ငါးသိုင်း

ဝီကီပီးဒီးယား မှ
Labeo catla
Young catla
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Cypriniformes
မျိုးရင်း: Cyprinidae
မျိုးရင်းသေး: Labeoninae
မျိုးစု: Labeo
မျိုးစိတ်:
L. catla
ဒွိနာမ
Labeo catla
(F. Hamilton, 1822)
Synonyms
  • Cyprinus catla Hamilton, 1822
  • Catla catla (Hamilton, 1822)
  • Leuciscus catla (Hamilton, 1822)
  • Cyprinus abramioides Sykes, 1839
  • Hypselobarbus abramioides (Sykes, 1839)
  • Catla buchanani Valenciennes, 1844
  • Gibelion catla(Hamilton 1822)

ငါးသိုင်းသည် အရိုးများသော်လည်း အရသာရှိသော ရေချို ငါးဖြစ်သည်။ ပါဏဗေဒအရ 'ကက်တလာ(Catla)' ဟု ခေါ်သည်။ ဦးခေါင်းအနည်းငယ်ကြီး၍ ကိုယ်လုံးမှာမူ အနည်းငယ် ပြားသည်။ အမြီးခွစောက်နက်သည်။ ပါးစပ်ပေါက်ကျယ်၍ အောက်မေးရိုး ထင်ရှားပေါ်လွင်သည်။ အောက်နှုတ်ခမ်းသည် အပြင်သို့ လန်ထွက်နေ၏။ အထက် နှုတ်ခမ်းမရှိ။ နှုတ်ခမ်းမွှေး လည်း မပါချေ။ ငါးသိုင်း၏အရောင်သည် ကျောပိုင်းတွင် မွဲပြာ ရောင် ဖြစ်ပြီး ဘေးဖက်တွင် ငွေရောင် ပေါက်နေ၏။ ဝမ်းဗိုက် ပိုင်းသည် ဖြူ၏။ ဆူးတောင်များသည် မည်းနက်၏။ ဝမ်းဗိုက် ပိုင်းမှအပ အခြားနေရာရှိအကြေးများတွင် အလယ်၌ ပန်းရောင်သော်လည်းကောင်း၊ ကြေးနီရောင်သော်လည်းကောင်း ပေါက်နေတတ်သည်။

ငါးသိုင်းသည် ကိုယ်အရှည် ၄ ပေခန့်အထိရှိ၍ အလေးချိန် ၂၂ ပိဿာခန့်အထိ စီးသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Tenzin, K. (2010). "Gibelion catla". IUCN Red List of Threatened Species 2010. IUCN. doi:10.2305/IUCN.UK.2010-4.RLTS.T166425A6206451.en. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)