကျီနှင့် စပါးစိုက်ပျိုးခြင်းတွင် ကြွက်များသောင်းကျန်းသည့် ကပ်ဆိုက်ရောက်နေပုံအား သရုပ်ဖော်ထားသည်။

အင်ဒိုနီးရှားဟင်းလျာအများစုနှင့်ပတ်သက်သော ကောင်းမွန်သည့် မှတ်တမ်းမှတ်ရာများ မရှိသော်ငြားလည်း ဒေသခံတို့၏ အလေ့အထနှင့် ပါးစပ်ရာဇဝင်များတွင် ကြီးစွာမူတည်နေသော ရှည်လျားသော သမိုင်းကြောင်းများ ရှိသည်ဟု ဆိုနိုင်သည်။ သို့ပေမယ့်လည်း ဂျာဗားဟင်းလျာများ ချက်ပြုတ်သည်ကို ဖော်ပြထားသော ရှားပါးသော ဖြစ်ရပ်တစ်ခုရှိပြီး နည်းပါးသော်လည်း အတော်လေး ကောင်းမွန်သော ရိုးရာချက်ပြုတ်မှုကို ဖော်ပြထားခြင်းဖြစ်သည်။ မတူကွဲပြားမှုများသည် အင်ဒိုနီးရှား အရှေ့ပိုင်းရှိ ပါပူအာမျိုးနွယ်စုတို့၏ ဘာကာ ဘန်ဒူ သို့မဟုတ် Stone-grilled yams နှင့် တောဝက်များ ချက်ပြုတ်သည့် အလေ့အထမှ ရှုပ်ထွေးလှသည့် ယနေ့ခေတ် ပေါင်းစပ်ထားသော အင်ဒိုနီးရှားဟင်းလျာများထိ ကျယ့်ပြန်လှသည်။ အင်ဒိုနီးရှားကျွန်းစုများ၏ လူမျိုးစုများ ကွဲပြားမှုသည် နှံစပ်ကျယ်ပြန်သော ပေါင်းစပ်ခြင်းများအဖြစ် ထောက်ပံ့ပေးခဲ့ပြီး ဒေသခံ ဂျာဗား၊ ဆူဒန်၊ ဘာလင်၊ မီနန်၊ မလေးနှင့် အခြားသော ဒေသရိုးရာဟင်းချက်နည်းများအား ရာစုနှစ်ချီ ကြာမြင့်ခဲ့သော အိန္ဒိယကုန်သည်များနှင့် ပင်လယ်ရပ်ခြား ဆက်ဆံမှုများ၊ တရုတ်တို့ လာရောက်အခြေချနေထိုင်မှုနှင့် ဒတ်ချ်ကိုလိုနီပြုခြင်းတို့ဖြင့်လည်း ရောစပ်ခြင်းများ ရှိလာခဲ့သည်။[၁၆]


၉ ရာစုနှစ်တွင် ဗောရောဗုဓောနှင့် ပရမ်ဘမ်နမ်ရှိ ဖောင်းကြွပန်းပုများတွင် ဆန်စပါးစိုက်ပျိုးမှုကို ဖော်ပြထားလေရာ ဆန်စပါးသည် အင်ဒိုနီးရှား လူမှုအဖွဲ့အစည်းအတွက် မရှိမဖြစ် အဓိက စားစရာဖြစ်သည်ဟု ဆိုနိုင်သည်။ များစွာသော ဂျာဗားကျောက်စာများတွင် ရှေးခေတ်ဟင်းလျာများကို ဖော်ပြထားလေရာ သမိုင်းပညာရှင်များသည် ၎င်းတို့မှ အချို့ကို အဓိပ္ပာယ်ဖော်နိုင်ပြီ ဖြစ်သည်။ ၈ ရာစုနှင့် ၁၀ ရာစုနှစ်ကြား မဲဒေါင်ဘုရင့်နိုင်ငံခေတ်တွင် ရေးထိုးထားသော ကျောက်စာများတွင်လည်း ရှေးခေတ်ဟင်းလျာများကို ဖော်ပြညွှန်းဆိုခဲ့ရာ ၎င်းတို့ထဲမှအချို့မှာ Hadaŋan haraŋ (ကျွဲသားနုတ်နုတ်စဉ်းထားသော အသားဆာတေးတစ်မျိုးဖြစ်ပြီး ယနေ့ခေတ် ဘာလီဆာတေးတစ်မျိုးဖြစ်သော လစ်လစ် နှင့် ဆင်တူသည်။)၊ Hadaŋan madura (အုန်းသကြားအချိုတွင် ထည့်ပြုတ်ထားသော ကျွဲသား)နှင့် Dundu puyengan (သံပုရာပင်စိမ်းခတ်ထားသော ငါးရှဉ့်) တို့ဖြစ်ကြသည်။ အခြားကွဲပြားသည့် Haraŋ-haraŋ (အသားကင်)တို့မှာ Celeṅ/wök (ဝက်သား)၊ Hadahan/kbo (ကျွဲ)၊ Kidaŋ/knas (သမင်) သို့မဟုတ် Wḍus (ဆိတ်) တို့ဖြစ်ကြသည်။[၁၇] ရှေးခေတ် အဖျော်ယမကာများမှာ Nalaka rasa (ကြံရည်)၊ Jati wangi (စံပယ်ပန်းဖြင့်ပြုလုပ်သော အဖျော်ယမကာ)နှင့် Kinca (မန်ကျဉ်းရည်) တို့ဖြစ်ကြသည်။ ထို့ပြင် ကွဲပြားသည့် Kuluban (ဟင်းခတ်အမွှေးအကြိုင်တို့ဖြင့် တည့်ခင်းသော ဟင်းသီးဟင်းရွက်ပြုတ်ဖြစ်ပြီး ယနေ့ခေတ် အုပ်ရပ် နှင့် ဆင်တူသည်)နှင့် Phalamula (အုန်းသကြားရည်ဖြင့် တည့်ခင်းသော သစ်သီးဥနှင့်သစ်မြစ်ပြုတ်) တို့ဖြစ်ကြသည်။[၁၈] အခြားသော ရှေးခေတ် အသီးအရွက်ဟင်းလျာများထဲတွင် Rumwah-rumwah (လာလပ်)၊ Dudutan နှင့် Tetis တို့ဖြစ်ကြသည်။[၁၉]

၉ ရာစုနှစ်က ရှေးခေတ် ဂျာဗား ကာကာဝင် ရာမာယဏ(Kakawin Ramayana)တွင် သိရီဂါတ(Trigata) မှ သီတာအား ဆက်သသည့် စာမြိန်ဖွယ်တချို့ဖြစ်သည့် လန်ဒူဂါ တာတလာ-တီလာ (ဆီဖြင့် ချက်သော)နှင့် မိုဒါကန်ဒါ ဆာဂူလာ (သကြားဖြင့်ပြုလုပ်သော အချိုမုန့်)တို့ကို ဖော်ပြထားသည်။ (လင်္ကာ အပိုဒ် ၁၇.၁၀၁)[၁၉]

၁၀ ရာစုမှ ၁၅ ရာစုအတွင် ရေးထိုးခဲ့သော များစွာသော ဂျာဗားကျောက်စာများတွင် အစားအစားများစွာကို ဖော်ပြထားသည်။ ထိုဟင်းလျာများထဲမှ အချို့ကို ဂျာဗားအစားအစာများအဖြစ် ယနေ့ခေတ်တွင် သတ်မှတ်ထားသည်။ ထိုသို့သတ်မှတ်ထားသော အစားအစာများထဲတွင် ပီဂျဲ၊ ပင်ဒန်း၊ ရာရောဝန်(ရာဝန်)၊ ရူရူဂျက် (ရူဂျက်)၊ ကူရုပု (ကရုပု)၊ ဝါဂျ် နှင့် ဒိုဒေါကဲ့သို့သော အချိုမုန့်များ၊ ဒါဝတ် ကဲ့သို့သော သောက်စရာဖျော်ရည်များ ပါဝင်သည်။[၂၀]

၁၅ ရာစုတွင် ရေးသားခဲ့သော ဆောင်ယောင်း ဆစ်ဆာ ကန်ဒန်း ကာယဲ့စီယန်စာမူ(Sanghyang Siksa Kandang Karesian manuscript) တွင် ယနေ့ခေတ်တွင် အများစားသုံးဆဲဖြစ်သော ဆွန်ဒန် အစားအစာများအား ရေးသားခဲ့လေရာ ထိုအထဲတွင် လာဝန်နာ (အငံ)၊ ကာဒူကာ (အပူအစပ်)၊ သိရီကာ (အခါး)၊ အမ်ဘာ (အချဉ်)၊ ကာဆာယာ (အနံ့ကဲ)နှင့် မဓူရာ (အချို)တို့ ပါဝင်သည်။[၂၁]

၁၃ ရာစုမှ ၁၅ ရာစုတွင် ကမ်းခြေတွင် နေထိုင်ကြသော အင်ဒိုနီးရှားလူ့အဖွဲ့အစည်းတွင် ကာရီ(Curry)ကဲ့သို့သော ဟင်းချက်နည်းများ ပြောင်းလဲလာပုံ အထောက်အထားများကြောင့် ထိုဒေသ၌ နေထိုင်သူတို့သည် အိန္ဒိယနှင့် အရှေ့အလယ်ပိုင်းမှ ဟင်းချက်နည်းပုံစံတို့ကို စတင်လက်ခံလာသည်ဟု ယူဆရသည်။ အထူးသဖြင့် ဤဖြစ်ရပ်များကို အာချေးဒေသ၊ အနောက်ဆူမားတြားရှိ မင်နန်းကာဘောင်၊ ဆူမားတြားနှင့် မလေးကျွန်းဆွယ်ရှိ မလေးဆိပ်ကမ်းများတွင် တွေ့ရသည်။ နောက်ပိုင်းတွင် ဤသို့သော လွှမ်းမိုးမှုရှိသော ဟင်းချက်နည်းရိုးရာတို့ကို ကာရီ(kare)၊ ရိုတီ ဂျာနီနှင့် ဂူလိုင်း ကဲ့သို့သော ဟင်းလျာများတွင် အိန္ဒိယရိုးရာ စံဟင်းချက်နည်းလွှမ်းမိုးအား တွေ့ရသည်။ ဝက်သားကို ပယ်စွန့်သော မူစလင် အစားအစာဥပဒေဖြစ်သည့် ဟာလာကို တိုက်တွန်းအား‌ပေးသော အစ္စလာမ်မစ်ယုံကြည်ကိုးကွယ်မှုကို လက်ခံယုံကြည်လာသည်နှင့်အတူ ဤဟင်းချက်နည်းတို့ကိုလည်း လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြသည်။ အခြားတဖက်တွင်လည်း ကုန်းတွင်းပိုင်းတွင် နေထိုင်ကြသည့် ဒေသခံမျိုးနွယ်စုတို့၏ ဘာတက်နှင့် ဒါယက်စားအစာများတွင် ၎င်းတို့၏ နေ့စဉ်အစားအစာများ၌ တောကောင်သား၊ ဝက်သားနှင့် သွေးခဲတို့နှင့် ချက်ပြုတ်သော ဟင်းလျာများပါဝင်သည့် လက်ဟောင်း ဩစထရိုနီးရှန်းဟင်းချက်နည်းရိုးရာတို့ကို ထိန်းသိမ်းထားကြသည်။

ငရုတ်ကောင်းစေ့၊ လေးညှင်း၊ သစ်ကြံပိုး၊ ဇာတိပ္ဖိုလ်သီးတို့ပါဝင်သော အင်ဒိုနီးရှား ဟင်းခတ်အမွှေးအကြိုင်(ဘွန်ဘူ) ဖြစ်သည်။ ၁၆ ရာစု ဟင်းခတ်အမွှေးအကြိုင်ကုန်သွယ်ရေးတွင် ဂုဏ်သတင်းကျော်ဇောခဲ့ပြီး မည်မျှပင်ဝေးကွာသော အင်ဒိုနီးရှားကျွန်စုကိုမဆို ဥရောပကုန်သည်တို့သည် ဟင်းခတ်အမွှေးအကြိုင်ရင်းမြစ်ကို ရှာဖွေရန်အလို့ငှာ သွားရောက်ခဲ့ကြသည်။

ဂျာဗား မာတာရမ်ဆူလ်တန်နိုင်ငံ၏ ဆူလ်တန် အာဂွန်းအတွက် ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီ၏ သံတမန်ဖြစ်သော ရစ်ကလော့ ဗန် ဂိုး၏ ၁၇ ရာစုအမြင်များအရ[lower-roman ၁] ဂျာဗားတွင် ပွဲတော်တွင်း အသား(သိုး၊ ဆိတ်နှင့် ကျွဲ)တို့ကို စားသုံးသော နည်းစနစ်များမှာ ဟင်းခတ်အမွှေးအကြိုင်တို့ဖြင့် နှယ်ထားသော အသားကို ကင်ခြင်းနှင့် ကြော်ခြင်းတို့ဖြစ်ပြီး ဥရောပနှင့် မတူညီသည်မှာ ဂျာဗားသားတို့သည် ထောပတ်အစား အုန်းနို့ကိုသာ အသုံးပြုခြင်းဖြစ်သည်။[၁၉]

တရုတ်ရွေ့ပြောင်းအခြေချနေထိုင်သူများသည် ၁၅ ရာစု မာဂျပါဟစ်ခေတ်အစောဆုံးသော ကာလမှစ၍ အင်ဒိုနီးရှားကျွန်းစုတွင် အခြေချလာခဲ့ကြရာ ဒတ်ချ်ကိုလိုနီကာလတွင် များပြားလာခဲ့သည်။ တရုတ်နေထိုင်သူများသည် တရုတ်ဒယ်အိုးစောက်နှင့် ဆီအနည်းငယ်အသုံးပြုရန် လိုအပ်သည့် မွှေကြော်နည်းကို မိတ်ဆက်ပေးခဲ့သည်။[၁၉] ထို့ပြင် သူတို့သည် အသစ်သော တရုတ်ဟင်းလျာအချို့ဖြစ်သော ပဲငံပြာရည်[lower-roman ၂]၊ ခေါက်ဆွဲနှင့် ပဲပုပ်မှ တိုဖူးပြုလုပ်နည်းတို့ကို မိတ်ဆက်ပေးခဲ့ကြသည်။ နောက်ပိုင်းတွင် ပဲပုပ်ဖြင့် ပြုလုပ်ခြင်းလုပ်ငန်းမှ တန်ပေး(အချဉ်ဖောက်ထားသော ပဲပုပ်တုံး)အား မမျှော်လင့်ပဲ တွေ့ရှိခဲ့ခြင်း ဖြစ်နိုင်သည်။ သင်းပဲအား ရည်ညွှန်းသည့် အစောဆုံးတွေ့ရသော အကိုးအကားမှာ ၁၈၁၅ ခုနှစ်တွင် ရေးထိုးခဲ့သည့် ဂျာဗားပေစာတစ်ခုဖြစ်သော ဆရတ် ချန်တီနီတွင် ဖြစ်သည်။[၂၂]

နယ်မြေသစ်ရှာဖွေသော ခေတ်အတွင်း ဟင်းခတ်အမွှေးအကြိုင် ကုန်သွယ်မှု၏ အရှိန်အဟုန်မြင့်လာမှုသည် ဥရောပကုန်သည်များအား အင်ဒိုနီးရှားကမ်းခြေသို့ သယ်ဆောင်လာခဲ့သည်။ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ၁၉ ရာစုတွင် ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီမှ ကိုလိုနီထူထောင်ခြင်းကို ခံခဲ့ရလေသည်။ ဥရောပအစားအစာများ အထူးသဖြင့် ဒတ်ချ်နှင့် ပေါ်တူဂီတို့မှ လွှမ်းမိုးမှုကို တွေ့ရပြီး ဥရောပချက်ပြုတ်နည်းများဖြစ်သည့် ပေါင်မုန့်ဖုတ်ခြင်း၊ ပေစထရီ(Pastry)၊ ကွက်ကီးနှင့် ကိတ်မုန့်ဖုတ်ခြင်းတို့ ရောက်ရှိလာခဲ့သည်။

အင်ဒိုနီးရှားဟင်းချက်နည်းရိုးရာအား သေချာစွာ ကြည့်ရှုပါက မတူကွဲပြားသည့် လွှမ်းမိုးမှုများ ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ အစားအစာချက်ပြုတ်သည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဒေသတစ်ခုစီတွင် နောက်ဆုံး၌ ဒေသခံအကြိုက် အရသာဖြင့် ပျံ့နှံသွားခဲ့လေသော ပြောင်းလဲတိုးတက်မှုတစ်ခု ဖြစ်ထွန်းလာခဲ့သည်။[၁၉]

ဓလေ့၊ တည့်ခင်းဧည့်ခံခြင်းနှင့် သုံးဆောင်ခြင်း[ပြင်ဆင်ရန်]

နာဆီ (ထမင်း)၊ လောက်-ပေါက် (အရံဟင်းလျာ)နှင့် ဆာယု-မာယု (ဟင်းသီးဟင်းရွက်)တို့ပါဝင်သော အင်ဒိုနီးရှား ရိုးရာထမင်းဝိုင်း

အင်ဒိုနီးရှား ရိုးရာစားပွဲတွင် ပင်မစားဖွယ်အဖြစ် ပေါင်းထားသော ထမင်းပါဝင်ပြီး အသီးအရွက်၊ ဟင်းရည်နှင့် အသား သို့မဟုတ် ငါး အရံဟင်းလျားတို့ဖြင့် ဝန်းရံခင်းကျင်းထားသည်။ ထုံးတမ်းစဉ်လာ မိသားစုစားပွဲတွင် ပေါင်းထားသော ထမင်းနှင့် များစွာသော အခြားဟင်းလျာတို့ဖြင့် တည့်ခင်းထားသော စားပွဲပတ်လည်တွင် ဝိုင်းဖွဲ့ စားသောက်ကြသည်။[၂] ဟင်းလျာတိုင်းကို အားလုံးအတွက် ရည်ရွယ်၍ ပန်းကန်ပြား သို့မဟုတ် ပန်ကန်လုံးအကြီးထဲတွင် ထည့်ထားပြီး ဟင်းလျာတစ်ခုတိုင်းစီတွင် ကိုယ်စားသည့် ပန်းကန်ပြားထဲသို့ ထည့်ခတ်ရန် ဇွန်းကိုယ်စီ ထည့်ထားသည်။ ပထမဦးစွာ မိသားစုဝင်တိုင်းတွင် တစ်ဦးချင်းစီအတွက် ပန်ကန်ပြားတစ်ခုစီတွင် ထမင်းများကို ထည့်၍ထားသည်။ အများအားဖြင့် မိသားစု၏ အသက်အကြီးဆုံးသော ပုဂ္ဂိုလ် သို့မဟုတ် ခင်ပွန်းမှ စတင်စားသုံးနိုင်ခွင့်ရှိပြီး[၂၃] ထိုသို့ အဦးပထမ စားမှသာလျှင် မိသားစုကျန်သောသူများမှ စားကြသည်။ မိသားစုဝင်တိုင်းသည် သူတို့၏ ပန်ကန်ပြားများသို့ အားလုံးအတွက် ထည့်ထားသော ဟင်းပန်ကန်များမှ ဟင်းကို ခတ်ယူစားသုံးကြသည်။

နာဆီ ဂိုရင်း-ဆာတေးအား ကြက်ဥကြော်နှင့် နိုင်ငံခြားသားများအကြား အကြိုက်များသော ကရုပုနှင့်အတူ တည့်ခင်းထားသည်ကို တွေ့ရပုံ

ကိုယ်စီအတွက် တည့်ခင်းထားသော ပန်ကန်ပြားတွင် ထမင်း၏ ပတ်လည်၌ နှစ်မျိုး၊ သုံးမျိုး သို့မဟုတ် ထို့ထက်ပိုသော ဟင်းတို့ဖြစ်သည့် အရွက်၊ ငါး သို့မဟုတ် အသားနှင့် အခြား ပါဝင်နိုင်ဖွယ်ရှိသော အကြော်ဟင်းများဖြစ်သည့် ကရုပုနှင့် ဆမ်ဘယ်တို့အား ပုံ၍ စားသုံးကြသည်။ အင်ဒိုနီးရှားယဉ်ကျေးမှုတွင် ဂျပန်ရိုးရာနှင့် မတူညီသည့်ပုံစံဖြစ်သည့် စားသောက်စဉ်တွင် ကိုယ်စီပန်ကန်ပြားတစ်ခုစီ၌ မတူညီသော အရသာရှိသည့် ဟင်းလျာတို့ကို တွဲဖက်စားသုံးသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ဤအလေ့အထကို များသောအားဖြင့် နာဆီ ဂျန်ပေါ၊ နာဆီ ပါဒန်းသို့မဟုတ် ဘူဖေးစားပွဲများတွင် တွေ့နိုင်သည်။ သို့သော် ဟင်းရည်များကို ကိုယ်စီပန်ကန်လုံးအသေးများနှင့် ခတ်ယူစားသုံးကြသည်။ ယနေ့ခေတ်တွင် ခေတ်ပေါ်အင်ဒိုနီးရှား စားသောက်ဆိုင်များတွင် အစုံတွဲစပ်ဟင်းလျာပွဲများကို ရရှိနိုင်ပြီဖြစ်သည်။ ဤသည်မှာ ဂျပန်ရိုးရာအစားအစာများကဲသို့ သီးခြား ကိုယ်တိုင် စားသုံးသည့် အလေ့အထကို ဖြစ်လာစေရန်ရည်ရွယ်ပြီး လင်ဗန်း၊ ကြိမ် သို့မဟုတ် ဝါးဖြင့် ပြုလုပ်ထားသော ထည့်စရာထဲတွင် ခင်းထားသော ပန်ကန်ပြားပေါ်၌ ထမင်းပတ်လည်တွင် ဟင်းများထည့်ရန် သီးခြားနေရာများ ပါဝင်သည်။ ဤသည်ကို နာဆီ ဘာလီ၏ တည်ခင်းမှု ပုံစံတွင် တွေ့မြင်နိုင်သည်။

ဝါးဖြင့်ရက်လုပ်ထားသော ပန်းကန်တွင် ထမင်း၏ပတ်လည်၌ အသားတုံးများနှင့် အသီးအရွက်အရံဟင်းများဖြင့် ဝန်းရံထားသော တကိုယ်စာ နာဆီ ဘာလီအား တည့်ခင်းထားမှုကို တွေ့ရပုံ

အင်ဒိုနီးရှားအစားအစာများကို စားသုံးရာတွင် များသောအားဖြင့် ဇွန်းအား ညာဘက်လက်၌လည်းကောင်း၊ ခရင်းအား ဘယ်ဘက်လက်၌လည်းကောင်း(အစားအစာအား ဇွန်းအတွင်းသို့ ထည့်ရန်) ထား၍ စားသုံးလေ့ရှိကြသည်။ ဥရောပစားသောက်မှုဓလေ့နှင့်မတူညီသည်မှာ ထမင်းစားစာပွဲတွင် ဓားအား မထားရှိပဲ ဟင်းလျာထဲ၌ ပါဝင်သော အသီးအရွက်နှင့် အသားတို့ကို မချက်ပြုတ်မီကပင် တကိုက်စာပမာဏအရွယ်အစားဖြင့် တုံး၍ထားခြင်းဖြစ်သည်။[၂၃] သို့ပေမယ်လည်း အနောက်ဂျာဗားနှင့် အနောက်ဆူမားတြားကဲ့သို့ နိုင်ငံ၏ ဒေသအများစုတွင် များသောအားဖြင့် အစားအစာတို့ကို လက်ဖြင့် သုံးဆောင်လေ့ရှိကြသည်။ ပင်လယ်စာ စားသောက်ဆိုင်များ၊ ဆွန်ဒန်နှင့် မင်ဂန်ကာဘောင်း ရိုးရာစားသောက်ဆိုင်များ သို့မဟုတ် အရှေ့ဂျာဗားမှ ပီဂျဲ လီလီ (ဆမ်ဘယ်နှင့် ကြော်ထားသော ငါးခူ)နှင့် အာရမ် ဂိုရန်(ကြက်ကြော်)ဆိုင်များကဲ့သို့သော စားသောက်ဆိုင်များ သို့မဟုတ် အိမ်များတွင် အများစုမှာ လက်ဖြင့်စားသောက်ကြသည်။ ထိုစားသောက်ဆိုင်များ၌ အစားအစာများကို စားသောက်ရာတွင် ကိုဘိုကန်အား ထားရှိလေ့ရှိသည်။ ကိုဘိုကန်သည် လန်းဆန်းမှုကို ပေးစွမ်းနိုင်စေရန် ရေ၌ သံပုရာသီးစိတ်ကလေးများ ထည့်၍ဖျော်ထားသည် အရည်ဖြစ်ပြီး ၎င်းမှာ သောက်သုံးရန်အတွက် ရည်ရွယ်ခြင်းမဟုတ်ပဲ မစားမှီနှင့် စားပြီးနောက် လက်ဆေးရန်အတွက် ရည်ရွယ်သည်။[၂၄]

အဓိက အစားအစာ[ပြင်ဆင်ရန်]

ဂျာဗား၌ ကျွဲများကို အသုံးပြုပြီး စပါးခင်းများကို ထွန်ယက်နေပုံ၊ မျက်မှောက်ခေတ်တွင် စပါးသည် အဆင့်အတန်းအားလုံးအတွက် အဓိကအစားအစာဖြစ်သည်။ အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် တတိယမြောက် အကြီးမားဆုံးသော စပါးထုတ်လုပ်သောနိုင်ငံဖြစ်ပြီး ဆန်စပါးထွန်ယက်စိုက်ပျိုးခြင်းသည် အင်ဒိုနီးရှားနိုင်ငံ၏ ရှုမြင်ကွင်းအများစုကို ပြောင်းလဲစေခဲ့သည်။

ဆန်စပါးသည် မျက်မှောက်ခေတ် အင်ဒိုနီးရှား လူ့အဖွဲ့အစည်းအားလုံးအတွက် အဓိကအစားအစာဖြစ်ပြီး[၅][၂၅] အင်ဒိုနီးရှားယဉ်ကျေးမှုတွင် အဓိကနေရာတွင်လည်းရှိသည်။ ဆန်စပါးသည် နိုင်ငံရေမြေကို ပုံဖော်သည်။ ဈေးများတွင် ရောင်းချကြပြီး များစွာသော စားသောက်ဖွယ်တို့တွင် အမွှေးကဲသောနှင့် ချိုသော အရသာနှစ်မျိုးလုံးကို ပေးစွမ်းသော အစားအစာအဖြစ် သုံးဆောင်ကြသည်။ အင်ဒိုနီးရှားယဉ်ကျေးမှုတွင် ဆန်စပါး၏အရေးပါမှုကို ရှေးခေတ် ဂျာဗားနှင့် ဘာလီတို့ရှိ ဆန်စပါးနတ်ဘုရားမတစ်ပါးဖြစ်သော ဒေဝီသီရိ(Dewi Siri)အား ကိုးကွယ်ယုံကြည်မှုက ထင်ဟပ်ဖော်ပြနေသည်။ ရိုးရာဓလေ့အားဖြင့် ဆန်စပါးစိုက်ပျိုးမှုသည် စိုက်ပျိုးမှုသံသရာနှင့်ဆက်နွယ်နေပြီး ဆီရန် တာအွန်း(Seren Taun)ကောတ်ရိတ်သိမ်းပွဲတော်ကဲ့သို့သော ပွဲများကို ဆန်စပါးရိတ်သိမ်းသည့် ရိုးရာပွဲအဖြစ် ကျင်းပကြသည်။


ဆန်ကို ပရိုတင်းအနည်းငယ်ပါဝင်သော ထမင်းအဖြစ်နှင့် အရွက်ဟင်းလျာများကို အရံဟင်းအဖြစ် တွဲဖက်စားသုံးလေ့ရှိသည်။ ထို့ပြင် ထမင်းကို နာဆီ အုဒု(အုန်းနို့ဖြင့် ချက်သောထမင်း)၊ နာဆီ ကူနင်း(နနွင်းနှင့် အုန်းနို့ဖြင့် ချက်သော ထမင်း)၊ ကဲတုပတ် (အုန်းလက်ဖြင့် ရက်လုပ်သော အထုပ်ထဲတွင် ပေါင်းသော ထမင်း)၊ လွန်တုန် (ငှက်ပျောဖက်ဖြင့် ပေါင်းသော ထမင်း)၊ အင်တစ်ပ် သို့မဟုတ် ရန်ဂင်နန် ( ဆန်မုန့်ကြွပ်)၊ အချိုမုန့်၊ ဗယ်မီဆဲလီ၊ ခေါက်ဆွဲ၊ အာရက် ဘီရာ့စ် (ဆန်ဝိုင်)နှင့် နာဆီ ဂိုရင်း (ထမင်းကြော်) အဖြစ်လည်း သုံးဆောင်ကြသည်။[၂၆] နာဆီ ဂိုရင်းကို အင်ဒိုနီးရှားနိုင်ငံ၏ နေရာအနှံ့အပြားတွင် တွေ့နိုင်ပြီး အမျိုးသားဟင်းလျာအဖြစ် မှတ်ယူကြသည်။[၉]

နေရာတိုင်း၌ တွေ့ရှိနိုင်သော နာဆီ ဂိုရင်း (ထမင်းကြော်)အား အင်ဒိုနီးရှားအမျိုးသားဟင်းလျာများထဲမှ တစ်ခုအဖြစ် မှတ်ယူထားကြပြီး ကွဲပြားသည့်အမျိုးအစားများ ပေါများကာ ပြသထားသည့်ပုံမှာ ဆိတ်သားနှင့် မျောက်ငိုသီးတို့ဖြင့် ကြော်ထားသော ထမင်း

စိုက်ပျိုးသည့် နည်းလမ်းများကြောင့်ဖြစ်စေ လွယ်ကူစွာဝယ်ယူနိုင်စွမ်းရှိသောကြောင့်ဖြစ်စေ ဆန်စပါးသည် နေ့စဉ်အစားအစာအတွင်း ပါဝင်လာခြင်းဖြစ်သည်။ ဆူလာဝေစီကျွန်းတွင် လွန်ခဲ့သော ဘီစီ ၃၀၀၀ ခန့်မှ ဆန်စပါးအရိုင်းများနှင့်ပတ်သတ်သော အထောက်အထားများ တွေ့ရှိခဲ့သည်။ သို့ပေမယ်လည်း စိုက်ပျိုးမှုနှင့်ပတ်သက်သော အစောဆုံးသော အထောက်အထားများကို ဂျာဗားကျွန်းအလယ်ပိုင်းဒေသရှိ ၈ ရာစုတွင် ရေထိုးခဲ့သော ကျောက်စာတွင် ဘုရင်မှ ဆန်စပါးနှင့်ပတ်သက်၍ အခွန်စည်းကြပ်သည့်အကြောင်းအား ရေးထိုးထားသည်ကို တွေ့ရှိရသည်။ ဆန်စပါးစိုက်ပျိုးခြင်း၊ စပါးကျီနှင့် စပါးကွင်းများအား အဖျက်သတ္တဝါဖြစ်သော ကြွက်များမှ ဖျက်ဆီးသည့် ရုပ်ပုံတို့ကို ဗောရောဗုဓောရှိ ကာမဝီဘန်ဂါ (Karmawibhanga) ဖောင်းကြွပန်းပုတို့တွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။ အင်ဒိုနီးရှားနိုင်ငံရှိ ဆန်စပါးစိုက်ပျိုးမှု၏ ယနေ့ထက်တိုင် အသားကျနေသော ယောက်ျား၊ မိန်းမနှင့် တိရစ္ဆာန်တို့အကြား လုပ်ငန်းတာဝန်ခွဲဝေမှုကို ဗဟိုဂျာဗားဒေသရှိ ပရမ်ဘန်နန်ပုထိုးများရှိ ၉ ရာစုတွင် ထွင်းထုခဲ့သော ဘာသာရေး ပန်းပုရုပ်စုံတွင် တွေ့ရှိနိုင်ပြီး ထိုပုံ၌ ကျွဲများတွင် ထွန်သွားများကို တပ်ဆင်ထား၍ အမျိုးသမီးများက ဆန်စပါးများ စိုက်ပျိုးနေပြီး ဆန်စေ့တို့ကို ကြိတ်နေကာ အမျိုးသားများက တစ်ဖက်စီတွင် စပါးစည်းများကို ဆွဲထားပြီး ပုခုံးပေါ်တွင် ထမ်းပိုး(pikulan)ဖြင့် ထမ်းနေပုံကို ဖော်ပြထားသည်။ ၁၆ ရာစုအရောက်တွင် ဥရောပသားတို့ အင်ဒိုနီးရှားကျွန်းများသို့ ရောက်ရှိသည့်အခါတွင် ဆန်စပါးအား မင်းစိုးရာဇာတို့၏ အခမ်းအနားနှင့် ပွဲတော်တို့တွင် မြင့်မြတ်သော စားဖွယ်အဖြစ် သုံးဆောင်ကြသည်ကို တွေ့မြင်ရသည်။[၂၅]

အင်ဒိုနီးရှားသမိုင်းတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုသည် သံထည်များ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အာရှကျွဲရိုင်းများအား အယဉ်အဖြစ် မွေးမြူလာနိုင်ခဲ့ပြီး ထွန်ယက်စိုက်ပျိုးရေးတွင် အသုံးပြုခြင်းနှင့် စွန့်ပစ်ပစ္စည်းများကို မြေဩဇာများ ထည့်သွင်းရန် အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်းတို့နှင့် ဆက်စပ်၍နေပေသည်။ ဆန်စပါးစိုက်ပျိုးရာ၌ နေရောင်ခြည်နှင့် တွေ့ထိမှုရှိရန် လိုအပ်သည်။ ထူထပ်သော တောများဖြင့် ဖုံးလွှမ်းနေသော နိုင်ငံဖြစ်သောကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ခန့်မှစ၍ ဆန်စပါး ထွန်ယက်စိုက်ပျိုးခြင်းကို တိုးတက်စေရန်အလို့ငှာ အမြဲတမ်းစိုက်ပျိုးမြေနှင့် အခြေချနေထိုင်ရာနေရာအဖြစ် သစ်တောများအား တဖြည်းဖြည်း ခုတ်ထွန်ရှင်းလင်းလာခဲ့သည်။[၂၅]

ဂျုံ[ပြင်ဆင်ရန်]

ဂျုံကို အခြေခံသော တရုတ်ဟင်းလျာ မီ ဂိုရင်း (ခေါက်ဆွဲကြော်)သည် အင်ဒိုနီးရှားအဓိကဟင်းလျာအဖြစ် လက်ခံထားကြသည်။

ဂျုံသည် အင်ဒိုနီးရှားဒေသရင်း အပင်မဟုတ်ပဲ ကုန်သွယ်မှုနှင့် နိုင်ငံရပ်ခြားမှလွှမ်းမိုးမှု(အထူးသဖြင့် တရုတ်နှင့် ဒတ်ချ်တို့)မှ ရောက်ရှိလာခဲ့ပြီး အင်ဒိုနီးရှားလူမျိုးတို့သည် ဂျုံအခြေခံသော အစားအစားများ (အထူးသဖြင့် တရုတ်ခေါက်ဆွဲ၊ အိန္ဒိယ ရိုတီနှင့် ဒတ်ချ်ပေါင်မုန့်များ) စတင်ပြုလုပ်ခဲ့ကြသည်။ အများစု သုံးဆောင်ကြသော ထမင်းအပြင် အင်ဒိုနီးရှားရှိ တရုတ်တို့သည် ခေါက်ဆွဲ၊ ပေါက်စီနှင့် အီကြာကွေးတို့ကို အဓိကအစားအစာအဖြစ် မှတ်ယူကြသည်။ ဆန်စပါးယဉ်ကျေးမှု အတော်လေးပျံနှံ့နေသော အင်ဒိုနီးရှား (အထူးသဖြင့် ဂျာဗားနှင့် ဆူမားတြား)တွင်ပင် တခါတရံ၌ ခေါက်ဆွဲကဲ့သို့ ဂျုံကိုအခြေခံသော အစားအစာများကို ထမင်းနှင့်တွဲဖက်၍ အရံဟင်းများအဖြစ် စားသုံးကြပြီး တရုတ်ဘန်းပေါင်မုန့်နှင့် အီကြာကွေးတို့ကို သရေစာအဖြစ် သုံးဆောင်ကြသည်။ ဥရောပသား(အထူးသဖြင့် ပေါ်တူဂီနှင့် ဒတ်ချ်)တို့သည် ပေါင်မုန့်၊ အမျိုးမျိုးသော မုန့်ဖို့နှင့် ပေစထရီတို့ပြုလုပ်နည်းများကို ယူဆောင်လာခဲ့ကြသည်။ ထိုဥရောပအဓိက အစားအစာများသည် ယခုအခါတွင် အမြန်စားသုံးနိုင်သော မနက်စာအဖြစ် ပြောင်းလဲလာခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၌ ဂျုံစားသုံးမှုသည် ၁၉၇၀ ခုနှစ်များတွင် အင်ဒိုနီးရှား၌ အသင့်စားခေါက်ဆွဲလုပ်ငန်းတိုးတက်လာမှုနောက်ပိုင်း မြင့်တက်လာသော အနေအထားသစ်သို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်မှစ၍ အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် အသင့်စား ခေါက်ဆွဲ အဓိကထုတ်လုပ်သူနှင့် စားသုံးသူများထဲမှ တစ်ခုဖြစ်လာခဲ့သည်။ အင်ဒိုနီးရှားသည် တရုတ်ပြီးလျှင် ကမ္ဘာ့ ဒုတိယမြောက် အသင့်စားခေါက်ဆွဲဈေးကွက်ဖြစ်လာခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ခေါက်ဆွဲလိုအပ်ချက်သည် ၁၂.၅၄ ဘီလီယံသို့ ရောက်ရှိလာခဲ့သည်။[၂၇] ယနေ့ခေတ်တွင် အသင့်စားခေါက်ဆွဲသည် အင်ဒိုနီးရှားအိမ်ထောင်များ၏ အလွယ်တကူ ပူပူလေးသုံးဆောင်နိုင်သော အဓိကအစားအစာတစ်ခု ဖြစ်၍ လာခဲ့သည်။ Indomie ကဲ့သို့သော ယုံကြည်မှုရှိသော အမှတ်တံဆိပ်များသည် လူတိုင်းသိသော အမည်တစ်ခုဖြစ်၍ လာခဲ့သည်။

အခြားသော အဓိကအစားအစာများ[ပြင်ဆင်ရန်]

အင်ဒိုနီးရှားအရှေ့ပိုင်းဒေသ၏ အဓိကအစားအစာဖြစ်သောပါပီဒါအား စွပ်ပြုပ်ဝါ၊ မက်ကရယ်ငါးကင်နှင့် သုံးဆောင်ရန် ပြင်ဆင်ထားပုံ


အင်ဒိုနီးရှားနိုင်ငံ၏ အခြားသော အဓိကအစားအစာများတွင် ဝဥ၊ ကန်စွန်းဥ၊ အာလူး၊ ပိန်းဥနှင့် ပီလောပီနံဥစသော ကစီဓာတ်ပေါကြွယ်ဝသည် ဥများပါဝင်သည်။ ပိန္နဲသီးနှင့် ပေါင်မုန့်သီးကဲ့သို့သော ကစီဓာတ်ကြွယ်ဝသော အသီးများနှင့် ပြောင်းဖူးကဲ့သို့သော နှံစားသီးတို့ကိုလည်း စားသုံးကြသည်။ ပါပီဒါဟုခေါ်သော သာကုယာဂုကို အထူးသဖြင့် မာလုကုကျွန်းနှင့် ပါပုအာပြည်နယ်တို့တွင် စားသုံးမှုရှိကြသည်။ သာကုကို ရေဖြင့်ရော၍ လွယ်ကူရိုးရှင်းသော ပန်းကိတ်အဖြစ်လည်း ပြုလုပ်လေ့ရှိသည်။ အင်ဒိုနီးရှားအရှေ့ပိုင်း လူမျိုးတို့သည် သာကုသာမက အခြားသစ်ဥအရိုင်းတို့ကိုလည်း အဓိကအစားအစာအဖြစ် စားသုံးကြသည်။

ပိန်းဥအမျိုးအစားတစ်ခုဖြစ်ပြီး ပို၍ရှည်ကာ အရသာပို၍ဖွယ်သော Talas ကဲ့သို့သော သစ်ဥအမျိုးအစားများစွာနှင့် ပေါင်မုန့်သီးတို့သည် အင်ဒိုနီးရှားမှ မျိုးရင်းများဖြစ်ကြပြီး အခြားသော ဥတို့မှာ အခြားသောဒေသများမှ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဝဥသည် အာဖရိကမှရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အာလူး၊ ကန်စွန်းဥ၊ ပလောပီနံဥနှင့် ပြောင်းဖူးတို့သည် စပိန်တို့လွှမ်းမိုးမှုများမှတဆင့် ဂျာဗားသို့ ၁၇ ရာစုတွင် ရောက်ရှိလာခဲ့သည်။ ပလောပီနံကို ပြုတ်၍၊ ပေါင်း၍၊ ကြော်၍ သို့မဟုတ် နာမည်ကြီး သရေစာဖြစ်သော ခရီပစ် ဆင်းကောင်း (ပီလောပီနံမုန်ကြွပ်)အဖြစ်ဖြစ်စေ ပြုလုပ်စားသုံးကြသည်။ ဂျာဗားရှိ မိုးနည်းသော ဒေသများဖြစ်သည့် ဂူနွန် ကီဒူးနှင့် ဝန်နိုဂီရီတို့တွင် ပီလောပီနံခြောက် (ဒေသအခေါ် တီဝူ)အား အထူးသဖြင့် အခြားသော သစ်မြစ်သစ်ဥ ရှားပါးချိန်တွင် အဓိကအစားအစာအဖြစ် ပြောင်းလဲစားသုံးကြသည်။ ပြောင်းဖူးအား မဒူရာဒေသကဲ့သို့ ခြောက်သွေ့သော အရပ်ဒေသများနှင့် ဝေါလန့်စ်မျဉ်း အရှေ့ဘက်ရှိ လက်ဆာဆွန်ဒါကျွန်းများတွင် စားသုံးကြသည်။

ဟင်းသီးဟင်းရွက်[ပြင်ဆင်ရန်]

ခဝဲသီးဖြင့် ချက်ပြုပ်ထားသော ဆာယု အိုယွန်းကဲ့သို့သော ပါဝင်သည့်အမယ်များမှာ အသီးအရွက်များစွာပါဝင်သော အင်ဒိုနီးရှားအစားအစာများရှိသည်။

အင်ဒိုနီးရှားအစားအစာများတွင် ကျယ်ပြန့်စွာအသုံးပြုသော ဟင်းသီးဟင်းရွက်များမှာ ကန်စွန်းရွက်ဒေါက်ခွရွက်genjermelinjoသင်္ဘောရွက်နှင့် ပီလောပီနံရွက်တို့ ဖြစ်သည်။ ၎င်းတို့ကို ကြက်သွန်ဖြူနှင့် ဆီပူဖြင့်ကြော်၍ စားလေ့ရှိသည်။ ဟင်းနုနွယ်ရွက်နှင့် ပြောင်းဖူးတို့ကို အသုံးပြုပြီး မှန်ရောင်ဟင်းရည်ကြည်ဖြစ်သော ဆာယု ဘာယမ် ဘန်နင်းအား တဲမူ ကွန်ကျီ၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကလေးတို့ခတ်ကာ ချက်ပြုတ်ကြသည်။ မှန်ရောင်အသီးအရွက်ဟင်းချိုအမျိုးအစားတွင် ဆာယု အိုယွန်းတို့လည်း ပါဝင်သည်။ အခြားသော အသီးအရွက်များဖြစ်သည့် ဘူးရွက်၊ ဂေါ်ရခါးသီး၊ ဒန့်သလွန်၊ ပဲတောင့်ရှည်၊ ခရမ်းသီး၊ ခဝဲသီးနှင့် သပွတ်သီးတို့ကို ဖြတ်တောက်၍ မွှေကြော်၊ ဟင်းချက်ခြင်းနှင့် ဆာယု အာဆမ်၊ ဆာယု လိုဒက်ချ် သို့မဟုတ် လက်ဆာကဲ့သို့သော ဟင်းရည်ချိုများအဖြစ် ချက်ပြုတ်ကြသည်။ ဒါအွန် အုဘီ တွန်ဘွန်သည် ပလောပီနံရွက်ထောင်းဟင်းလျာတစ်မျိုးဖြစ်ပြီး ဆူမတြာကျွန်း၊ ကာလီမန်တန်ဒေသနှင့် ဆူလာဝေစီကျွန်းတို့တွင် စားသုံးလေ့ရှိသည်ကို တွေ့ရသည်။ ဆာယု ဆော့ကို ကြက်သား သို့မဟုတ် အမဲသားပြုတ်ရည်တွင် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ အာလူး၊ မုန်လာဥနီတို့ကို မကာရိုနီထည့်၍ ငရုတ်ကောင်းနက်၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကလေးတို့အုပ်ကာ ချက်ပြုတ်သည်။ အခြားသောအသီးအရွက်စုံကြော်တစ်မျိုးဖြစ်သော ကပ်ကျိုင်းသည် တရုတ်အင်ဒိုနီးရှားနွယ်ဝင်တို့၏ လူကြိုက်များ‌သော ဟင်းလျာတစ်မျိုးဖြစ်သည်။ တူမစ်ကန်ကွန်းသည်လည်း လူသိများသော ရေကန်စွန်းရွက်ကြော်ဟင်းလျာဖြစ်သည်။

ပဲစောင်းလျားသီးခရမ်းချဉ်သီးသခွားသီးနှင့် ကြက်ဟင်းခါးသီးတို့ကို အစိမ်းလိုက် အတို့အမြုပ်(လာလက်)အဖြစ် စားသုံးကြသည်။ ကြီးမားသည့် ကြက်ဟင်းခါးသီးတို့ကို များသောအားဖြင့် ပြုပ်၍ စားကြသည်။ ကဲကျွန်းဘရန်နှင့် သင်္ဘောဖူးတို့သည် အများနှစ်သက်ကြသော အသီးအရွက်များဖြစ်သည်။ အုရပ်သည် နှပ်နှပ်စင်းထားသော အုန်းသီးကို အသီးအရွက်တို့ဖြင့် ရော၍သုတ်ထားသော အသုပ်တစ်မျိုးဖြစ်ပြီး အာဆီနန် ဘဲတဝီသည် အသီးအရွက်တို့ကို အချဉ်တည်ထားသော ဟင်းလျာတစ်ခုဖြစ်သည်။ ဂါဒိုး-ဂါဒိုးနှင့် ပီဂျဲတို့သည် ပြုပ်ထားသော အသီးအရွက်တို့ကို မြေပဲဖြင့်ပြုလုပ်ထားသော ဆော့အစပ်ဖြင့် သုပ်ထားသော အသုပ်များဖြစ်ပြီး ကာရဲ့ဒေါ့ခ်သည် ၎င်းတို့အား အရွက်စိမ်းတို့ဖြင့် သုပ်ထားသည့်ပုံစံဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၏ သက်သက်လွတ်အစားအစာများ[ပြင်ဆင်ရန်]

ပေါင်းစပ်ပြုလုပ်ထားသည့် ဟင်းလျာတစ်မျိုးဖြစ်သော တန်ပေးဘာဂါ

အင်ဒိုနီးရှားတွင် သက်သက်လွတ်ဟင်းလျာများသည် ပေါများစွာ ရွေးချယ်နိုင်သောကြောင့် သက်သက်လွတ်စားသုံးသည့် ဓလေ့များ ကောင်းစွာဖြစ်ထွန်းပြီး ၎င်းတို့ကို အသားအစားထိုးဟင်းလျာများအဖြစ် သုံးဆောင်နိုင်သည်။ ဂါဒိုး-ဂါဒိုးကရဲ့ဒေါ့ခ်ကဲ့တိုပရက်တအုဂဲ ဂိုရင်းပီဂျဲအုရပ်ရူဂျက်နှင့် အာဆီနန်ကဲ့သို့သော အစားအစာများသည် သက်သက်လွတ်ဟင်းလျာများဖြစ်ကြသည်။ သို့ပေမယ့်လည်း မြေပဲဆော့ကို အသုံးပြုသော ဂါဒိုး-ဂါဒိုးကရဲ့ဒေါ့ခ် သို့ ကဲ့တိုပရက်ကဲ့သို့ ဟင်းလျာများတွင် အနံ့အရသာအတွက် "တရာဆီ"ဟုခေါ်သော ပုဇွန်ဆိတ်ငါးပိ အနည်းငယ် ပါဝင်နိုင်သည်။ လက်ဆက်သော အသီးအရွက်တို့ဖြင့် ပြုလုပ်ထားသော အတို့အမြုပ်တို့နှင့် တွဲဖက်စားသုံးရန် ဆမ်ဘယ်ငရုတ်သီးထောင်းအား မွှေးကြိုင်သော အရသာကဲစေဖို့အတွက် ပုဇွန်ဆိတ်ငါးပိတို့ကိုလည်း ထည့်လေ့ရှိသည်။ တန်ပေး၊ တို့ဖူးနှင့် အွန်ကွန်းကဲ့သို့သော အချဉ်ဖောက်ထားသော ပဲပုပ်မှပြုလုပ်သော အစားအစာများသည် အသားအစားထိုး အစားအစာများအဖြစ်နှင့် အသီးအရွက် ပရိုတိန်းဓာတ်ရင်းမြစ်များအဖြစ် ကျယ်ပြန့်စွာ စားသုံးကြသည်။ ယနေ့ခေတ် ပေါင်းစပ်ထားသော ဟင်းလျာများတွင် တန်ပေးအား အသားပြားများအစား အသုံးပြုပြီး တန်ပေးဘာဂါအဖြစ် စားသုံးကြသည်။[၂၈]


အင်ဒိုနီးရှားနိုင်ငံသားတို့သည် တင်းကြပ်သော သက်သက်လွတ်အလေ့အထဖြင့် ပြုမှုကြသူများ မဟုတ်ကြပဲ အသီးအရွက် သို့မဟုတ် သက်သက်လွတ်ဟင်းလျာများကို အရသာ၊ ကြိုက်နှစ်သက်မှု၊ စီးပွားရေးနှင့် ကျန်းမာရေးအကြောင်းပြချက်များတို့ကြောင့် စားသုံးနိုင်သည်။ မည်သို့ပင်ဖြစ်စေ အင်ဒိုနီးရှားရှိ သေးငယ်သော ပမာဏသာရှိသည့် ဗုဒ္ဓဘာသာဝင်တို့သည် ဘာသာရေးအကြောင်းပြချက်ကြောင့် သက်သက်လွတ်စားသုံးသည့် အလေ့အထကို ကျင့်သုံးကြသည်။

အသားနှင့် ငါး[ပြင်ဆင်ရန်]

အင်ဒိုနီးရှား အစာအာဟာရတွင် အသားမှရရှိသော ပရိုတိန်းဓာတ်အများစုမှာ ကြက်ငှက်နှင့်ငါးမှဖြစ်သော်လည်း အမဲသား၊ ကျွဲသား၊ ဆိတ်သားနှင့် သိုးသားတို့ကို အင်ဒိုနီးရှားဈေးများတွင် များသောအားဖြင့် တွေ့နိုင်သည်။

အသားစားကြက်ငှက်[ပြင်ဆင်ရန်]

ယောယာကားတားမြို့၊ ကလာဆန်ပုထိုးမှ အာယမ် ဂိုရင်း ကလာဆန်

များသောအားဖြင့် ကြက်နှင့်ဘဲကို စားသုံးကြသော်လည်း ခို၊ ငုံးနှင့် ဗေါင်းထုတ်ငှက်ကဲ့သို့သော ငန်းရိုင်းများကိုလည်း စားသုံးကြသည်။ ရိုးရာအားဖြင့် အင်ဒိုနီးရှားရွာများတွင် အာယမ် ကမ်ပေါင်း(ရွာကြက်)ကဲ့သို့သော ကြက်မျိုးကောင်းမျိုးသန့်များကို လွှတ်ကျောင်းမွေးမြူကြသည်။ အခြားမွေးမြူရေးကြက်များနှင့် နှိုင်းယှဉ်လျှင် ထိုရွာကြက်များသည် ပို၍ အကောင်သေးပြီး အသားသည် အနည်းငယ်မာသည်။ အာယမ် ဂိုရင်း (ကြက်ကြော်)နှင့် အာယမ် ဘေကာ (ကြက်ကင်)တို့၏ ချက်နည်းမျိုးစုံကို အများအားဖြင့် အင်ဒိုနီးရှားနိုင်ငံတဝှမ်းတွင် တွေ့ရှိရနိုင်သည်။ ကြော်ခြင်းနှင့် ကင်ခြင်းအပြင် ကြက်သားကို စွပ် အာယမ်နှင့် ဆာတို အာယမ် သို့မဟုတ် အုန်းနို့ဖြင့်ချက်သော အိုပေါ အာယမ်ကဲ့သို့ စွပ်ပြုပ်အဖြစ်လည်း ချက်ပြုပ်စားသောက်နိုင်သည်။ ကြက်သားဆာတေးကိုလည်း အင်ဒိုနီးရှားတွင် လွယ်ကူစွာ တွေ့ရှိနိုင်ပြီး ၎င်းမှာ တံစိုဖြင့်ထိုးထားသော အသားကင်ကို မြေပဲဆော့ဖြင့် စားသုံးရခြင်းဖြစ်သည်။ အခြားထင်ရှားသော ကြက်သားချက်နည်းများမှာ ယောယာကားတားမြို့မှာ အာယမ် ဂိုရင်း ကလာဆန်၊ ပန်ဒန်းမှ အာယမ် ဘေကာ ပန်ဒန်း၊ လွန်ဘုတ်မှ အာယမ် တာလီဝန်၊ ဘာလီမှ အာယမ် ဘီတုတုနှင့် အာယမ် ဂိုရင်း လန်ကုအက် (galangal fried chicken) တို့ဖြစ်ကြသည်။

အသား[ပြင်ဆင်ရန်]

အမဲသားနှင့် ဆိတ်သားသည် အင်ဒိုနီးရှားတွင် စားသုံးမှုအများဆုံးသော အသားများဖြစ်ပြီး ကျွဲသည် စပါးထွန်ယက်စိုက်ပျိုးရာတွင် အလွန်အသုံးဝင်ပြီး သိုးသည် အမွှေးများကို ရိတ်ရန်နှင့် ရိုးရာဖျော်ဖြေရေးတစ်ခုဖြစ်သော သိုးတိုက်ပွဲတွင် အသုံးပြုသဖြင့် စားသုံးမှုနည်းပါးသည်။ နိုင်ငံအနေဖြင့် အစ္စလာမ်မစ်ဘာသာကို အဓိကကိုးကွယ်ကြရာ အင်ဒိုနီးရှားမွတ်စလင်များအဖို့ အစ္စလာမ်မစ် ဟာလာ အစားအစာဥပဒေကို လိုက်နာရသဖြင့် ဝက်သားစားသုံးခြင်းကို တားမြစ်ထားသည်။ သို့ပေမယ့်လည်း အင်ဒိုနီးရှားနိုင်ငံ၏ အချို့သောဒေသများတွင် မွတ်စလင်မဟုတ်သောသူများစွာနေထိုင်ကြရာ တောဝက်နှင့် ဝက်သားကို စားသုံးကြသည်။ ဟာလာလုပ်ထားခြင်းမရှိသော အသားများကို ဘာလီပြည်နယ်မြောက်ဆူမားတြာပြည်နယ်မြောက်ဆူလာဝေစီပြည်နယ်အရှေ့နူဆာတန်ဂါရာပြည်နယ်မာလုကုပြည်နယ်အနောက်ကာလီမန်တန်ပြည်နယ်အလယ်ကာလီမန်တန်ပြည်နယ်မြောက်ကာလီမန်တန်ပြည်နယ်အနောက်ပါပူအာပြည်နယ်ပါပူအာပြည်နယ်နှင့် အင်ဒိုနီးရှားမြို့ကြီးများရှိ တရုတ်တန်းတို့တွင်လည်း တွေ့ရှိနိုင်သည်။ ယနေ့ခေတ်တွင် မွတ်စလင်အစားအစာဈေးကွက်ကြီးမားလာခဲ့ရာ အင်ဒိုနီးရှားရှိ စားသောက်ဆိုင်များနှင့် စားသောက်ရန်နေရာများတွင် ဝက်သားများ၊ ဟာလာလုပ်မထားသော အသားများနှင့် ချက်ပြုပ်ရာတွင် ဝက်ဆီများသုံး၍ ချက်ပြုပ်ခြင်းများကို မပြုလုပ်သည့်အမှတ်သင်္ကေတအဖြစ် ဟာလာအမှတ်တံဆိပ်ကို ထည့်သွင်းခဲ့ကြသည်။ မွတ်စလင်လူဦးရေ ကြီးမားလာခဲ့ခြင်းနှင့်အတူ နွားအရေအတွက်သည်လည်း အတော်လေး နည်းပါးလာခဲ့သဖြင့် ယနေ့ခေတ်၌ အင်ဒိုနီးရှားသည် ဩစတေးလျနိုင်ငံနယူးဇီလန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့မှ တင်သွင်းသော အမဲသားများအပေါ်တွင် များစွာ မှီခိုနေရကာ အင်ဒိုနီးရှားဈေးကွက်၌ တခါတရံ၌ ရှားပါးခြင်း၊ ဈေးကြီးမြင့်ခြင်းတို့နှင့် ကြုံတွေ့နေရသည်။


အမဲသား၊ ဆိတ်သား သို့မဟုတ် သိုးကလေးသား ရန်ဒန်း၊ တံစိုထိုးကင်များ၊ ဆာတေးအဖြစ် အမွှေးအကြိုင်တို့ဖြင့် နှယ်၍ကင်ထားသော ကြက်သား သို့မဟုတ် သိုးသား၊ အသားကင်များ၊ အသားတုံးများနှင့် ဆိုတိုကဲ့သို့သော အသားစွပ်ပြုပ်များ ချက်ပြုပ်ရာတွင် အသားတို့ကို ဟင်းခတ်အမွှေးအကြိုင် နိုင်နိုင်သုံးပြီး အုန်းနို့တို့ဖြင့် ချက်ပြုတ်သည်။ သိုးသားနှင့် ဝမ်းတွင်းသားအစုံတို့ကို ဆိုတိုစွပ်ပြုပ်နှင့် ဂူလိုင်ဟင်းတို့အား ချက်ပြုပ်ရာတွင် ပါဝင်သော အမယ်များအဖြစ် အသုံးပြုနိုင်သည်။ ဘာလီကျွန်းတွင် ဟိန္ဒူဘာသာကို အဓိကကိုးကွယ်ကြရာ ဘာဘီ ဂူလင်း(ဝက်သားကင်)သည် ဒေသခံများနှင့် မွတ်စလင်မဟုတ်သော ခရီးသွားဧည့်သည်များအကြားတွင် ထင်ရှားသော ဟင်းလျာတစ်ခုဖြစ်ပြီး မြောက်ဆူမားတြာပြည်နယ်ရှိ ဘာတပ်လူမျိုးတို့တွင်လည်း ၎င်းနှင့်ဆင်တူသည့် ဘာဘီ ပန်ဂန်းဟုသော ဟင်းလျာတစ်မျိုးရှိသည်။ တောဝက်သားကိုလည်း များသောအားဖြင့် ပါပူအာပြည်နယ်တွင် စားသုံးကြသည်။ အသားများကို သေးငယ်သော အမြောင်းများအဖြစ် တုံး၍ အခြောက်လှန်းပြီး ဒန်ဒန်း သို့မဟုတ် အာဘွန် (အသားမျှင်)တို့ ပြုလုပ်သည်။ ဒန်ဒန်း ဂျဲလန်သည် "အခြောက်လှန်းထားသော ကြွပ်ဆပ်နေသည့်" အင်ဒိုနီးရှား တောဝက်သားခြောက်ဖြစ်သည်။[၂၉] အင်ဒိုနီးရှား၏ တောင်တန်းဒေသများတွင် ယုန်သားစားသုံးမှုမှာလည်း မြှင့်တက်၍နေသည်။

အချို့ထူးဆန်းပြီး ရှားပါးသော တောကောင်သားကဲ့သို့သော အသားများကိုလည်း အင်ဒိုနီးရှား၏ အရိုင်းနယ်မြေများတွင် ရောင်းချခြင်းနှင့် စားသုံးခြင်းများ ပြုလုပ်ကြသည်။ အနောက်နူဆာတန်ဂါရာပြည်နယ်၊ အရှေ့နူဆာတန်ဂါရာပြည်နယ်နှင့် ပါပူအာပြည်နယ်တို့တွင် အမဲလိုက်၍ ရရှိလာသော သမင်သားကို တွေ့ရှိရနိုင်သည်။ တရုတ်အင်ဒိုနီးရှားဟင်းလျာများတွင် စားသုံးကြသည့် ဖားခြေထောက်များ၊ ယောယာကားတားမြို့နှင့် အနောက်နူဆာတန်ဂါရာပြည်နယ်တွင် စားသုံးသော မြင်းသား၊ ဘာလီနှင့် အရှေ့အင်ဒိုနီးရှားဒေသတွင်စားသုံးသော လိပ်သား၊ အနောက်ဆူလာဝေစီပြည်နယ်၏ မီနာဟာဆန်ဟင်းလျာများတွင် တွေ့ရသည့် မြွေသား၊ ဖွတ်သား၊ ပါနီကီ (လင်းနို့)၊ ခွေးသားနှင့် လယ်ကြွက်များ အစရှိသည်တို့သည် ပုံမှန်မဟုတ်ပဲ အငြင်းပွားဖွယ် ထူးဆန်းသော အသားများအဖြစ် ပါဝင်နေသည်။ မြောက်ဆူမားတြာပြည်နယ်၏ ဘာတပ်ဟင်းလျာများသည်လည်း ခွေးသားကို ချက်စားခြင်းနှင့် အကျွမ်းတဝင်ရှိလာသည်။

ငါး[ပြင်ဆင်ရန်]

အနောက်ဆူလာဝေစီပြည်နယ်၊ မာမူဂျူးမြို့ရှိ ဘာရွန်နန်း အီကန်ဘာကာ အား ကင်နေပုံ

ကျွန်းစုနိုင်ငံဖြစ်သည့်အလျှောက် ပင်လယ်စာများ ပေါကြွယ်ဝပြီး အထူးသဖြင့် ကမ်းရိုးတန်းဒေသတွင်နေထိုင်ကြသော အင်ဒိုနီးရှားလူမျိုးတို့သည် များသောအားဖြင့် စားသုံးကြသည်။ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသော အင်ဒိုနီးရှားအရှေ့ပိုင်းဒေသများဖြစ်သော ဆူလာဝေစီကျွန်းနှင့် မာလုကုကျွန်းများတွင် နေထိုင်သူတို့အကြားတွင်း ငါးဖြင့်ပြုလုပ်သော ဟင်းလျာများသည် အထူးသဖြင့် နာမည်ကြီးသည်။ ထိုဒေသနှစ်ခုတွင် ကြီးမားကျယ်ပြန့်ပြီး မတူကွဲပြားသည့် ပင်လယ်စာအမျိုးအစားများကို ရရှိနိုင်သော ပင်လယ်ပြင်ဧရိယာရှိသည်။[၃၀]အင်ဒိုနီးရှားဟင်းလျာများတွင် ပါဝင်သော လူသိများသော ပင်လယ်စာများတွင် skipjack tunaတူနားငါးမက်ကရယ်ငါးငါးမုတ်(pomfret)၊ wahoomilkfishtrevallyrabbitfishgaroupared snapperငါးပါးနီဓားရှည်နှုတ်သီးငါးငါးမန်းငါးလက်ထုံပြည်ကြီးငါး သို့မဟုတ် ကင်းမွန်ပုဇွန်ကဏန်းblue crab နှင့် ယောက်သွား တို့ဖြစ်သည်။ ပင်လယ်စာကို အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းတွင် စားသုံးကြသော်လည်း မာလုကူကျွန်းများနှင့် မင်နာဟာဆာဟင်းလျာ(မြောက်ဆူလာဝေစီပြည်နယ်)များတွင် အထူးသဖြင့် လူအများစားသုံးမှုရှိသည်။ ပင်လယ်စာများကို များသောအားဖြင့် ကင်၍၊ ပြုတ်၍ သို့မဟုတ် ကြော်၍ စားသုံးကြသည်။ အီကန် ဘာကာသည် လူသိများသော ငါးကင်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းတွင် တွေ့ရနိုင်သည်။ သို့ပေမယ့်လည်း နောက်ထပ်ချက်ပြုပ်နည်းများဖြစ်သည့် ဟင်းခတ်အမွှေးအကြိုင်များဖြင့် မွှေကြော်ကြော်ခြင်း သို့မဟုတ် ဟင်းချိုအဖြစ် ပြုလုပ်ခြင်းကိုလည်း တွေ့ရနိုင်သည်။ ဆားဖြင့် တာရှည်ခံအောင်ပြုလုပ်ထားသော ငါပိကောင်များကိုလည်း အင်ဒိုနီးရှားဈေးများတွင် တွေ့ရနိုင်သည်။

ရေချိုငါးဖမ်းလုပ်ငန်းများကိုလည်း ကုန်တွင်းပိုင်းဒေသရှိ မြစ်ကြီးများ သို့မဟုတ် ရေကန်များတွင် တွေ့ရနိုင်သည်။ ရေချိုငါးဖြင့် ချက်ပြုတ်သော ဟင်းများတွင် အနောက်ဂျာဗားပြည်နယ်၏ ဆွန်ဒန် အစားအစာများကို လူသိများပြီး မြောက်ဆူမတြာပြည်နယ်၏ ဘာတက်တို့နေထိုင်ရာ ဒေသတွင်ရှိသော တိုဘာကန်တွင် ဖမ်းခြင်း သို့မဟုတ် မွေးမြူခြင်း၊ မလေးတို့နေထိုင်ရာဒေသများဖြစ်သည့် ရီအော့ပြည်နယ်ဂျမ်ဘီပြည်နယ်တောင်ဆူမတြာပြည်နယ်ရှိ မြစ်ကြီးများမှ ဖမ်းယူခြင်း သို့မဟုတ် ကာလီမန်တန်ဒေသရှိ မြစ်ကြီးများမှ ဖမ်းယူခြင်းဖြင့် ရရှိသည်။ လူသိများသော ရေချိုငါးများတွင် ငါးကြင်း၊ ငါးဖျင်း (gourami)၊ ငါးခူငါးတန်ငါးရံ့ငါးဖျင်းသလက် အသေး(trichogaster)ငါးပြေမNile tilapia နှင့် Mozambique tilapia တို့ပါဝင်သည်။

အင်းဆက်များ[ပြင်ဆင်ရန်]

ပျားသားပေါက်များဖြင့် ပြုလုပ်ထားသော ဘိုတုတ် (ဘိုတုတ် တာဝန်)

ထိုင်းနိုင်ငံနှင့် မတူညီတာကတော့ အင်ဒိုနီးရှားမှာ အင်းဆက်တွေက နာမည်ကြီးဟင်းအမယ်မဟုတ်သလို လမ်းဘေးအစားအစာအဖြစ် ကျယ်ကျယ်ပြန့်ပြန့်မတွေရနိုင်ပါ။ ဂျာဗားမှာတော့ ဒေသခံတွေက အင်းဆက်တွေကို ဖမ်းခြင်း၊ သားဖောက်ခြင်းနှင့် ရောင်းချခြင်းတို့ကို ပြုလုပ်ကြပြီး အများအားဖြင့် အိမ်မွေးငှက်များအား ကျွေးရန် လတ်လတ်ဆက်ဆက် ဒါမှမဟုတ် ရှင်လျက် ရောင်းချရခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရိုးရာအရ များစွာသော အင်ဒိုနီးရှားယဉ်ကျေးမှုများတွင် အင်းဆက်များကို စားသုံးသည်ဟု ဆိုကြပြီး အထူးသဖြင့် နှံကောင်၊ ပုရစ်၊ ပလူနှင့် ပျားတို့ကို စားသုံးကြသည်။ ဂျာဗားနှင့် ကာလီမန်တန်ဒေသတို့တွင် နှံကောင်နှင့် ပုရစ်တို့ကို အနည်းငယ်ထောင်း၍ စားအုန်းဆီဖြင့် အကျတ်ကြော်၍ ကြွပ်သော ကရီပတ်မုန့်အဖြစ် စားသုံးကြသည်။[၃၁] ပို၍သေးငယ်သော နှံကောင်၊ ပုရစ်နှင့် ချတို့ကို ရမ်ပီယဲ့ခ် မုန့်ကြွပ်ကြော်ပြုလုပ်ကြပြီး အင်းဆက်ရုပ်ကြွင်းများနှင့်ပင် ဆင်တူကြသည်။ မုတ်သုံကာလ မိုးရာသီအတွင်းတွင် မိတ်လိုက်ရန်အတွက် မီးသီးများဆီ တိုးဝင်ကြသော ပလူတို့ ပေါများလှသည်။ ဒေသခံများသည် မီးလုံးများအောက်တွင် ရေပုံးများကို ချထားပြီး ပလူတို့ကို ထောင်ဖမ်းကြကာ အတောင်တို့ချွတ်ပြီး ပရိုတိန်းဓာတ်ကြွယ်ဝသော သရေစာအဖြစ် လှော်၍ စားသုံးကြသည်။ အရှေ့ဂျာဗားပြည်နယ်၊ ဘန်ညုဝန်ဂီမြို့တွင် ဘိုတုတ် တာဝန် (ပျား ဘိုတုတ်) ဟုသည့် အထူးဟင်းလျာတစ်မျိုးရှိပြီး ပျားသားပေါက်များပါဝင်သော ပျားသလက်ကို အုန်းသီးခြစ်နှင့် ဟင်းခတ်အမွှေးအကြိုင်တို့ ဖြူးပြီး ငှက်ပျောဖတ်ထဲထည့်ကာ ပေါင်းထားသည့် ဟင်းလျာတစ်ခုဖြစ်သည်။[၃၂] ကာလီမန်တန်တွင် နေထိုင်ကြသော ဒါယက်လူမျိုးများ၊ အရှေ့အင်ဒိုနီးရှားရှိ မော်လုကန်နှင့် ပါပူအာလူမျိုးများသည် အူလက် ဆာဂူး (lit. sagoo caterpillar) သို့မဟုတ် ဆာဂို အုန်းကောတ်နှံပိုး သားပေါက်များအား စားသုံးသည်ဟု ဆိုကြသည်။ ဤပရိုတိန်းဓာတ်ကြွယ်ဝသော သားပေါက်များကို ပါပူအာဒေသ၏ ရသာမွန်ဟု ဆိုကြပြီး များသောအားဖြင့် စားသုံးခြင်းမပြုမီ ဦးစွာလှော်ကြသည်။ သို့ပေမယ့်လည်း ဒေသခံတို့သည် များသောအားဖြင့် သားပေါက်များကို အစိမ်း သို့မဟုတ် အရှင်စားသုံးလေ့ရှိသည်။[၃၃]


ဟင်းခတ်အမွှေးအကြိုင်များနှင့် အခြားသော အနံ့အရသာများ[ပြင်ဆင်ရန်]

မှတ်စုများ[ပြင်ဆင်ရန်]

  1. as mentioned in Anthony Reid "Southeast Asia in Commerce 1450–1680 Volume I: The Land Below the Winds"
  2. later was localized as kecap manis (sweet soy sauce) with generous addition of palm sugar

ကိုးကား[ပြင်ဆင်ရန်]

  1. Mengulik Data Suku di Indonesia။ Badan Pusat Statistik (18 November 2015)။
  2. ၂.၀ ၂.၁ Food in IndonesiaFood by Country
  3. ၃.၀ ၃.၁ ၃.၂ "Indonesian Cuisine." Archived 23 August 2017 at the Wayback Machine. Epicurina.com . Accessed May 2021.
  4. ၄.၀ ၄.၁ Nadya Natahadibrata (10 February 2014)။ Celebratory rice cone dish to represent the archipelago။ The Jakarta Post။
  5. ၅.၀ ၅.၁ "Indonesian food." Archived 10 September 2011 at the Wayback Machine. Belindo.com Archived 7 September 2011 at the Wayback Machine.. Accessed July 2011.
  6. Indonesian Cuisine။ Diner's Digest။ 9 April 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 May 2021 တွင် ပြန်စစ်ပြီး။
  7. Flavours of Indonesia, Balinese Food။ Destination Asia။ 17 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 May 2021 တွင် ပြန်စစ်ပြီး။
  8. Sara Schonhardt။ "40 Indonesian foods we can't live without"၊ CNN၊ 25 February 2016။ 
  9. ၉.၀ ၉.၁ Nasi Goreng: Indonesia's mouthwatering national dish။ 6 July 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 May 2021 တွင် ပြန်စစ်ပြီး။
  10. Gado-Gado | Gado-Gado Recipe | Online Indonesian Food and Recipes at IndonesiaEats.com
  11. National Dish of Indonesia Gado Gado
  12. Indonesian food recipes: Satay။ 12 August 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 May 2021 တွင် ပြန်စစ်ပြီး။
  13. A Soto Crawl။ Eating Asia။
  14. Media၊ Kompas Cyber။ "Kemenpar Tetapkan 5 Makanan Nasional Indonesia, Ini Daftarnya - Kompas.com" (in id)၊ KOMPAS.com 
  15. About Indonesian food။ SBS Australia (6 September 2013)။
  16. ၁၆.၀ ၁၆.၁ Buxton၊ Kira Jane။ "Incredible Indonesian dishes you need to try immediately" (in en-US)၊ Mashed.com 
  17. Makanan Zaman Kuno (in id)။ Jawa Kuno။ 14 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 June 2021 တွင် ပြန်စစ်ပြီး။
  18. "Hanya Ada Di Candi Sojiwan: Menu Hidangan Raja Mataram Kuno" (in id)၊ TEMPO.CO၊ 22 February 2017။ 
  19. ၁၉.၀ ၁၉.၁ ၁၉.၂ ၁၉.၃ ၁၉.၄ Yudi Anugrah Nugroho (18 December 2013)။ Cita Rasa Kuliner Nusantara (in id)။ Historia
  20. "Menguak Fakta Menu Lalapan Sunda Lewat Prasasti Taji" (in id)၊ beritasatu.com 
  21. "Terungkap, Asal Mula Menu Lalapan | Dream.co.id" (in id)၊ Dream.co.id 
  22. The Book of Tempeh, 2nd ed., by W. Shurtleff and A. Aoyagi (2001, Ten Speed Press, p. 145)
  23. ၂၃.၀ ၂၃.၁ Mike၊ Lininger။ International Dining Etiquette — Indonesia။ Etiquette Scholar။
  24. Heinz Von Holzen (2014)။ A New Approach to Indonesian Cooking။ Marshall Cavendish International Asia Pte Ltd။ p. 15။ ISBN 9789814634953
  25. ၂၅.၀ ၂၅.၁ ၂၅.၂ Taylor၊ Jean Gelman (2003)။ Indonesia: Peoples and Histories။ New Haven and London: Yale University Press။ pp. 8–9ISBN 0-300-10518-5
  26. Witton၊ Patrick (2002)။ World Food: Indonesiaမဲလ်ဘုန်းမြို့: Lonely Planet။ p. 29ISBN 1-74059-009-0
  27. Global Demand, World Instant Noodles Association
  28. Grilled tempeh burgersRachael Ray (21 July 2009)။ 23 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 August 2021 တွင် ပြန်စစ်ပြီး။
  29. Scott၊ Janny။ "Obama's Young Mother Abroad"၊ The New York Times၊ 20 April 2011။ 
  30. Ikan Bakar။ Tasty Indonesian Food.com။
  31. "Mencicipi Gurihnya Keripik Olahan Jangkrik" (in id)၊ Kompas.com၊ 13 September 2016။ 
  32. Ira Rachmawati။ "Menikmati Sepincuk Botok Tawon di Banyuwangi" (in id)၊ Kompas.com၊ 12 December 2014။ 
  33. Fidel Ali။ "Apa Rasanya Makan Ulat Sagu Hidup-hidup di Raja Ampat?" (in id)၊ Kompas.com၊ 18 June 2017။