ဆတ်နွား

ဝီကီပီးဒီးယား မှ
အီလန်တောဆိတ်
A bull common eland in Etosha National Park in Namibia
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Artiodactyla
မျိုးရင်း: Bovidae
မျိုးရင်းသေး: Bovinae
မျိုးဇာတ်: Tragelaphini
မျိုးစု: Taurotragus
မျိုးစိတ်:
T. oryx
ဒွိနာမ
Taurotragus oryx
(Pallas, 1766)
မျိုးစိတ်ခွဲ
  • T. o. livingstonii
  • T. o. oryx
  • T. o. pattersonianus
Distribution of the common eland over the ဆာဗာနားs and လွင်ပြင်s in eastern and southern အာဖရိက
Synonyms

ဆတ်နွား (ခေါ်) (အင်္ဂလိပ်: Common Eland, lit.'အီလန်တောဆိတ်') ကို အီလန်ဆိတ်သမင်၊ ရိုးရိုးအီလန်၊ တောင်ပိုင်းအီလန် စသည်ဖြင့်လည်း ခေါ်တွင်သေးသည်။ အာဖရိကတိုက်အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ မြေပြန့်လွင်ပြင်ဒေသများနှင့် ဆာဗားနားမြက်ခင်းပြင်များတွင် ကျက်စားသော တောဆိတ် (အန်တီလုပ်) တစ်မျိုး ဖြစ်သည်။ ဘိုဗီဒေးမျိုးရင်းတွင် ပါဝင်သည်။[၃]

တောဆိတ် (အန်တီလုပ်)အများစုသည် ‌ကြောက်ရွံ့တတ်‌သော်လည်း ‌မြေကြီး မှ ပခုံးစွန်းအထိ ၆ ‌ပေမြင့်သည့် ဆတ်နွားမှာ မ‌ကြောက်ရွံ့‌ချေ။ ဆတ်နွားများသည် ရာနှင့်ချီ၍ အုပ်ဖွဲ့ကာ ကျက်စားကြသည်။ ဆတ်နွားသည် မြင့်လည်းမြင့်၊ အား လည်း‌ကောင်းသည်။ ဆတ်နွား၏ ‌သေးသွယ်၍ တွန့်လိမ်လျက်ရှိ‌သော ဦးချိုသည် နှစ်‌ပေခွဲရှည်၏။ မျက်စိနှစ်လုံးကြား နဖူး‌ပေါ်၌ အ‌မွေးမည်းများစုလျက်ရှိသည်။ ထိုအ‌မွေးမည်းများသည် ဆတ်နွားအဖို၌သာရှိ၍ အမတွင်မရှိ‌ချေ။ အမ၏ ဦးချိုသည် အဖို၏ဦးချိုထက် ပို၍ ရှည်‌သော်လည်း အဖို၏ဦးချို‌လောက် မခိုင်ခံ့‌ချေ။[၄]

ဆတ်နွားများကို အီသီယိုးပီးယားကင်ညာတောင်ဆူဒန်တန်ဇန်းနီးယားယူဂန်ဒါရဝမ်ဒါဘူရွန်ဒီကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဘော့ဆွာနာလီဆိုသိုဆွာဇီလန်မာလဝီမိုဇမ်ဘစ်နမီးဘီးယားဇမ်ဘီယာဇင်ဘာဘွေတောင်အာဖရိကနိုင်ငံများတွင် တွေ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. IUCN SSC Antelope Specialist Group (2008). "Tragelaphus oryx". IUCN Red List of Threatened Species 2008. IUCN. 
  2. Wilson၊ D.E.; Reeder၊ D.M., eds. (၂၀၀၅)။ ကမ္ဘာပေါ်တွင်ရှိသော နို့တိုက်သတ္တဝါမျိုးစိတ်များ: မျိုးရိုးခွဲခြားခြင်းနှင့် ပထဝီမြေမျက်နှာပြင်ဆိုင်ရာ ရည်ညွှန်းကျမ်း (တတိယအကြိမ် ed.)။ ဂျွန်ဟော့ကင်းတက္ကသိုလ် ပုံနှိပ်တိုက်။ p. 696–7။ ISBN 978-0-8018-8221-0OCLC 62265494
  3. Pappas, LA; Elaine Anderson; Lui Marnelli; Virginia Hayssen (5 July 2002). "Taurotragus oryx" (PDF). Mammalian Species 689: 1–5. doi:10.1644/1545-1410(2002)689<0001:TO>2.0.CO;2.
  4. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)