ခိုင်ထူး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ခိုင်ထူး
အမည်ရင်းဖိုးသာထူး
မွေးဖွား(၁၉၅၆-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၂၈)ဇန်နဝါရီ ၂၈၊ ၁၉၅၆
ကွယ်လွန်ဩဂုတ် ၉၊ ၂၀၁၇(၂၀၁၇-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၈"။-0၉) (အသက် ၆၁)
အလုပ်အကိုင်အဆိုတော်
တူရိယာဂစ်တာ

ခိုင်ထူး (၂၈ ဇန်နဝါရီ ၁၉၅၆ – ၉ ဩဂုတ် ၂၀၁၇) သည် မြန်မာနိုင်ငံသား အဆိုတော် တစ်ဦး ဖြစ်သည်။ တေးရေးဆရာ မောင်သစ်မင်းတေးမြုံငှက် အမည်ရှိသည့် တေးသီချင်းကို အဆိုတော် ခိုင်ထူးမှ သီဆိုခဲ့သည်။

ခိုင်ထူးကို ဖခင်ဦးသာထို (စီးပွားရေးတက္ကသိုလ် ပါမောက္ခငြိမ်း) နှင့် မိခင် ဒေါ်တင်မြင့်မြင့်တို့ မှ ၁၉၅၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း သုံးယောက်အနက် သားလတ် ဖြစ်သည်။

မိသားစု[ပြင်ဆင်ရန်]

ဦးခိုင်ထူးသည် ပထမဆုံး ဒေါက်တာမေကျော့ခိုင်နှင့် အိမ်ထောင်ကျခဲ့ပြီး ၈၈ အရေးအခင်းတွင် ဒေါက်တာမေကျော့ခိုင်သည် နိုင်ငံရေးလုပ်ခဲ့သည့်အတွက် ထိုင်းနယ်စပ်မှတဆင့် ထိုင်းနိုင်ငံတွင် နိုင်ငံရေးခိုလှုံခဲ့ရရာမှ ခိုင်ထူးနှင့်အလှမ်းကွာပြီး ကွဲကွာခဲ့ရသည်။ ယင်းနောက် ကချင်အမျိုးသမီး မီးဂိုင်နှင့် အိမ်ထောင်ပြုခဲ့ကာ ဂွမ်ဆန်လဖိုင် အမည်ရှိ သားတစ်ဦး မွေးဖွားခဲ့သည်။ ထို့နောက် ဒေါ်စောနွယ်နွယ်ထွန်းနှင့် ထပ်မံ အိမ်ထောင်ပြုခဲ့သည်။

၂၀၁၇ ခုနှစ် ဩဂုတ် ၉ ရက်နေ့တွင် အဆိုတော် ခိုင်ထူးသည် ပန်ကရိယကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၆၁) နှစ် ရှိပြီဖြစ်ပြီး ဇနီးသည်၊ သား တစ်ဦး နဲ့ သမီး ဖြစ်သူတို့ ကျန်ရစ်သည်။[၁][၂]

သီဆိုခဲ့​သောစီးရီး​ခွေများ[ပြင်ဆင်ရန်]

  1. တေးမြုံငှက် (၁၉၇၉)
  2. အဉ္စလီ (၁၉၈၀)
  3. သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ် (၁၉၈၀)
  4. မိုးရဲရင် ဆောင်းရဲရမယ် (၁၉၈၁)
  5. ဆို (၁၉၈၂)
  6. မကျေနပ်ဘူး၊ သိလား (၁၉၈၃)
  7. မကောင်းလည်းကိုယ် ကောင်းလည်းကိုယ် (၁၉၈၅)
  8. အစောဆုံးပြန်ခဲ့၊ နှင်းသက်သက်ဝေ (၁၉၈၇)
  9. ရွှေလည်တိုင် (၁၉၈၉)
  10. ထားရစ်ခက်နေခဲ့တော့မယ် (၁၉၉၀) (စိုးလွင်လွင် နှင့် တွဲဖက်၍)
  11. ၃၉ (၁၉၉၂)
  12. ကမ်းလက်သင့်ရာ (၁၉၉၄)
  13. တွဲဖက်ချွေး (၁၉၉၅)
  14. အမုန်းဆုပန်မယ့်လူသား (၁၉၉၆)
  15. ခိုင်ထူးရဲ့ ခိုင်ထူး - ၁ (၁၉၉၇)
  16. ခိုင်ထူးရဲ့ ခိုင်ထူး - ၂ (၁၉၉၈)
  17. ရသ (၁၉၉၈) (စိုင်းထီးဆိုင် နှင့် တွဲဖက်၍)

ကိုးကား[ပြင်ဆင်ရန်]