ချွတ်ပြင် အစုအပြုံလိုက် သတ်ဖြတ်မှု

ဝီကီပီးဒီးယား မှ
ချွတ်ပြင် အစုအပြုံလိုက် သတ်ဖြတ်မှု
နေရာချွတ်ပြင်ရွာရသေ့တောင်မြို့နယ်ရခိုင်ပြည်နယ်
ကိုဩဒိနိတ်20°34′12″N 92°38′33″E / 20.5701°N 92.6426°E / 20.5701; 92.6426ကိုဩဒိနိတ်: 20°34′12″N 92°38′33″E / 20.5701°N 92.6426°E / 20.5701; 92.6426
ရက်စွဲ၂၆ ဩဂုတ် ၂၀၁၇ (UTC+6:30)
ပစ်မှတ်ရိုဟင်ဂျာ မူဆလင်များ
တိုက်ခိုက်မှု အမျိုးအစားအစုအပြုံလိုက် သတ်ဖြတ်မှု
လက်နက်များစက်သေနတ်များ၊ ဓားမများ
သေဆုံးသူဦးရေ၁၃၀[၁]–358[၂]
ပြစ်မှုကျူးလွန်သူများတပ်မတော် (ကြည်း) တမခ (၃၃)
ပတ်သက်ရိုဟင်ဂျာဆန့်ကျင်သူများ၊ အစ္စလာမ်မုန်းတီးရေးသမားများ

ချွတ်ပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် မြန်မာ တပ်မတော် (ကြည်း)နှင့် ဒေသခံရခိုင် လက်နက်ကိုင်များ၏ သတ်ဖြတ်မှုဖြစ်ပြီး ရခိုင်ပြည်နယ်ချွတ်ပြင်ကျေးရွာတွင် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။ ထိုနေ့မှာပင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့က ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ရှိ လုံခြုံရေးတပ်ဖွဲ့များအား တိုက်ခိုက်ခဲ့သည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ က ထုတ်ပြန်သော အသက်ရှင်ကျန်ရစ်သူများထံမှ မုဒိမ်းမှု နှင့် သတ်ဖြတ်ခြင်းဆိုင်ရာ မှတ်တမ်းများကို အသေးစိတ်ဖော်ပြသည့် အစီရင်ခံစာကို ထုတ်ပြန်ပြီးနောက် ယင်းဖြစ်ရပ်သည် ထင်ရှားလာခဲ့သည်။[၃][၄]

နောက်ခံ[ပြင်ဆင်ရန်]

ရိုဟင်ဂျာလူမျိုးများသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အဓိကနေထိုင်ကြပြီး ကမ္ဘာပေါ်တွင် နှိပ်စက်ညှဉ်းပန်းမှုအရှိဆုံး လူနည်းစုများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသူများ ဖြစ်သည်။[၅][၆][၇] မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို နှိပ်စက်ညှဉ်းပန်းမှုသည် ၁၉၇၀ ဆယ်စုနှစ်ကတည်းက ဖြစ်သည်။[၈] ထိုအချိန်မှစ၍ ရိုဟင်ဂျာလူမျိုးများသည် အစိုးရနှင့် အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာဝင် များ၏ နှိပ်စက်ညှဉ်းပန်းမှုရာ ပစ်မှတ်အနေဖြင့် ဖြစ်လာခဲ့သည်။ နိုင်ငံတွင်းရှိ ဘာသာရေးအုပ်စုအမျိုးမျိုးကြား တင်းမာမှုများအပေါ် ယခင်စစ်အစိုးရများက မကြာခဏ အမြတ်ထုတ်လေ့ရှိသည်။ [၅] နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အဆိုအရ ရိုဟင်ဂျာများသည် လွန်ခဲ့သည့် ၁၉၇၈ ခုနှစ်က စစ်အာဏာရှင်များလက်ထက်ကတည်းက လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ်ကို ခံစားခဲ့ရပြီး ရလဒ်အနေဖြင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အများအပြားထွက်ပြေးခဲ့ကြသည်။[၉] ၂၀၀၅ ခုနှစ်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာများ နေရပ်ပြန်ရေးတွင် အကူအညီပေးခဲ့သော်လည်း ဒုက္ခသည်စခန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များသည် ယင်းကြိုးပမ်းမှုကို ခြိမ်းခြောက်ခဲ့သည်။[၁၀] ၂၀၁၂ ခုနှစ်တွင် လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် ၂၀၁၅ ခုနှစ်က ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာ ၁၄၀,၀၀၀ ခန့် ကျန်ရှိနေခဲ့သည်။[၁၁]

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) မှ လုံခြုံရေး တပ်ဖွဲ့ဝင် များအား အကြီးစား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာ အစိုးရမှ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကို ချွတ်ပြင်ရွာတွင် အပါအဝင် ပြုလုပ်ခဲ့သည်။[၁၂]

အစုအပြုံလိုက် သတ်ဖြတ်မှု[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် ARSA ၏ တိုက်ခိုက်မှုအပြီး တစ်ရက်အကြာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် ချွတ်ပြင်ရွာအား မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ရခိုင်လူမျိုးများက ဖျက်စီးခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်။[၁၃] ရွာမပျက်စီးမီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာအမျိုးသမီးများကို ခြိမ်းခြောက်အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခဲ့သလို ရိုဟင်ဂျာအမျိုးသားများကို ARSA သံသယရှိသူအဖြစ် သတ်ဖြတ်ခြင်း သို့မဟုတ် ဖမ်းဆီးခဲ့သည်။[၄] ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် သေဆုံးမှုအရေအတွက်မှာ ၁၃၀ ရှိကြောင်းအစီရင်ခံခဲ့သည်။ ၂၀၁၈ ခုနှစ် မေလတွင် ချွတ်ပြင်ရွာအတွင်း အကြမ်းဖက်မှုကြောင့် နောက်ဆုံးရရှိသည့် သေဆုံးမှုအရေအတွက်မှာ ၃၈၅ ဦး ဖြစ်သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများအရ ချွတ်ပြင်ရွာသည် လုံးဝမီးလောင်ကျွမ်းသွားကြောင်း တွေ့ရှိရသည်။[၁၃]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. "Women, children feared among scores dead in Myanmar village 'massacre'" (in en-AU)၊ ABC News၊ 1 September 2017။ 
  2. "‘We’ll Turn Your Village Into Soil’: Survivors Recount One of Myanmar’s Biggest Massacres"၊ Wall Street Journal၊ 11 May 2018။ 
  3. "Burma: Widespread Rape of Rohingya Women, Girls" (in en)၊ Human Rights Watch၊ 16 November 2017။ 
  4. ၄.၀ ၄.၁ "Burmese military "committed widespread rape" of fleeing Rohingya women" (in en)၊ VICE News၊ 15 November 2017။ 
  5. ၅.၀ ၅.၁ Kevin Ponniah (5 December 2016)။ Who will help Myanmar's Rohingya?BBC News
  6. Matt Broomfield။ "UN calls on Burma's Aung San Suu Kyi to halt 'ethnic cleansing' of Rohingya Muslims"၊ 10 December 2016။ 
  7. "New wave of destruction sees 1,250 houses destroyed in Myanmar's Rohingya villages"၊ 21 November 2016။ 
  8. "Rohingya Refugees Seek to Return Home to Myanmar"၊ 30 November 2016။ 
  9. Amnesty International (2004)။ Myanmar – The Rohingya Minority: Fundamental Rights Denied။ 13 December 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 February 2015 တွင် ပြန်စစ်ပြီး။
  10. UNHCR threatens to wind up Bangladesh operations။ New Age BDNEWS, Dhaka (21 May 2005)။ 25 April 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 April 2007 တွင် ပြန်စစ်ပြီး။
  11. Head၊ Jonathan။ "The unending plight of Burma's unwanted Rohingyas"၊ 1 July 2013။ 
  12. "Massacre at Tula Toli: Rohingya recall horror of Myanmar army attack"၊ The Guardian၊ 7 September 2017။ 
  13. ၁၃.၀ ၁၃.၁ Myanmar | Northern Rakhine State report။ ReliefWeb။ 19 July 2018 တွင် ပြန်စစ်ပြီး။