ငှက်သူခိုး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ငှက်သူခိုးသည် မြေလူးငှက်တစ်မျိုး ဖြစ်သည်။ ပါဏဗေဒ အမည်မှာ 'မွန်တီကိုလာ ဆိုလီတာရီယပ် အက်ဖီနစ်' ဖြစ် သည်။ ဗိုလ်တဲ၊ မင်းတဲ အစရှိသော အဆောက်အအုံများ၏ ခေါင်မိုးပေါ်တွင် နားနေတတ်သဖြင့် ထိုငှက်ကို ဗိုလ်တဲငှက် ဟူ၍လည်း ခေါ်ကြသည်။

ငှက်သူခိုးသည် အလျား ၉ လက်မရှိသည်။ ငှက်မသည် ငှက်ဖိုထက်ပို၍ အရောင်အဆင်းညိုပြီးလျှင် မွဲခြောက်သည်။ ကိုယ်ကို တည့်မတ်စွာထား၍ အမြီးကို မှန်မှန်မြှောက်ချည် ချချည် လုပ်တတ်သည်။ ငှက်သူခိုး၏အသံသည် ဖားအော်သံ နှင့် တူသော်လည်း အလွန်တိမ်၍ ညင်သာသည်။ သစ်သီး၊ သစ်ဖု၊ ပိုးကောင်၊ မွှားကောင်၊ ဖား၊ ခရုတို့မှာ ငှက်သူခိုး၏ အစာ ဖြစ်သည်။

ငှက်သူခိုးသည် ကက်စပျန်ပင်လယ်မှ တိဗက်ပြည်နှင့် ဟိမဝန္တာတောင်တန်းများကို ဖြတ်၍ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ တို့အထိ အနှံ့အပြားနေသည်။ ဆောင်းရာသီ၌သာ မြန်မာနိုင်ငံ သို့ လာရောက်တတ်ရာ မြန်မာနိုင်ငံတွင် သားပေါက်ကြောင်း ခိုင်လုံစွာ မသိရချေ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)