မာတိကာသို့ ခုန်သွားရန်

စမွှား

ဝီကီပီးဒီးယား မှ

ရူပဗေဒရှိ ကွမ်တမ် (ခေါ်) စမွှား (အင်္ဂလိပ်: quantum; plural = quanta) ဆိုသည်မှာ - ဒြပ်ထုသဘော ဖြစ်စေ၊ စွမ်းအင်သဘော ဖြစ်စေ၊ မည်သည့် တိုင်းဖွယ် (သဘောသတ္တိ) တမျိုးမျိုးအနေနှင့်မဆို သက်ရောက်မှုတခုခု၌ ပမာဏအသေးဆုံး အရင်းခံ အစအနမွှားအဖြစ် ပါဝင်နိုင်သော အခြင်းအရာ၊ ပမာဏကို ညွှန်းဆို၏။
သာဓကအားဖြင့် အရာဝတ္ထုတခုခုမှ စွမ်းအင် ဖြာထွက်ခြင်း ဆိုအံ့၊ ထိုဖြာထွက်စွမ်းအင် ဖြစ်သော လျှပ်စစ်သံလိုက်လှိုင်း အသေးစ အရင်းခံမွှား (စမွှား) ဖြစ်လတ်သော လှိုင်းစွမ်းအင် ပမာဏမှာ ၎င်းလှိုင်း၏ ကြိမ်နှုန်းနှင့် တိုကရိုက် အချိုးကျ၏။ တိုင်းဖွယ်အခြင်းအရာ တခုခုက ထိုသို့ စမွှားထင်းမှု (quantization) ဖြစ်နိုင်သည့် သဖွယ် ယူဆလျက် သင်္ချာဆီလျော်အောင် တွက်ခင်းကြည့်ခြင်းကို "စမွှားထင်းမှု သီအိုလျာ (the hypothesis of quantization)" ပြုခြင်းဟု ဆိုနိုင်၏။[၁] သဘောသတ္တိ(တိုင်းဖွယ်) တခုခုအဖို့ စမွှား တခုခု တည်ရှိဖြစ်ထင်းလျှင် ထိုစမွှားပမာဏပြည့်တို့ ပေါင်းစည်းထားမှု ပမာဏတို့၊ သင်္ချာစကားနှင့်လျှင် ၎င်းပမာဏကို အပြည့်ကိန်းတို့နှင့် မြှောက်ထားသည့် မြှောက်လဒ်တို့ အဖြစ်နှင့်သာ ၎င်းတိုင်းဖွယ်က ဖြစ်တည်နိုင်မည့် သဘော သက်ရောက်၏။
သာဓကအားဖြင့်၊ ဖှိုတွန် ဟူသည်မှာ အလင်း ကြိမ်နှုန်း တမျိုးမျိုး၏ ဆိုင်ရာ စမွှား ပမာဏကို ဆိုလိုခြင်း ဖြစ်၏။ အက်ဆမ့်ဗဟိုဆန်ဘေးနား ဝဲခိုတည်ရှိနေသာ အီလက်ထရွန် တခုခု၏ စွမ်းအင်ပမာဏမှာလည်း စမွှား-အထစ် ထင်းစွာ ရှိ၏၊[၂] ဥပမာအားဖြင့် ၅ ယူနစ် အဆင့် နှင့် ၁၀ ယူနစ် အဆင့်တို့ သဘာဝအလျောက် ရှိအံ့၊ ၄ယူနစ် သို့မဟုတ် ၇ ယူနစ်သော စွမ်းအင်နှင့် တည်ရှိနေမည် မဟုတ်ဘဲ ၅ နှင့် ၁၀ အနက်မှ တခု၌ ရွေးတည်ရှိနေမည်။ သို့ဖြင့် ၎င်း စွမ်းအင်အဆင့်တို့ အဆင်းအတက် ရှိအံ့၊ ၎င်းအီလက်ထြွန်မှ လွင့်စဉ်လာမည့် စွမ်းအင် ပမာဏမှာ ထို စမွှားအထစ်နှစ်ခု၏ ခြားနားပမာဏ ၅ ယူနစ် ဖြစ်မည်ကိုလည်း ခန့်မှန်းတွက်ချက်နိုင်၏။

အကိုးအကား[ပြင်ဆင်ရန်]

  1. Wiener, N. (1966). Differential Space, Quantum Systems, and Prediction. Cambridge, Massachusetts: The Massachusetts Institute of Technology Press
  2. Rovelli၊ Carlo (January 2017)။ Reality is not what it seems: the elementary structure of things။ ဘာသာပြန်သူ Carnell၊ Simon; Segre၊ Erica (1st American ed.)။ New York, New York: Riverhead Books။ pp. 109–130။ ISBN 978-0-7352-1392-0