မာတိကာသို့ ခုန်သွားရန်

တောကြီးမြွေဟောက်

ဝီကီပီးဒီးယား မှ
(ငန်းပုပ် မှ ပြန်ညွှန်းထားသည်)
တောကြီးမြွေဟောက်
ပါးပြင်ထောင်နေသော အရွယ်ရောက်ပြီး တောကြီးမြွေဟောက်တစ်ကောင်
CITES နောက်ဆက်တွဲ - ၂ (CITES)[]
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Reptilia
မျိုးစဉ်: Squamata
မျိုးစဉ်သေး: Serpentes
မျိုးရင်း: Elapidae
မျိုးရင်းသေး: Elapinae
မျိုးစု: Ophiophagus
Günther, 1864
မျိုးစိတ်:
O. hannah
ဒွိနာမ
Ophiophagus hannah
Cantor, 1836
  တောကြီးမြွေဟောက်များ နေထိုင်ကျက်စားရာ ဒေသများ
Synonyms

မျိုးစု-အဆင့်:

တောကြီးမြွေဟောက်သည် အဆိပ်ရှိမြွေတစ်မျိုးဖြစ်ပြီး Elapidae မြွေမျိုးရင်းဝင် မျိုးစိတ်တစ်မျိုးဖြစ်ကာ ပါဏဗေဒအလိုအရ အော့ဖီအီရိုဖာဂတ် ဟန်နာ (Ophiophagus hannah) ဟုအမည်ရသည်။ မြန်မာနိုင်ငံ၏ အချို့သောဒေသများတွင် ငန်းပုပ် 'ငန်းသံကွင်းစွပ်' ဟူ၍လည်းခေါ်ဆိုသုံးနှုန်းလေ့ရှိသည်။တောကြီးမြွေဟောက် မျိုးစိတ်သည် တောင်အာရှ နှင့် အရှေ့တောင်အာရှဒေသများ၏ ဒေသရင်းဇာတိမျိုးစိတ်လည်းဖြစ်သည်။ ၎င်းမျိုးစိတ်သည် Ophiophagus မျိုးစု၏ တစ်ဦးတည်းသော မျိုးစိတ်ဖြစ်ပြီး ၎င်းတို့၏ သိသာထင်ရှားသော အရွယ်အစားနှင့် လည်ပင်းတွင်ရှိသော အရေးအကြောင်းပုံစံများကိုကြည့်၍ အခြားသောမြွေဟောက်များနှင့် ခွဲခြားသိရှိနိုင်လေသည်။ တောကြီးမြွေဟောက်သည် ကမ္ဘာ့ပေါ်တွင်ရှိသော အဆိပ်ရှိမြွေများအနက် အရှည်ဆုံး ခန္ဓာကိုယ်ရှိသော မြွေဖြစ်ပြီး ပျမ်းမျှအားဖြင့် ၁၀.၄ မှ ၁၃.၁ ပေ (၃.၂ မှ ၄.၀ မီတာ)[] အရှည်ရှိပြီး မှတ်တမ်းတင်ထားသည့် အရှည်ဆုံးသော တောကြီးမြွေဟောက်၏ အရွယ်အစားမှာ ၁၉.၂ ပေ (၅.၉ မီတာ) ရှိကြောင်းသိရ၏။[] တောကြီးမြွေဟောက်များသည် ၎င်း၏မျိုးစိတ်များ အပါအဝင် အခြားသောမြွေများအား အစာအလို့ငှါ အဓိက အမဲလိုက်စားသုံးသော သားရဲတိရစ္ဆာန်ဖြစ်သည်။ အခြားမြွေများနှင့်မတူဘဲ ၎င်းတို့သည် ကြွက် နှင့် အိမ်မြှောင် ကဲ့သို့ အခြားသော ကျောရိုးရှိသတ္တဝါများကို အမဲလိုက်ခြင်းမှာ တွေ့ရခဲလေသည်။

မြွေဆိပ်

[ပြင်ဆင်ရန်]

တောကြီးမြွေဟောက်၏အဆိပ်တွင် alpha-neurotoxins နှင့် လက်သုံးချောင်းအဆိပ်များ အပါအဝင် cytotoxins နှင့် neurotoxins များပါဝင်သည်။[][][][] နှလုံးအဆိပ်သင့်ခြင်းဖြစ်စေတတ်သည့် အခြားသော ပါဝင်ပစ္စည်းများလည်းပါရှိသည်။[]

အဆိပ်များသည် သားကောင်၏ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေပြီး ပြင်းထန်စွာနာကျင်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ မူးဝေခြင်း၊ အိပ်ငိုက်ခြင်း ဝေဒနာများ ခံစားရပြီး နောက်ဆုံးတွင် အကြောသေခြင်းအထိဖြစ်စေနိုင်သည်။ အဆိပ်ပြင်းထန်ပါက နှလုံးသွေးကြောများ ပျက်စီးကာ ဦးနှောက်သေရောဂါရသည်အထိ ဖြစ်နိုင်လေ၏။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုများကြောင့် အချိန်တိုအတွင်း သေဆုံးသွားနိုင်သည်။ သုတေသနပြုထားချက်များအရ မြွေဆိပ်သင့်သူသည် မိနစ် ၃၀ အတွင်း သေဆုံးနိုင်သည်ဟုလည်းသိရသည်။[]

ခြိမ်းခြောက်ခံနေရမှုများ

[ပြင်ဆင်ရန်]

အရှေ့တောင်အာရှဒေသများ၏ သစ်တောပြုန်းတီးမှု နှင့် စိုက်ပျိုးမြေချဲ့ထွင်မှုများကြောင့် တောကြီးမြွေဟောက်များ၏ ရှင်သန်နေထိုင်ရာ အရပ်ဒေသများဆုံးရှုံးရန် အဓိကခြိမ်းခြောက်ခံနေရပါသည်။ ထို့ပြင် တရုတ်ရိုးရာ တိုင်းရင်းဆေးဝါးများ ဖော်စပ်ရာတွင် အသုံးပြုရန်အလို့ငှါ တရားမဝင်ဖမ်းဆီးခံနေရမှုများနှင့်လည်း တွေ့ကြုံနေရလေသည်။

ထိန်းသိမ်းစောက်ရှောက်ရေး

[ပြင်ဆင်ရန်]

တောကြီးမြွေဟောက်သည် CITES ၏ နောက်ဆက်တွဲ ၂ တွင် ထည့်သွင်းဖော်ပြထားသော တိရစ္ဆာန်ဖြစ်သည်။ ၎င်းတို့အား တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဥပဒေဖြင့်ပြဋ္ဌာန်းကာကွယ်ထားသည်။ အိန္ဒိယနိုင်ငံတွင်လည်း ၎င်းကို ၁၉၇၂ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေ၏ နောက်ဆက်တွဲဇယား -၂ အောက်တွင် ထည့်သွင်းထားပြီး သတ်ဖြတ်ပါက ထောင်ဒဏ် ခြောက်နှစ်အထိ ချမှတ်နိုင်သည်ဟု သိရသည်။[၁၀]

ဓာတ်ပုံများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ Stuart, B. (2012). "Ophiophagus hannah". IUCN Red List of Threatened Species 2012. IUCN. doi:10.2305/IUCN.UK.2012-1.RLTS.T177540A1491874.en. 
  2. ၂.၀ ၂.၁ Mehrtens၊ J. (1987)။ "King Cobra, Hamadryad (Ophiophagus hannah)"။ Living Snakes of the World။ New York: Sterling။ p. 263–။ ISBN 0-8069-6461-8
  3. ၃.၀ ၃.၁ Chanhome, L. (2011). "Characterization of venomous snakes of Thailand". Asian Biomedicine 5 (3): 311–328. 
  4. ၄.၀ ၄.၁ Chang, L.-S. (2002). "Purification and characterization of a neurotoxin from the venom of Ophiophagus hannah (king cobra)". Biochemical and Biophysical Research Communications 294 (3): 574–578. doi:10.1016/S0006-291X(02)00518-1. PMID 12056805. 
  5. ၅.၀ ၅.၁ He, Y. Y. (2004). "Cloning and purification of alpha-neurotoxins from king cobra (Ophiophagus hannah)". Toxicon 44 (3): 295–303. doi:10.1016/j.toxicon.2004.06.003. PMID 15302536. 
  6. ၆.၀ ၆.၁ Li, J. (2006). "Novel genes encoding six kinds of three-finger toxins in Ophiophagus hannah (king cobra) and function characterization of two recombinant long-chain neurotoxins". Biochemical Journal 398 (2): 233–342. doi:10.1042/BJ20060004. PMID 16689684. 
  7. ၇.၀ ၇.၁ Roy (2010). "Structural and Functional Characterization of a Novel Homodimeric Three-finger Neurotoxin from the Venom of Ophiophagus hannah (King Cobra)". The Journal of Biological Chemistry 285 (11): 8302–8315. doi:10.1074/jbc.M109.074161. PMID 20071329. 
  8. ၈.၀ ၈.၁ Rajagopalan, N. (2007). "β-Cardiotoxin: A new three-finger toxin from Ophiophagus hannah (King Cobra) venom with beta-blocker activity". The FASEB Journal 21 (13): 3685–3695. doi:10.1096/fj.07-8658com. PMID 17616557. 
  9. ၉.၀ ၉.၁ Tin-Myint (1991). "Bites by the king cobra (Ophiophagus hannah) in Myanmar: Successful treatment of severe neurotoxic envenoming". The Quarterly Journal of Medicine 80 (293): 751–762. doi:10.1093/oxfordjournals.qjmed.a068624. PMID 1754675. 
  10. ၁၀.၀ ၁၀.၁ Sivakumar, B.။ "King cobra under threat, put on red list"၊ 2012။ 3 February 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 1 February 2013။