စွန်းကောရှောင်

ဝီကီပီးဒီးယား မှ

စွန်းကောရှောင် (တရုတ်: 孙国祥 ၊ ၁၉၅၃ ဖေဖော်ဝါရီဘွား) သည် တရုပ်နိုင်ငံသား သံတမန်ဖြစ်ပြီး လက်ရှိတွင် အာရှရေးရာအထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းနေသည်။

ငယ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

၁၉၅၃ ခု၊ ဖေဖော်ဝါရီလတွင် ရှန်ဟိုင်းမြူနီစပါယ်တွင် မွေးသည်။ မိဘများမှာ ကျိကျန်းပြည်နယ် (浙江)၊ နင်ပိုမြို့ (宁波) မှ ဖြစ်၏။

၁၉၉၅ ဩဂုတ်လမှ ၁၉၉၆ ဇွန်လအထိ ဂျွန်ဟော့ပကင်းတက္ကသိုလ် ရှိ ပေါနစ်ဇယ်အဆင့်မြင့်နိုင်ငံတကာရေးရာကျောင်းမှ နိုင်ငံတကာရေးရာမူဝါဒနှင့်ကျင့်သုံးမှုအထူးပြုဘာသာ (International Studies Policy & Practice) ဖြင့် မဟာဘွဲ့ရသည်။

သက်မွေးလမ်းကြောင်း[ပြင်ဆင်ရန်]

၁၉၇၉ ခုတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာနတွင် အလုပ်ဝင်သည်။

၁၉၈၀ လာအိုနိုင်ငံရှိ တရုပ်သံရုံးတွင် တာဝန်ထမ်းသည်။

၁၉၈၃ ရုံးချုပ်သို့ ပြန်ရောက်လာသည်။

၁၉၈၄ အထွေထွေဦးစီးဌာန၏ အတွင်းဝန်ဖြစ်လာသည်။

၁၉၉၁ ကနေဒါနိုင်ငံရှိ တရုပ်သံရုံးတွင် ဒုတိယအတွင်းဝန်၊ နောက် အတွင်းဝန်ဖြစ်သည်။

၁၉၉၃ အာရှရေးရာဦးစီးဌာန အတွင်းဝန်၊ နောက် ဒုတိယညွှန်ကြားရေးမှူး ဖြစ်လာသည်။

၁၉၉၉ မတ်လ ၃ ရက်တွင် အာရှရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဖြစ်သည်။

၂၀၀၃ ခု၊ မတ်လတွင် မော်လဒိုက်နိုင်ငံနှင့်သီရိလင်္ကာနိုင်ငံတို့၏ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသည်။

၂၀၀၆ ခု၊ အောက်တိုဘာလ ၂၇ ရက်တွင် တူရကီနိုင်ငံ သံအမတ်ကြီးအဖြစ် ပြောင်းလဲတာဝန်ထမ်းသည်။ [၁]

၂၀၀၈ ခုတွင် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးအဖြစ် ရွှေ့ပြောင်းထမ်းရွက်သည်။ [၂]

၂၀၁၁ ခုတွင် ၂၀၁၁ နယူးယောက်ရှိ ကောင်စစ်ဝန်ကြီးရာထူးကို လက်ခံရသည်။ [၃]

၂၀၁၅ ခု၌ အာရှရေးရာအထူးကိုယ်စားလှယ် ဖြစ်လာသည်။

မြန်မာနိုင်ငံရေးရာနှင့်ပတ်သက်၍ လုပ်ဆောင်ချက်များ[ပြင်ဆင်ရန်]

အာရှရေးရာ အထူးကိုယ်စားလှယ်ဖြစ်လာသည်နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လာရောက်လေ့လာသည်။ အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်၎င်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်၎င်း သီးခြားစီ တွေ့ဆုံခဲ့သည်။ [၄]

၂၀၁၉ ခုတွင် ရခိုင်အရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့နှင့်ဆွေးနွေးရာတွင် တရုပ်နိုင်ငံမှ ဆောင်ရွက်ပေးနိုင်သည့် အကူအညီများကို သုံးသပ်နိုင်ရန် မြန်မာနိုင်ငံသို့ လာရောက်သည်။ [၅]

ယင်းနှစ်တွင်ပင် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ထိုးနိုင်ရန် တရုပ်နိုင်ငံနှင့် နီးစပ်သော မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ၊ အရှေ့ပိုင်းလက်နက်ကိုင်အဖွဲ့များထံ သွားရောက်၍ ဆွေးနွေးမှုများ ပြုခဲ့သည်။ [၆] အလှူငွေများလည်း ပေးသည်။ [၇] သို့သော် ယင်းအပြုအမူမှာ မြန်မာစစ်တပ်မှ ခေါင်းဆောင်များအနေဖြင့် သဘောတွေ့ဟန် မတူ။ [၈]

အာဏာသိမ်းသည်နောက် (၇) လအကြာ၊ ၂၀၂၁ ခု၊ စက်တင်ဘာလ ၁ ရက်တွင် ပထမဆုံးအကြိမ် တရားဝင်ကြေညာချက်မရှိဘဲ မြန်မာနိုင်ငံသို့ လာရောက်ကာ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံရှိ တရုပ်သံရုံးမှ သတင်းထုတ်ပြန်သည်။ [၉]

ကိုးကား[ပြင်ဆင်ရန်]

  1. "Biographical Note of H.E. Mr. Sun Guoxiang Archived 7 January 2018 at the Wayback Machine.". Embassy of the People's Republic of China in the Republic of Turkey. 2006-11-27.
  2. "The Ministry of Foreign Affairs of Vietnam honors Ambassador Sun Guoxiang on behalf of the President of the State Archived 25 June 2021 at the Wayback Machine.". The Embassy of the People's Republic of China in the Socialist Republic of Vietnam. 2011-07-20.
  3. 孙国祥总领事(大使衔)简历 Archived 9 May 2013 at the Wayback Machine.. 2013-05-09.
  4. "Special Envoy H.E. Mr. Sun Guoxiang Arrived at Myanmar to Observe the General Election Archived 23 June 2018 at the Wayback Machine.". Embassy of the People Republic of China in the Republic of the Union of Myanmar. 2015-11-03.
  5. "Special Envoy of Asian Affairs of the Ministry of Foreign Affairs Visits Myanmar and Bangladesh to Work on the Rakhine State Issue Archived 1 September 2021 at the Wayback Machine.". Ministry of Foreign Affairs of the People Republic of China. 2019-03-06.
  6. "Chinese Special Envoy meets armed ethnic groups Archived 1 September 2021 at the Wayback Machine.". Eleven Media Group. 2020-01-12.
  7. Li Xia. "China donates cash assistance for peace process in Myanmar Archived 8 March 2021 at the Wayback Machine.". Xinhua Net. 2019-11-06.
  8. "Myanmar's Generals Make a Show of Displeasure at China's Arming of Rebels Archived 31 August 2021 at the Wayback Machine.". Irrawaddy. 2019-11-26.
  9. "China special envoy wraps up unannounced Myanmar visit Archived 1 September 2021 at the Wayback Machine.". The Straits Times. 2021-09-01.