မာတိကာသို့ ခုန်သွားရန်

ခြိုးခြံထွက်မြောက် ကျင့်စဉ်စု

ဝီကီပီးဒီးယား မှ
ဂေါတမဗုဒ္ဓသည်လည်း အလယ်အလတ်လမ်းစဉ်ကို မတွေ့မူ ပြင်းထန်လှသော ခြိုးခြံကျင့်စဉ်မျိုးကိုပင် ကျင့်ခဲ့ဖူးသည်[၁] ဟု ဗုဒ္ဓဝါဒီများစွာ ရေးမှတ်ယုံကြည်ကြ၏။ ခရစ္စယာန်ဝါဒီ အာစီစီ ဖှရန်စီ့စ် (Francis of Assisi) နှင့် သူ့နောက်လိုက်များကလည်း ပြင်းထန်သည့် ခြိုးခြံကျင့်စင်များကို ကျင့်ကြံကာ၏။[၂]

ခြိုးခြံကျင့်ကြံမှု (သို့) ခြိုးခြံထွက်မြောက် ကျင့်စဉ်စု (သို့) ခြိုးခြံ ကျင့်စဉ်စု (အင်္ဂလိပ်: Asceticism) ဆိုသည်မှာ တွေ့ကြုံခံစားဖွယ် စည်းစိမ်တို့မှ ဖြတ်တောက်ခြိုးခြံက စိတ်ပိုင်းဆိုင်ရာ အနေအထားတခုခုကို ပန်းအတိုင်ထားကာ လေ့ကျင့်နေထိုင်သော ဘဝနေထိုင်မှု ပုံစံကို ညွှန်းသည်။[၃]

ခြိုးခြံကျင့်ကြံသူများမှာ လူ့ဘောင်မှ တွဲထွက်သည်လည်း ရှိသဲ့သို့၊ လူ့ဘောင်၌ ဆက်နေပြီး ဥစ္စာစီးပွားရေးနှင့် ဒြပ်သားစည်းစိမ်တို့မှ အထိုက်အလျောက် ခွါကျဉ်သော ရိုးစင်းခြိုးခြံသည့် နေထိုင်မှုပုံစံနှင့်၊ မိမိကိုးကွယ်ရာ ကိုးကွယ်ဘာသာရေးကို အာရုံပြု၍လည်းကောင်း စိတ်အခြေအနေတစ်ခုကို စူးစိုက်ရည်သန်၍လည်းကောင်း ဥပုသ်စောင့်ခြင်းလည်း ပြုတတ်ကြသည်။[၄] ဥပုသ်သီတင်း စောင့်သူက မိမိ၏ ကိုယ်တွင်းအသိစိတ်ကိုလည်း အဆုံးမဲ့သော လောကနှံ့ အသိစိတ်အရာနှင့် ချိတ်ဆက်ပေးနိုင်သည် ဟု ယူသော အယူအဆများလည်း ရှိတတ်သည်။[၅] အချို့လူမျာကလည်း မိမိစွဲနေသည့် အရက်ဆေးလိပ်မူးယစ်ဆေးဝါးဖျော်ဖြေရေးလိင်မှုကိစ္စ၊ အစားအစာ စသည်တို့မှ လွတ်မြောက်ပြတ်တောက်ရန်ငှာ ခြိုးခြံကျင့်စဉ်စုများကို ချဉ်းကပ်ကြသည်။[၆]

ဗုဒ္ဓဘာသာဂျိန်းဘာသာဟိန္ဒူဘာသာခရစ်ယာန်ဘာသာဂျူးဘာသာအစ္စလာမ်ဘာသာ စသည်တို့နှင့် မျက်မှောက်ခေတ်ပေါ် ကျင့်စဉ်များအတွင်းလည်း ဤ ခြိုးခြံကျင့်စဉ်များ (Asceticism) အထိုက်အလျောက် ပါဝင်နေတတ်ပုံလည်း သမိုင်းတလျှောက်၌ တွေ့ရနိုင်သည်။[၆]


အကိုးအကား[ပြင်ဆင်ရန်]

  1. Randall Collins (2000), The sociology of philosophies: a global theory of intellectual change, Harvard University Press, ISBN 978-0674001879, p. 204.
  2. William Cook (2008), Francis of Assisi: The Way of Poverty and Humility, Wipf and Stock Publishers, ISBN 978-1556357305, p. 46–47.
  3. Asceticism (in en)။ 9 January 2021 တွင် ပြန်စစ်ပြီး။
  4. Richard Finn (2009)။ Asceticism in the Graeco-Roman World။ Cambridge University Press။ pp. 94–97။ ISBN 978-1-139-48066-6
  5. Guruji Murugan Chillayah. (20 October 2012)။ Official Silambam Asia - Yoga Meditation (Dhyana Yoga)silambam.asia။ Silambam။ 31 May 2013 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ "IAFOR Journal of Ethics, Religion & Philosophy" (Autumn 2017). Asceticism: A Match Towards the Absolute 3 (2): 14.