ငန်းစောင်း
| ငန်းစောင်း
ငန်းစောင်းကို ID နည်းဖြင့် ဤသို့ ခွဲခြားသိရှိနိုင်သည်။ (၁) မျက်လုံးဘေးနားကနေ radiation လို ဖြာထွက်သွားသည့် အစင်း သုံးကြောင်းရှိပြီး တတိယအစင်းကြောင်းသည် ခေါင်းပေါ်က ကန့်လန့်ဖြတ်အမည်းစင်းကို သွားဆက်နေတတ်သည်။ (၂)လည်ပင်းနားကနေ ခန္ဓာကိုယ်တဝက်အထိ ပါသည့် အမည်းစင်းများရှိသည်။ (၃)အမြီးပိုင်းသည် ဘာအဆင်မှ မပါဘဲ ပြောင်ဖြစ်နေတတ်သည်။ (၄) ပါးပျဉ်းထောင်တတ်ပြီး ပါးပျဉ်းက မြွေဟောက်တွေလို မဟုတ်ဘဲ ဘေးတစောင်းပြားပြားထောင်တတ်သည်။
ငန်းစောင်းသည် မြန်မာပြည်မှာ အထင်အမြင်လွဲခံရဆုံး မြွေတစ်ကောင်ဖြစ်သည်။ အမည်တွင် "ငန်း"ဟု ပါသည်နှင့်ပင် အများစုက ငန်းမြွေဆို အကုန်အဆိပ်ပြင်းကြသည်ဟု ထင်မှတ်ကြသည်။ ထို့ကြောင့် ညနေစောင်း ၊ တောင်စောင်း ၊သျှောင်စောင်း ၊ စောင်း ၃ စောင်းနှင့် ညီလျင် ဆေးမမှီဟူ၍ မှယွင်းစွာ ဆိုစမှတ်ပြုကြခြင်း ခံရသည် မြွေဖြစ်သည်။ အမှန်တကယ်လက်တွေ့တွင် ငန်းမြွေသည် အဆိပ်မရှိသည့် မြွေဖြစ်သည်။ မည့်သည့်အချိန်အကိုက်ခံရသည်ဖြစ်စေ အဆိပ်မရှိပါ။ ငန်းစောင်းသည် သူ့ကို အန္တရာယ်ပြုသည်ဟု ကြုံရသည့်အခါ တုံ့ပြန်ခုခံပုံက စွာသည်။ သူမနိုင်မှန်းသည့်အခါ သေချင်ယောင်ဆောင်တတ်သည်။ ငန်းစောင်းမှာ အားပျော့တဲ့ မေးရိုးနဲ့ သွားသေးသေးလေးတွေပဲ ပါရှိပြီး အဆိပ်အစွယ်မပါချေ။ ကိုးကား(Wildlife of Myanmar) | |
|---|---|
| C. radiatus in threat display | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Reptilia |
| မျိုးစဉ်: | Squamata |
| မျိုးစဉ်သေး: | Serpentes |
| မျိုးရင်း: | Colubridae |
| မျိုးရင်းသေး: | Colubrinae |
| မျိုးစု: | Coelognathus |
| မျိုးစိတ်: | C. radiatus |
| ဒွိနာမ | |
| Coelognathus radiatus | |
| Synonyms | |
| |
စပမြွ
| ဤ မြွေ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
ကိုးကား
[ပြင်ဆင်ရန်]
- ↑ https://www.biolib.cz/en/taxon/id58575/ (Retrieved Feb. 18, 2010.)