ငါးကြင်း
| Mrigal carp | |
|---|---|
| From the Nandu River | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Actinopterygii |
| မျိုးစဉ်: | Cypriniformes |
| မျိုးရင်း: | Cyprinidae |
| မျိုးရင်းသေး: | Labeoninae |
| မျိုးစု: | Cirrhinus |
| မျိုးစိတ်: | C. cirrhosus |
| ဒွိနာမ | |
| Cirrhinus cirrhosus (Bloch, 1795) | |
| Synonyms | |
| |
ငါးကြင်းသည် ငါးသိုင်းမျိုးတွင် ပါဝင်သည်။ ပါဏဗေဒအရ'စာရီနားမရီဂါးလား'ဟု ခေါ်သည်။ ရေချိုနှင့် ရေငန်နှစ်ရပ်လုံးတွင် ကျက်စားနိုင်သည်။ ငါးကြင်း၏ အောက်မေးရိုးအလယ်၌ အဖုငယ်ရှိသည်။ နှုတ်ခမ်းကြားတွင် နှုတ်ခမ်းမွေးတိုတို တစ်စုံရှိသည်။ ကိုယ်လုံးမှာရှည်၍ အမြီးခွစောက်နက်သည်။ အကြေးခွံကြီး၍ အကွက်ပေါ်လွင်၏။ ငါးကြင်း၏ အရောင်သည် ငွေရောင်ခပ်မှိုင်းမှိုင်းဖြစ်ပြီး ကျောတွင် ကြေးနီရောင် သန်းနေသည်။ ဆူးတောင်ရောင်သည် အမဲအနည်းငယ် ရောစပ်နေသည့် လိမ္မော်ရောင် ဖြစ်သည်။ ဖေဖော်ဝါရီလ၊ မတ်လတို့တွင် ငါးကျည်း၊ ငါးမြစ်ချင်းတို့နှင့်အတူ မြစ်ကိုဆန်တက် သွားကြ၍ ဇူလိုင်လ၊ ဩဂုတ်လတို့တွင် သားပေါက်များနှင့်အတူ အောက်ပိုင်းမြေပြင်များသို့ ဆင်းလာလေ့ရှိကြသည်။ ငါးကြင်းသည် အဆီများသော ငါးဖြစ်၏။ ကိုယ်အရှည် ၃ ပေအထိရှိ၏။[၂] အသားချို၍ နူးညံ့သဖြင့် တန်ဖိုးပေး၍ ဝယ်ယူစားသောက်ကြရ၏။ အကွင်းလိုက်လှီး၍ ချက်ကြော်စားသောက်လေ့ရှိသည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Rema Devi, K.R. (2011). "Cirrhinus cirrhosus". IUCN Red List of Threatened Species 2011. IUCN. doi:.
- ↑ မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၅၆)။ "ငါးကြင်း"။ မြန်မာ့စွယ်စုံကျမ်း။ ၃ (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်း၊ အင်္ဂလန်။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း။
- ↑ လှသမိန် (ဧပြီ ၁၉၇၈)။ "ငါးကြင်း" (pdf)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
| ဤ ငါးနှင့်ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |