မာတိကာသို့ ခုန်သွားရန်

ခမိဂယောရပ်ကွက်၊ ကျိုတို

ဝီကီပီးဒီးယား မှ
ခမိဂယောရပ်ကွက်
上京区
ကျိုတိုမြို့ရှိ ရပ်ကွက်

Top: The Shishinden is a majestic building in the Kyoto Imperial Palace.
Bottom: An Exchange Corner at a kiosk in Demachi Shoutenkai featuring characters from Tamako Market.
Location of Kamigyō-ku in Kyoto
Location of Kamigyō-ku in Kyoto
ခမိဂယောရပ်ကွက် သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ခမိဂယောရပ်ကွက်
ခမိဂယောရပ်ကွက်
Location of Kamigyō-ku in Japan
ကိုဩဒိနိတ်: 35°1′47″N 135°45′24″E / 35.02972°N 135.75667°E / 35.02972; 135.75667ကိုဩဒိနိတ်: 35°1′47″N 135°45′24″E / 35.02972°N 135.75667°E / 35.02972; 135.75667
CountryJapan
PrefectureKyoto
CityKyoto
Founded1879
ဧရိယာ
 • စုစုပေါင်း၇.၀၃ စတုရန်းကီလိုမီတာ (၂.၇၁ စတုရန်းမိုင်)
အမြင့်ဆုံး နေရာ၇၇ မီတာ (၂၅၃ ပေ)
အနိမ့်ဆုံး နေရာ၄၆ မီတာ (၁၅၁ ပေ)
လူဦးရေ (October 1, 2020)
 • စုစုပေါင်း၈၃၈၃၂
 • သိပ်သည်းမှု၁၂၀၀၀/km (၃၁၀၀၀/sq mi)
အချိန်ဇုန်Japan Standard Time (UTC+9)
ဝက်ဘ်ဆိုဒ်city.kyoto.lg.jp/kamigyo/

ခမိဂယောရပ်ကွက် (上京区, かみぎょうく) သည် ဂျပန်နိုင်ငံ၊ ကျိုတိုစီရင်စု၊ ကျိုတိုမြို့ရှိ ရပ်ကွက်တစ်ခု ဖြစ်သည်။ ကျိုတိုမြို့တွင် ရပ်ကွက် (၁၁) ခု ရှိသည်။ ဂျပန်နိုင်ငံ၏ ရှေးဟောင်းမြို့တော်ဖြစ်သည့် “ဟဲအိအန်-ခယော” ခေတ်ကာလတုန်းက ဤရပ်ကွက်နယ်မြေသည် တော်ဝင်မျိုးနွယ်များ၊ မင်းစိုးမင်းနွယ်များနှင့် အထက်တန်းလွှာများ နေထိုင်ခဲ့ကြသည့်နေရာ ဖြစ်သည်။[၁] လက်ရှိအချိန်ကာလကျိုတိုမြို့၏ အလယ်ဗဟိုတွင် တည်ရှိသည့် ရပ်ကွက်လည်း ဖြစ်သည်။ ရှေးဟောင်းကျိုတိုမြို့အနေဖြင့် ကြည့်ပါက ဤရက်ကွက်သည် ထိုအချိန်က မြို့၏ မြောက်ဘက်အပိုင်းတွင် တည်ရှိခဲ့သည်။ ခမိုမြစ်သည် ရပ်ကွက်၏ အရှေ့ဘက်ပိုင်းကို ဖြတ်သန်းစီးဆင်းလျက်ရှိသည်။

ဤရပ်ကွက်တွင် ကျိုတိုအင်ပါယာနန်းတော်၊ ခိတနိုတန်းမဂုရှင်းတိုနတ်ကျောင်း၊ ဆဲမဲနတ်ကျောင်း၊ နိရှိဂျင်းအိုရိယက္ကန်းနှင့် ဂျပန်နိုင်ငံ၏ ရိုးရာလက်ဖက်ရည်သင်ကြားပြသရာကျောင်းများဖြစ်သည့် အိုမိုတဲဆန်းခဲနှင့် ရမဆန်းခဲတို့ တည်ရှိသည်။

၂၀၂၀ ခုနှစ်တွင် ခမိဂယောရပ်ကွက်၏ လူဦးရေသည် ၈၃,၈၃၂ ဦး ရှိသည်။

ဈေးဆိုင်တန်းတစ်ခုဖြစ်သည့် “မဆုဂတရှောတန်းဂိုင်” ကို ၂၀၁၃ ခုနှစ်တွင် ကျိုတိုအန်းနီမေးရှင်းက “တမခိုမားကတ်” ဟူသည့် အန်နီမေးရှင်းတွင် ဖော်ပြခဲ့သည်။

လူဦးရေဆိုင်ရာ[ပြင်ဆင်ရန်]

နှစ်အလိုက်လူဦးရေ
ခုနှစ်လူဦးရေ±%
1960 ၁၄၈၄၂၇—    
1970 ၁၂၄၄၅၆−16.2%
1980 ၉၉၂၆၂−20.2%
1990 ၈၇၈၆၁−11.5%
2000 ၈၄၁၈၇−4.2%
2010 ၈၃၂၆၄−1.1%
2020 ၈၃၈၃၂+0.7%
Source: [၁]

ပညာရေး[ပြင်ဆင်ရန်]

Lycée Français de Kyoto, ခန်ဆိုင်းရှိ ပြင်သစ်နိုင်ငံတကာကျောင်းသည် ဤရပ်ကွက်တွင် တည်ရှိသည်။[၂]

ကျိုတိုနိုင်ငံတကာကျောင်း သည်လည်း ဤရပ်ကွက်တွင် တည်ရှိသည်။[၃]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

Wikimedia Commons ရှိ Kamigyō-ku, Kyoto နှင့်ပတ်သက်သော မီဒီယာများ

ကိုးကား[ပြင်ဆင်ရန်]

  1. Nakane၊ Chie (1972)။ Japanese Society (အင်္ဂလိပ်ဘာသာစကားဖြင့်)။ England, USA, Canada: University of California Press။ p. 78။ ISBN 9780520021549
  2. "Accès et contact Archived 2015-04-26 at Archive.is." Lycée Français de Kyoto. Retrieved on 26 April 2015. "536-1 WARAYA-CHO MARUTAMACHI DORI KUROMON HIGASHI IRU KAMIGYO-KU 602-8144 KYOTO, JAPON"
  3. "Find Us Archived 2015-12-20 at the Wayback Machine.." Kyoto International School. Retrieved on August 17, 2015. "317 Kitatawara-cho, Kamigyo-ku, Kyoto, Japan 602-8247"