မာတိကာသို့ ခုန်သွားရန်

ဂေါင်း ခါးပတ်

ဝီကီပီးဒီးယား မှ
The ρ Oph cloud complex is a star-forming region in the Gould Belt.

ဂေါင်း ခါးပတ် သည် နဂါးငွေ့တန်း ဂလက်ဆီရှိ ကြိုးကွင်းပုံစံ ကြယ်များ အစုအဝေး၏ အစိတ်အပိုင်းဖြစ်ပြီး အလင်းနှစ်ပေါင်း ၃၀၀၀ ခန့်ရှည်လျားသည်။ နေကဲ့သို့သော ကြယ်များပါဝင်သည့် ခရုပတ်ပုံစံ လက်မောင်းတွင် ပါဝင်သည်။ ယခုလက်ရှိ နေသည် ယင်းလက်မောင်း၏ဗဟိုနှင့် အလင်းနှစ် ၃၂၅ ကွာဝေးသည်။ ခါးပတ်အား လွန်ခဲ့သောနှစ်ပေါင်း ၃၀ မှ ၅၀ မီလီယံကြားတွင် ဖွဲ့တည်ခဲ့သည်ဟု ယူဆထားပြီး မူလဇာတ်မြစ်ကိုမူ မသိရပေ။ ဂေါင်း ခါးပတ်အား ၁၈၇၉ ခုနှစ်တွင် ရှာဖွေတွေ့ရှိသူ Benjamin Gould အားအစွဲပြု၍ မှည့်ခေါ်ခြင်းဖြစ်သည်။ [][][] ခါးပတ်သည် များစွာသော ကြယ်စုတန်းရှိ တောက်ပသော ကြယ်များ ပါဝင်သည်။ ယင်းကြယ်စုတန်းများမှာ အိုရိုင်ယွန်၊ စီဖျူး၊ လာစာသာ၊ ပါဆီးယပ်၊ ကရိနာ၊ စင်တောရပ်၊ ဗီလာ စသည်တို့ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် အကြံပေးသာ အဆိုအရ ဂေါင်း ခါးပတ်သည် နှစ်ပါင်း ၃၀ မီလီယံအကြာက ဖွဲ့တည်ခဲ့သည်ဟုဆိုသည်။ အခြားသော ဂလက်ဆီများ၌လည်း ယင်းကဲ့သို့သော ဂေါင်း ခါးပတ်များရှိသည်ဆိုသော သက်သေများလည်း တွေ့ရသည်။[][]

ကိုးကား

[ပြင်ဆင်ရန်]
  1. Sir Patrick Moore, ed. (2002) [1987]။ Astronomy Encyclopædia (Revised ed.)။ Great Britain: Philip's။ p. 164
  2. The Gould Belt The GAIA Study Report 2006-07-18 တွင် ပြန်စစ်ပြီး။
  3. Gould Belt The Encyclopedia of Astrobiology Astronomy and Spaceflight 2006-07-18 တွင် ပြန်စစ်ပြီး။
  4. "Orion's dark secret: Violence shaped the night sky", New Scientist, 21 Nov. 2009, pp. 42–5.
  5. Bekki, Kenji (2009). "Dark impact and galactic star formation: origin of the Gould belt". Monthly Notices of the Royal Astronomical Society: Letters 398 (1): L36–L40. doi:10.1111/j.1745-3933.2009.00702.x. Bibcode: 2009MNRAS.398L..36B. 8 December 2012 ၌ at Archive.isတွင် မော်ကွန်းတင်ပြီး မော်ကွန်းတင်ပြီးမိတ္တူ 8 December 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 June 2018 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]