ကျိုတိုနိုင်ငံတကာပြင်သစ်စာသင်ကျောင်း
| ကျိုတိုနိုင်ငံတကာပြင်သစ်စာသင်ကျောင်း Lycée Français International de Kyoto 京都国際フランス学園 | |
|---|---|
![]() | |
| လိပ်စာ | |
| 411 Motoshinmeicho Tominokojidôri Gojo agaru Shimogyô-ku Kyoto, Japan, 600-8065 | |
| ကိုဩဒိနိတ် | 34°59′49″N 135°45′53″E / 34.9969192°N 135.7646478°Eကိုဩဒိနိတ်: 34°59′49″N 135°45′53″E / 34.9969192°N 135.7646478°E |
| သတင်းအချက်အလက် | |
| School type | Private School Under Contract |
| တည်ထောင် | ၁၉၉၆ |
| ကျောင်းအုပ်ချုပ်ရေးအဖွဲ့ | APEK |
| School district | Kansai |
| ပညာရေးအာဏာပိုင် | Ministère de l'Education Nationale |
| ဒါရိုက်တာ | Boris Colin |
| အတန်းများ | Preschool to Senior High School |
| ကျောင်းဝန်း | Yurin |
| Accreditation | AEFE |
| ဝဘ်ဆိုဒ် | lfikyoto.org |
ကျိုတိုနိုင်ငံတကာပြင်သစ်စာသင်ကျောင်း (Lycée Français International de Kyoto、京都国際フランス学園, Kyōto Kokusai Furansu Gakuen) သည် ပုဂ္ဂလိကပိုင် နိုင်ငံတကာပြင်သစ်စာသင်ကျောင်းတစ်ခုဖြစ်ပြီး APEK က ထောက်ပံ့ကာ စီမံခန့်ခွဲလျက်ရှိသည်။ ဤကျောင်းသည် Agency for French Education Abroad (AEFE) ၏ အသိအမှတ်ပြုမှုကိုလည်း ရရှိထားသည်။
ကျောင်း၏ တည်နေရာသည် ရှိမိုဂယောရပ်ကွက်၊ ကျိုတိုဘူတာအနီးတွင် တည်ရှိသည်။ ဤကျောင်းသည် ပြင်သစ်နိုင်ငံ၏ပညာရေးဝန်ကြီးဌာန၏ စနစ်များအတိုင်း လိုက်လျောညီထွေဖြစ်စေမည့် သင်ရိုးများဖြင့် သင်ကြားပေးလျက်ရှိသည်။ မူကြိုပညာရေးမှသည် အထက်တန်းပညာရေးအထိ သင်ကြားပေးလျက်ရှိသည်။
ဤကျောင်းသည် ပြင်သစ်နိုင်ငံ၏ ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် ကျောင်းတစ်ခုလည်း ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မူလက ကျောင်း၏အမည်ကို ခန်ဆိုင်းပြင်သစ်စာသင်ကျောင်း (École Française du Kansai or EFK (関西フランス学院) Kansai Furansu Gakuin) ဟု သိကြသည်။[၁] နောက်ပိုင်းတွင် ကျောင်း၏အမည်ကို ကျိုတိုပြင်သစ်စာသင်ကျောင်း Lycée Français de Kyoto (French School of Kyoto), LFK (リセ・フランセ・ド・京都) Rise Furanse do Kyōto ဟူသည့်အမည်သို့ ပြောင်းလဲခဲ့သည်။[၂] ကျောင်းကို ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။[၃] မူလက ကျောင်းသည် တိုင်းခန်းမူလတန်းကျောင်းအဖြစ် ခမိဂယောရပ်ကွက်တွင် တည်ရှိခဲ့သည်။[၄].

ပြင်ပလင့်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ "CENTREACCUEILjp.html". École Française du Kansai. July 4, 2010. Retrieved on April 26, 2015.
- ↑ "Accès et contact 2015-04-26 ၌ at Archive.isတွင် မော်ကွန်းတင်ပြီး ." Lycée Français de Kyoto. Retrieved on 26 April 2015. "536-1 WARAYA-CHO MARUTAMACHI DORI KUROMON HIGASHI IRU KAMIGYO-KU 602-8144 KYOTO, JAPON"
- ↑ Home page (French). École Française du Kansai. March 12, 2008. Retrieved on April 26, 2015.
- ↑ "A Guide for Living in Osaka Enjoy Osaka 2016-03-02 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .." City of Osaka. p. 91. "Kuromonhigashihairu, Marutamachi-dori, Kamigyo-ku, Kyoto City (former Taiken Elementary School) Kindergarten - 12th grade"
