မာတိကာသို့ ခုန်သွားရန်

ငှက်ရွှေဝါ

ဝီကီပီးဒီးယား မှ
ငှက်ရွှေဝါ / ငှက်ဝါ / ငှက်နနွင်းဝါ
(အင်္ဂလိပ်: Slender-billed Oriole)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Passeriformes
မျိုးရင်း: Oriolidae
မျိုးစု: Oriolus
မျိုးစိတ်:
O. tenuirostris
ဒွိနာမ
Oriolus tenuirostris
Blyth, 1846

ငှက်ဝါ ကို ငှက်နနွင်းဝါဟူ၍လည်းကောင်း၊ ငှက်ရွှေဝါဟူ၍လည်းကောင်း ခေါ်သေးသည်။ ပါဏဗေဒအမည်မှာ "အော်ရီအိုလပ် တင်နျူ ရော့စတြစ် အင်ဗီဆပ် (Oriolus tenuirostris invisus) " ဖြစ်သည်။ အလျား ၁ဝ ၁/၂ လက်မ ခန့်ရှိသည်။ တကိုယ်လုံးတွင် ရွှေဝါရောင် လွှမ်းနေသည်။ ငှက်မ၏ အမွှေးအတောင်များ၌ အစိမ်းရောင်ရှိသည်။ ငှက်ငယ် သည် ငှက်မများနှင့် များစွာ တူသည်။ သို့ရာတွင် ငှက်ငယ်၏ လည်ပင်းတွင် အမည်းရစ် မရှိချေ။

ငှက်ဝါသည် ခြောက်သွေ့သော တောင်ခြေရှိ တောထဲ၌၎င်း၊ တောင်ကုန်းပေါ်၌၎င်း တစ်ကောင်တည်းဖြစ်စေ၊ ဖိုမတွဲ၍ ဖြစ်စေနေတတ်သည်။ တောထဲတွင် အလေ့ကျပေါက်သော သဖန်းပင်များမှ သဖန်းသီးများကို စားသည်။ အဆင်းလှ သလောက် သာယာစွာလည်း မြည်ကြွေးတတ်သည်။ တစ်ခါ တစ်ရံ စူးရှစွာ အော်တတ်သည်။

ငှက်ဝါသည် မေလနှင့် ဇွန်လတို့တွင် သားပေါက်သည်။ အသိုက်မှာ ခွက်သဏ္ဌာန်ဖြစ်၍ မြင့်သောသစ်ကိုင်းများတွင် တွဲလျားကျလျက်ရှိသည်။ လေတိုက်သော်လည်း ရုတ်တရက် ပြုတ်မကျချေ။ အောက်မှနေ၍ ကြည့်သောအခါ မြက်ကို လုံးထွေးထားသကဲ့သို့ ထင်ရသည်။ တစ်မြုံလျှင် ၂ ဥမှ ၄ ဥအထိ ရှိသည်။ ဥအရောင်မှာ ပန်းရောင်အောက်ခံပေါ်တွင် အညိုပြောက်များ ရှိသည်။

ငှက်ဝါကို အရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြား တွေ့ရ သည်။ မြန်မာနိုင်ငံ၌ အရှေ့မြောက်ဘက် ဒေသများမှလွဲလျှင် အခြားနေရာများတွင် အမြင့်ပေ ၅ဝဝဝ အထိ နေထိုင်သည်။ မေမြို့နှင့် အပူပိုင်းဒေသများတွင် ငှက်ဝါကို အများအပြား တွေ့မြင်နိုင်သည်။[]

ငှက်ရွှေဝါ (Oriolus tenuirostris) ကို အရှေ့တောင်အာရှနှင့် ဟိမဝန္တာတောင်တန်း အရှေ့ပိုင်းတွင် တွေ့ရလေ့ရှိသည်။ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသစ်တောဦးစီးဌာနမှ ယင်းငှက်ကို မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]