မြေလူးငှက်

ဝီကီပီးဒီးယား မှ
Turdus feae
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Passeriformes
မျိုးရင်း: Turdidae
မျိုးစု: Turdus
မျိုးစိတ်:
T. feae
ဒွိနာမ
Turdus feae
(Salvadori, 1887)

မြေလူးငှက်မျိုးတွင် ပါဝင်သော ငှက်မျိုးပေါင်း မြောက်မြားစွာ ရှိ၍ ယင်းတို့အားလုံးသည် တာဒိဒီး (Turdidae) မျိုးရင်းတွင် ပါဝင်ကြသည်။ များသောအားဖြင့် မြေလူးငှက်ဟု သိမ်းကျုံးခေါ်ဝေါ်ကြသော်လည်း အမည်ထူးသော ငှက်အစားစားရှိကြသည်။ မြေလူးငှက်မျိုးမှန်မှာ တာဒိနီး မျိုးရင်းခွဲတွင် ပါဝင်၍ အခြားမြေလူးငှက်မျိုးနှင့်မတူဘဲ ကိုယ်လုံးကိုယ်ထည် အနည်းငယ်ကြီးသည်။ မြေလူးငှက်သည် ဆောင်းရာသီးတွင် အအုပ်အသင်းနှင့် နေကြသည်။ မြန်မာနိုင်ငံရှိ မြေလူးငှက်များသည် များသောအားဖြင့် တစ်နေရာတည်းတွင် အမြဲတမ်းမနေဘဲ ဒေသပြောင်းရွှေ့နေတတ်ကြသည်။ သစ်သီးနှင့် ပိုးမွှားများကို စားသောက်ကြသည်။ မြေလူးငှက်သည် မြေကြီးပေါ်၌သာ ကျက်စားလေ့ရှိ၏။ ခြေတံရှည်သောကြောင့် ခုန်ဆွခုန်ဆွနှင့် လျင်မြန်ဖျတ်လတ်စွာ သွားနိုင်ကြသည်။ မြေလူးငှက်များကို ကမ္ဘာအနှံ့အပြားတွင် တွေ့ရှိရကာ၊ အရွယ်အစားနှင့် အသွေးအရောင်မှာ အမျိုးမျိုးကွဲပြားကြသည်။ အလျား ၇ လက်မမှ ၁၁ လက်မအထိ အရွယ်အစားစား ဖြစ်၏။ အချို့သည် သာယာနာပျော်ဖွယ်ကောင်းအောင် လေချွန်တတ်၏။ အချို့သည် ချိုအေးသာယာစွာလည်း မြည်ကြွေးတတ်သည်။ မြေလူးငှက်မျိုးမှန်၏ အရောင်မှာ တရောင်တည်းဖြစ်သော်လည်း များသောအားဖြင့် ရင်အုပ်တွင် အပြောက်အစက်ကလေးများ ရှိသည်။ မြန်မာနိုင်ငံတွင် ထင်ရှား၍ လူသိများသော မြေလူးငှက်တစ်မျိုးမှာ ငှက်သူခိုးဖြစ်သည်။ ဗိုလ်တဲနှင့် အခြားအဆောက်အအုံများ၏ ခေါင်းမိုးတွင် နားလေ့ရှိသောကြောင့် ဗိုလ်တဲငှက်ဟုလည်း ခေါ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. BirdLife International (2013). "Turdus feae". IUCN Red List of Threatened Species 2013. IUCN. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)