ဆင်ပချပ်ရွာ၊ မင်းလှမြို့နယ်
ဆင်ပချပ် | |
---|---|
ရွာ | |
ဆင်ပချပ်ရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 17°59′18″N 95°45′14″E / 17.9884204864502°N 95.7537612915039°Eကိုဩဒိနိတ်: 17°59′18″N 95°45′14″E / 17.9884204864502°N 95.7537612915039°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ပဲခူး |
ခရိုင် | သာယာဝတီခရိုင် |
မြို့နယ် | မင်းလှမြို့နယ် |
ကျေးရွာအုပ်စု | သရက်တပင် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ဆင်ပချပ်ရွာ (အင်္ဂလိပ်: Sinpachat)သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သရက်တပင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၃၂၈၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သရက်တပင်ကျေးရွာအုပ်စုတွင် ကျား ၁၃၅၂ ဦး၊ မ ၁၃၂၃ ဦး၊ လူဦးရေ စုစုပေါင်း ၂၆၇၅ ဦးနေထိုင်သည်။ ဆင်ပချပ်ရွာသည် ရန်ကုန်<>ပြည်ကားလမ်းနဲ့ဆိုလျှင် ၁မိုင်ခန့်သာဝေးပြီး ပဲခူးရိုးမတောင်ခြေနဲ့ သိပ်မဝေးလှတဲ့နေရာမှာ တည်ရှိပါသည်။ အိမ်ခြေ၁၅၀ကျော်ရှိပြီး အများစုမှာလယ်ယာလုပ်ငန်းကိုလုပ်ကိုင်ပြီး အခြားလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြပါတယ်။ မိုးရာသီတွင်စပါးကိုစိုက်ပျိုးပြီး နွေရာသီတွင် မတ်ပဲကိုအများဆုံးစိုက်ပျိုးကြပါတယ်။ လျှပ်စစ်မီးလဲရရှိပြီး လမ်းပန်းဆက်သွယ်ရေးလည်း အလွန်ကောင်းပါတယ်။ ဆက်သွယ်ရေးအနေဖြင့် MPT။ အော်ရီဒူး။ တယ်လီနောလိုင်းများလည်းကောင်းမွန်စွာမိပါတယ်။ ရွာ၏တည်နေပုံကတော့ အရှေ့အနောက်ရှည်မျှောမျှာပုံစံတည်ရှိပြီး မြို့ချောင်း<>စိန်ကန့်လန့်-မင်းလှကားလမ်းနဲ့ မလှမ်းမကမ်းမှာတည်ရှိပြီး ကားလမ်းမှ ရွာထဲသို့ဝင်နိုင်သည့် ဂဝံကျောက်ခင်းထားသောလမ်းမှ လာရောက်နိုင်သည်။ ဘာသာတရားအလွန်ကိုင်းရှိုင်ပြီး ရွာဦးရွာထိပ်တွင် ဘုန်းကြီးကျောင်းတည်ရှိပြီး ကားလမ်းမှလှမ်းကြည့်လျှင် ရွှေရောင်တဝင်းဝင်းဖြင့် သပ္ပါယ်စွာတည်ရှိသောစေတီတော်ကိုဖူးမြော်နိုင်သည်။
[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
ဤ ပဲခူးတိုင်းဒေသကြီး တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |