ဆဲမဲနတ်ကျောင်း
| ဆဲမဲနတ်ကျောင်း 晴明神社 | |
|---|---|
Torii gate at entrance to Seimei Shrine | |
| အချက်အလက်များ | |
| တည်နေရာ | 806 Ichijō-agaru, Horikawa-dōri, Kamigyō-ku, Kyōto-shi, Kyōto-ken 〒 602-8222 |
| ကိုဩဒိနိတ် | 35°01′40″N 135°45′04″E / 35.02778°N 135.75111°Eကိုဩဒိနိတ်: 35°01′40″N 135°45′04″E / 35.02778°N 135.75111°E |
| ဘာသာရေး နှီးနွယ်မှု | Shinto |
| နတ်ဘုရား | Abe no Seimei |
| နိုင်ငံ | ဂျပန်နိုင်ငံ |
| ဝက်ဘ်ဆိုဒ် | seimeijinja.jp |
| ဗိသုကာ | |
| တည်ထောင်သူ | Emperor Ichijō |
| စတင်သည့်နှစ် | 1007 |
ဆဲမဲနတ်ကျောင်း (晴明神社, Seimei-jinja) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ ခမိဂယောရပ်ကွက်တွင် တည်ရှိသည့် ရှင်းတိုးနတ်ကျောင်းတစ်ခု ဖြစ်သည်။ ဤနတ်ကျောင်းသည် အွန်းမယောဂျိ ဖြစ်သည့် “အဘဲနိုဆဲမဲ” ၏ အမည်ကို အစွဲပြုကာ ခေါ်ဆိုထားခြင်း ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဆဲမဲနတ်ကျောင်းကို ဘုရင်အိချိဂျောသည် ခန်းခိုးခေတ်ကာလ (၁၀၀၇ ခုနှစ်) ၏ လေးနှစ်မြောက်နှစ်တွင် တည်ထောင်ခဲ့သည်။ ဘုရင်အိချိဂျောသည် ၁၀၀၅ ခုနှစ် အဘဲနိုဆဲမဲ ဆုံးပါးပြီးနောက်တွင် အမှတ်တရနတ်ကျောင်းတစ်ခုတစ်ဆောက်ရန် အမိန့်ပေးခဲ့သည်။ နတ်ကျောင်းကို အဘဲနိုဆဲမဲ၏ အိမ်တည်ရှိရာနေရာတွင် တည်ဆောက်ခဲ့သည်။ မူလအဆောက်အဦကို ၁၉၂၅ ခုနှစ်တွင် ပြန်လည်ပြုပြင်ခဲ့သည်။
တည်ဆောက်မှု
[ပြင်ဆင်ရန်]ကျောင်းတော်သို့ ဝင်ရောက်ရန်အတွက် တိုရိအိဂိတ်ပေါက်နှစ်ခု ရှိသည်။ နတ်ကျောင်းတည်ရှိရာမြေပြင်တွင် ထင်ရှားသည့် ရေတွင်းတစ်ခုဖြစ်သည့် “ဆဲမဲ - အိ” တည်ရှိသည်။ ၎င်းရေတွင်းမှ ရေသည် မှော်အစွမ်းတစ်စုံတရာရှိသည်ဟု ယုံကြည်ကြသည်။ လက်ဖက်ရည်အဖျော်ဆရာဖြစ်သည့် ဆန်းနိုရိခယူး သည် ဤရေတွင်းမှရေဖြင့် နှပ်ထားသည့်လက်ဖက်ရည်ကို ပြုလုပ်သည့်အတွက် လူသိများသည်။
မှော်အတတ်ပညာကို ဖော်ပြရာတွင် အသုံးပြုသည့် ထောင့်ငါးခုပါရှိသည့် ကြယ်အမှတ်အသားကို ဒေသခံများက “ဆဲမဲ - ကြယ်” ဟု သိကြသည်။ ၎င်းကို ဤနတ်ကျောင်း၏ နေရာများစွာတွင် အရေးပါသည့်အမှတ်အသားတစ်ခုအဖြစ် မြင်တွေ့နိုင်သည်။
အနီးအနားရှိ တံတားတစ်ခုဖြစ်သည့် “အိချိဂျော မိဒိုရိ - ဘရှိ” သည် နတ်ကျောင်း၏ တောင်ဘက်တွင် တည်ရှိသည်။ ၎င်းသည် လူသားများနှင့် ဝိညဉ်လောကအကြားရှိ ဂိတ်ပေါက်တစ်ခု ဖြစ်သည်။
ပွဲတော်များ
[ပြင်ဆင်ရန်]ဆဲမဲပွဲတော် (晴明祭) ကို နှစ်တစ်နှစ်၏ September equinoxဖြစ်စဉ် ဖြစ်ပွားသည့်နေ့တွင်တွင် ကျင်းပကြသည်။
ရုပ်ပုံများ
[ပြင်ဆင်ရန်]- ကြယ်အမှတ်အသားပါဝင်သည့် "တိုရိအိ"
- ကျောက်သားဖြင့် ပြုလုပ်ထားသည့် ခြင်္သေ့
- ကျောက်ဖြင့်ပြုလုပ်ထားသည့် "ခိုမအိနု"
- ကျောင်းတော်၏ မျက်နှာစာ
- Peach bust
- ရှားပါးသည့်သစ်ပင်ဖြစ်သည့် "ခုဆုနော့ခိ"
- Stone tablet for Sen no Rikyū
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Official Site (Japanese)