ငှက်တော်

ဝီကီပီးဒီးယား မှ
Black drongo
Calls
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Passeriformes
မျိုးရင်း: Dicruridae
မျိုးစု: Dicrurus
မျိုးစိတ်:
D. macrocercus
ဒွိနာမ
Dicrurus macrocercus
(Vieillot, 1817)
မျိုးစိတ်ခွဲများ

D. m. macrocercus (Vieillot, 1817)[၂]
D. m. albirictus (Hodgson, 1836)[၃]
D. m. minor Blyth, 1850[၄]
D. m. cathoecus R. Swinhoe, 1871[၅]
D. m. thai Kloss, 1921[၆]
D. m. javanus Kloss, 1921[၆]
D. m. harterti Baker, 1918[၇]

Approximate range

     Breeding visitor     Present year-round     Winter visitor only

Synonyms

Buchanga atra
Bhuchanga albirictus[၈]

ငှက်တော် (Dicrurus macrocercus) သည် လင်းမြီးဆွဲငှက်နှင့်အတူ ဒိုင်ကရိုရီဒေးမျိုးရင်းတွင် ပါဝင်သည်။ ငှက်တော်မျိုး အများပင် ရှိသည်။ သတ္တဗေဒ(ပါဏဗေဒ‎) အမည်ဖြင့် ဒိုင်ကရုရပ်ပါရာဒီဆီယပ်ရန်ဂွန်နစ်ဆစ် ဟုခေါ်သော ငှက်တော်ကို ငှက်တော်မြီးတော်ရှည်ဟူ၍ သိကြသည်။ ကျီးကန်းလင်းမြီးဆွဲငှက်တို့ကဲ့သို့ သပိတ်ရောင်အဆင်းရှိသည်။ ကိုယ်အလျား ၁၄ လက်မရှိ၍ ရှည်လျားသော အမြီးခွသည် ၁၃ လက်မအထိ ထိုးထွက်နေသည်။ ဤငှက်တော်သည် အသံအမျိုးမျိုးပြု၍ အော်တတ်သည်။ အခြားငှက်များ၏ အသံကိုလည်း အတုခိုး၍ အော်တတ်သည်။ ထိုငှက်၏အော်သံကို တစ်နေ့လုံး အဝေးကပင် ကြားနိုင်သည်။ ၆ ကောင်ခန့် အသင်းအပင်းဖွဲ့၍ နားနေရာမှ မကြာခဏ ထပျံ၍ ပိုးမွှားများကို ထိုးသုတ်တတ်ကြသည်။ ထိုနောက် နားနေရာသို့ တစ်ဖန်ပြန်လာတတ်ကြသည်။ မတ်လမှ မေလအတွင်းတွင် ငှက်တော်ကလေးများ ပေါက်ကြသည်။ အသိုက်ကို ပင်မြင့်ပေါ်၌ လုပ်တတ်သည်။ တစ်မြုံလျှင် ၃ ဥမှ ၄ ဥ အထိရှိသည်။ မှာ ရှည်မျောမျော ခပ်ချွန်ချွန်ဖြစ်သည်။ ဥအရောင်မှာ အဖြူအောက်ခံပေါ်တွင် အနီ၊ အညို၊ ခရမ်းရောင်အပြောက်အစက်များ ရှိသည်။ ဤငှက်တော်မျိုးကို အရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြားတွေ့ရသည်။ မြန်မာနိုင်ငံ ပဲခူးရိုးမတောင်ရှိ ကျွန်းတောများတွင် အမြင်ရများသည်။ တောင်ခြေရှိ သစ်တောများတွင် နေလေ့ရှိသည်။ ပေ ၃ဝဝဝ ထက်မြင့်သော အရပ်ဒေသတွင် မနေကြချေ။[၉]

ကိုးကား[ပြင်ဆင်ရန်]

  1. BirdLife International (2016). Dicrurus macrocercus. The IUCN Red List of Threatened Species 2016. doi:10.2305/IUCN.UK.2016-3.RLTS.T22706961A94099367.en
  2. Vieillot၊ Louis Jean Pierre (1817)။ Nouveau Dictionnaire d'Histoire Naturelle Appliquée aux Arts9။ Chez Deterville။ p. 588။
  3. Hodgson, Brian Houghton (1836). "On some new species of the Edolian and Ceblepyrine subfamilies of the Laniidae of Nepal". The India Review and Journal of Foreign Science and the Arts 1 (8): 324–329. 
  4. Blyth, Edward (1850). "Remarks on the modes of variation of nearly affined species or races of Birds, chiefly inhabitants of India". The Journal of the Asiatic Society of Bengal 19: 221–239. 
  5. Swinhoe, Robert (1871). "A revised catalogue of the birds of China and its islands, with descriptions of new species, references to former notes, and occasional remarks". Proceedings of the Zoological Society of London 2: 337–423. 
  6. ၆.၀ ၆.၁ Kloss, Cecil Boden (1921). "New and known oriental birds". Journal of the Federated Malay States Museums 10 (2): 207–213. 
  7. Baker, Edward Charles Stuart (1918). "Some Notes on the Dicruridae". Novitates Zoologicae 25: 299. 
  8. Neave, Sheffield A., ed. (1939)။ Nomenclator Zoologicus; a List of the Names of Genera and Subgenera in Zoology from the Tenth Edition of Linnaeus, 1758, to the End of 1935 (with supplements). Volume 1။ Zoological Society of London, London။ p. 425။
  9. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)