ခွန်သန်းထွန်း
ခွန်သန်းထွန်း သည် ပအိုဝ်းတိုင်းရင်းသား တေးရေးနှင့် အဆိုတော် တစ်ဦး ဖြစ်သည်။ အဖ ဦးဘတင်နှင့် အမိ ဒေါ်လှမင်းတို့မှ ဟိုပုံးမြို့တွင် ဖွားမြင်သည်။ သူနှင့် ခေတ်ပြိုင် ဂီတသမား များမှာ စိုင်းထီးဆိုင်၊ အဉ္စလီမောင်မောင်၊ ခိုင်ထူး၊ စိုင်းဆိုင်မော်ဝ်၊ ခင်မောင်တိုး၊ ခင်ဝမ်း တို့ဖြစ်သည်။[၁]
ငယ်ဘဝ
[ပြင်ဆင်ရန်]အထက်တန်း ကျောင်းသားဘဝ လွိုင်လင်မြို့တွင် တစ်လှည့်၊ တောင်ကြီးမြို့သို့ တစ်ခါကျောင်းနေခဲ့သည်။
၁၉၇၃-၇၄ ခုနှစ်တွင် မန္တလေးမြို့ ပန်းချီ ပန်းပုကျောင်းတွင် ပန်းချီ ပညာများကို တက်ရောက် သင်ကြားခဲ့သည်။
အနုပညာ လုပ်ကိုင်ခြင်း
[ပြင်ဆင်ရန်]၁၉၆၈ ခု နှစ်၊ ထင်းရှူးမြိုင် Band ဖွဲ့စည်း ပြီးချိန်တွင် သူမရောက်သေး။ သို့သော် လူငယ်ကျောင်းသား ဘဝ၊ သီချင်းများရသမျှ သူသီ ဆိုနေခဲ့ပြီဖြစ်သည်။ သီချင်း လေးတွေ စမ်းရေးနေပြီ။ ကဗျာစာပေတွေ ချစ်တတ် နေပြီ။ ထိုစဉ်က လူငယ်ပီပီ သီချင်းတွေ အသစ်တွေ ဖန်တီးဖို့၊ သူ့တက်လမ်းကို သူစတင်ရှာဖွေနေပြီ။ တောင် ကြီးက ကွယ်လွန်သူနှစ်ဦး ဖြစ် သော ခွန်အုန်းမောင် (အမေ့ ရုပ်ရည်) နှင့် ခရေဖူး Band မှ ရွှေကျော်တို့နှင့်လည်း သူက ခင် မင်ရင်းနှီးမှုရှိသည်။
ခွန်သန်းထွန်း တစ်ယောက် ပန်းချီ တဖက်က ရေးဆွဲရင်း၊ တဖက်က သီချင်းတွေ ရေးစပ်နေပြီဖြစ်သည်။ သူငယ်စဉ်က သင်ဆရာ၊ မြင်ဆရာထဲမှ ဂစ်တာကို ပထမဦးဆုံး သင်ကြား ပြသပေးခဲ့သူမှာ ဆရာကြီး ဦးလပွန်တာဖြစ်သည်။ ဆရာမှာ ချင်းအမျိုးသားကြီးဖြစ်ပြီး၊ သူ့ကို ဂစ်တာ အခြေခံမှစ၍ စနစ်တကျသင် ကြားပြသ ပေးခဲ့သူဖြစ်သည်။ သူကလည်း စိတ်ရှည်သည်။ ဂစ်တာတီးကွက်တွေကို မရ ရအောင် နေ့စဉ်သင်ကြားမှုပြုခဲ့ သည်။ ဂစ်တာလိုပင် တခြား သူနှစ်သက်တီးခတ် တတ်သော Instrument ပစ္စည်းများမှာ မယ်ဒလင်နှင့် တယော တို့ဖြစ်သည်။ ၃၊ ၄ နှစ် မနားတမ်းကြိုးပမ်းခဲ့ပြီး၊ ၁၉၈ဝ ခုနှစ်တွင် မောင့်အချစ်ဆုံးမုန်းသူ အ မည်ရှိ ပထမဦးဆုံး အခွေသစ် (ဒို့ရှမ်းလေး တေးသံသွင်း)ဖြင့် တပြည်လုံး ထုတ်ဝေ ဖြန့်ချိခဲ့ရာမှ အောင်မြင်မှုတွေရရှိလာ ခဲ့သည်။
၁၉၉၄ ခုနှစ်ကာလတွင် ခွန်သန်းထွန်း တစ်ယောက် ဆယ်နှစ်ကျော်လောက် ရန်ကုန်ဘက် ဆင်းလိုက်၊ ရှမ်းမြေ ပြန် တက်လိုက်နှင့် ဂီတလောကထဲ ကျင် လည်ကျက်စားနေခဲ့သည်။ အခွေပေါင်း ၆ ခွေခန့် ထုတ်ဝေပြီး ဖြစ်သည်။ ကိုယ်ပိုင်သံစဉ်ဖြင့် ရေးဖွဲ့သော သီချင်းများတွင် ငယ်စဉ်ဘဝချစ်ခြင်းတရား၊ မြူးကြွသော အချစ်တေးများစွာပါသလို ကရုဏာ သံစဉ်ဖြင့် သံဝေဂတေး၊ ဓမ္မ တေးဆန်ဆန် သီချင်းပေါင်းများစွာ ပါဝင်နေသည်။ အလွမ်းသံစဉ်တွေလည်း သူ နှစ်ခြိုက်မှုရှိ သည်။
ထင်ရှားသော လက်ရာများ
[ပြင်ဆင်ရန်]ရွှေစွန်ညိုပါ အထွေးရယ်၊ ချယ်ရီရယ် တောင်ပြာရယ် နန်းရယ်၊ မောင့်အချစ်ဆုံး မုန်းသူ၊ ဝါကျွတ်ပြီ အချစ်ရေ၊ ဖိတ်ခေါ်သံ၊ နွေဆိုး၊ မြတ် သောအရှုံးမှ ရသောအသိ၊ လာလှည့် တော့နွေ၊ အကျည်းတန်သည် ဝဋ်ကြွေး၊ ကြွေနေသော မျက်ရည်များ၊ ဝေဒနာ အလင်းရှင်၊ အလာနှောင်းတဲ့ စိုင်း၊ မြားနတ်မောင်သို့၊ ဘီးကလေး၊ ရောက် တုန်းရောက်ခိုက်၊ သည်းဦး၊ အရူးစကား အမူးကြားတော့၊ မသဲဖြူ၊ ငါတို့ပြန်မှ ရွာပါမိုး၊ အကဲ့ရဲ့ခံ အုံ့ပုန်း၊ ဝေးခဲ့ရပေ မယ့်၊ မငိုသာ အရှိုက်ခက်၊ သဖန်းတော လူမိုက်၊ တစ်လှေတည်းစီး၊ အပြန်လမ်း ရဲ့ လွမ်းမျက်ရည်၊ ဘဝမွန်းမတိမ်းမီ၊ ကျောင်းတော်သားလွိုင်လင်မြို့၊ ပေး ဆပ်လျက်ပါ၊ လာလမ်းနောက် လှည့်၊ အရှုံးက မောင်ပါ၊ အလိုက် အထိုက်နဲ့ပဲ၊ မိနွေနှင့် နွေသီတာ စသော သီချင်းပေါင်း များစွာ လူကြိုက်များခဲ့သည်။ ထို့ပြင် ခွန်သန်းထွန်း ရေးဖြစ် ထုတ်ဖြစ်ပြီး သီချင်းပေါင်း ပုဒ်ရေ ၁၅ဝ ကျော်ကျော် ရေး စပ်ခဲ့သူဖြစ်သည်။ တေးပေါင်း များစွာ တက္ကသိုလ် တေးသံသွင်း၊ ဒို့ရှမ်းလေး တေးသံသွင်း၊ တောင်ကြီး ဖြန့်ချိရေးမှာ ရွှေအင်း လေးတေးသံသွင်းဖြစ်ပြီး၊ မန္တလေးဖြန့်ချိ ရေးမှာ လှိုင်း၊ မန်းသီရိနှင့် လပြည့်ဝန်း တေးသံသွင်းများဖြစ်ကြသည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]သီချင်းအခွေ ၆ ခွေ ထုတ်ခဲ့ပြီး၊ သီချင်းအပုဒ် ၁၅ဝ ခန့် ရေးသားခဲ့သည်။ ခွန်သန်းထွန်းသည် ဇနီး ဒေါ်မြင့်ရီ၊ သမီး မသန်းသန်းဝင်းနှင့် သား မောင်မျိုးမင်းတို့နှင့်အတူ တောင်ကြီးမြို့တွင် နေထိုင်ခဲ့ပါသည်
ဘဝနိဂုံး
အဆိုတော် ခွန်သန်းထွန်းသည် ၁. ၁၂. ၂၀၀၉ အသက် ၅၄နှစ် အရွယ်တွင် တောင်ကြီးမြို့၌ နှလုံးရာဂါဖြင့်ရုတ်တရက်ကွယ်လွန်ခဲ့ပါသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁၉၈၇ ခုနှစ် အောက်တိုဘာလ ခွန်သန်းထွန်း တေးပေါင်းချုပ် စာမျက်နှာ ၆၄
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလထုတ် အလင်္ကာဂီတဂျာနယ် စာမျက်နှာ ၅၃ မှ ၅၇ အထိပါ သစ်ထူးအောင် (တောင်ကြီး) ရေးသော "ဂီတမြို့ဟောင်း တူးဖော်ခြင်း (သို့မဟုတ်) ကိုယ်ပိုင်သံစဉ် သံဝေဂဓမ္မတေးသံတို့ဖြင့် အောင်မြင်လာခဲ့သူ ခွန်သန်းထွန်း" အကြောင်းဆောင်းပါး။