ခေါင်းတုံရွာ

ဝီကီပီးဒီးယား မှ

ခေါင်းတုံရွာ (အင်္ဂလိပ်: Khaung Ton) သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီးဂန့်ဂေါခရိုင်ဂန့်‌ဂေါမြို့နယ် ခေါင်းတုံကျေးရွာအုပ်စု ၌ တည်ရှိသော ရွာတစ်ရွာ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ခေါင်းတုံကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၁၈၇ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၉၃၀ ဦး နေထိုင်သည်။ ရွာနေရာကုတ်မှာ 189261 ဖြစ်သည်။

Map

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပထဝီဝင်[ပြင်ဆင်ရန်]

တည်နေရာအကျယ်အဝန်း[ပြင်ဆင်ရန်]

နယ်နိမိတ်[ပြင်ဆင်ရန်]

ခေါင်းတုံရွာ၏ အရှေ့ဘက်တွင် တဇန်းရွာ၊ တောင်ဘက်တွင် ညောင်လယ်ရွာ၊ အနောက်ဘက်တွင် စမိတ်ရွာ နှင့် တောင်လုံးရွာ ၊ မြောက်ဘက်တွင် မဲရွာ တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။ ခေါင်းတုံရွာ၏ မြောက်ဘက် ၁၈ မိုင်အကွာတွင် ဂန့်‌ဂေါမြို့ တည်ရှိသည်

ရာသီဥတု[ပြင်ဆင်ရန်]

ခေါင်းတုံရွာသည် ပူအိုက်စိုစွတ်သောရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ --- ဒီဂရီ စင်တီဂရိတ် ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ ---- ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ ပုံမှန်မိုးရေချိန်မှာ ---လက်မ ရှိသည်။

ရေဆင်း[ပြင်ဆင်ရန်]

ခေါင်းတုံရွာသည် ရေရှားပါးသော ဒေသတစ်ခုဖြစ်ပြီး ရေအရင်းအမြစ်တစ်ခုအနေနဲ့ ချောင်းမြင်းတိုင်တောင်ရိုးမှာတဆင့် ကွန်းခင်းမှဖြတ်စီးဆင်းသော ပုန်းချောင်း ရှိသည်။ ခေါင်းတုံရွာ အတွင်းရှိ ရေအရင်း အမြစ်အများစုမှာ ထုံးဓာတ်အများဆုံးပါဝင်ပြီး ရေချိုများဖြစ်၍ စိုက်ပျိုးရေနှင့် သောက်သုံးရေများအဖြစ် အသုံးပြုသည်။ သောက်သုံးရေအဖြစ် ခေါင်းတုံရွာတွင် သောက်သုံးရေတွင်း တစ်တွင်းသာရှိပြီး တစ်ရွာလုံး အသုံးပြုကြသည်။

လူနေထိုင်မှု[ပြင်ဆင်ရန်]

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် အစီရင်ခံစာ စာရင်းများအရ ခေါင်းတုံရွာတွင် လူဦးရေ ၉၃၀ ဦး နေထိုင်ကြပြီး အများစုမှာ ယောလူမျိုး များ ဖြစ်ကြသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ခေါင်းတုံရွာတွင် လယ်ယာလုပ်ငန်း ရွှေ့ပြောင်းတောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။ အဓိက ထွက်ကုန်မှာ စပါး၊ပဲ၊နှမ်း ဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

ခေါင်းတုံရွာတွင် အခြေခံပညာ အထက်တန်းကျောင်းခွဲ [အ.ထ.က (ခွဲ) ခေါင်းတုံ] ၁ ကျောင်းသာ ရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ခေါင်းတုံရွာတွင် ကျန်းမာရေး ဆေးပေးခန်းမရှိသေးပါ။

ကိုးကား[ပြင်ဆင်ရန်]


တမ်းပလိတ်:Gangaw-geo-stub