မာတိကာသို့ ခုန်သွားရန်

ကျိုတိုစီရင်စုဆေးတက္ကသိုလ်

ဝီကီပီးဒီးယား မှ
Kyoto Prefectural University of Medicine main entrance sign and insignia.
Kyoto Prefectural University of Medicine Kawaramachi campus main entrance.
An old photo of Kyoto Prefectural University of Medicine (before 1951)

ကျိုတိုစီရင်စုဆေးတက္ကသိုလ် (京都府立医科大学, Kyoto furitsu ika daigaku) သည် ဂျပန်နိုင်ငံ၊ ကျိုတိုစီရင်စု၊ ကျိုတိုမြို့တွင် တည်ရှိသည့် အစိုးရဆေးတက္ကသိုလ်တစ်ခု ဖြစ်သည်။ ကျောင်းကို ၁၈၇၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် တက္ကသိုလ်တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ကျိုတိုစီရင်စုဆေးတက္ကသိုလ်သည် "ကျိုတိုတက္ကသိုလ်" သို့မဟုတ် "ခယောဒိုင်း" နှင့် မတူပေ။ ကျိုတိုစီရင်စုဆေးတက္ကသိုလ်သည် ခမိုမြစ်ဘေးတွင် တည်ရှိသည်။

ကျိုတိုစီရင်စုဆေးတက္ကသိုလ်ဆေးရုံ

[ပြင်ဆင်ရန်]
Kyoto Prefectural University of Medicine Iconic "Leaping Stones" across the Kamo river provide a quick race across the water outside of monsoon season.

ကျိုတိုစီရင်စုဆေးတက္ကသိုလ်ဆေးရုံ (京都府立医科大学附属病院) သည် ၁၈၇၂ တွင် စတင်တည်ထောင်ခဲ့ပြီး ခန်ဆိုင်းဒေသတွင် ရှည်လျားသည့်သမိုင်းကြောင်းရှိသည့် ဆေးရုံတစ်ခုလည်း ဖြစ်သည်။ ဤဆေးရုံကို မဲဂျိခေတ်ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ပြီး ၄ နှစ်ကျော်အကြာတွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဒေသခံများ၏ တောင်းဆိုမှုများကြောင့် အနောက်နိုင်ငံမှဆေးဝါးများကို ပိုမိုရယူသုံးစွဲနိုင်သည့် ဒေသတွင်းဆေးရုံတစ်ခုနှင့် လေ့ကျင့်ရေးဆေးရုံတစ်ခုကို တည်ဆောက်ရန် အစိုးရသည် များစွာကူညီထောက်ပံ့ခြင်း မပြုနိုင်ခဲ့ပေ။ ထို့အတွက်ကြောင့် ဒေသခံများသည် လုပ်ငန်းရှင်များ၊ ဘုရားကျောင်းများနှင့် အခြားသောနေရာများစွာမှ ပါဝင်ငွေများဖြင့် နောက်ဆုံးတွင် ဆေးရုံကို အပြီးသတ်နိုင်ခဲ့ကြသည်။ ထိုအချိန်မှစတင်ကာ ဤဆေးရုံသည် ကင်ဆာရောဂါများကို အဓိကကုသပေးသည့် ဆေးရုံတစ်ခု ဖြစ်လာခဲ့သည်။ ကလေးသူငယ်များတွင် ဖြစ်ပွားသည့်ကင်ဆာများကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကုသပေးသည့် ဆေးရုံ ၁၅ ခုထဲတွင် ဤဆေးရုံလည်း ပါဝင်လာခဲ့သည်။

တက္ကသိုလ်

[ပြင်ဆင်ရန်]
Kyoto Prefectural University of Medicine basic medicine building.
Kyoto Prefectural University of Medicine outpatient ward/clinical education building.

တက္ကသိုလ်ကို အပိုင်းနှစ်ခု ခွဲခြားထားသည်။ ၎င်းနှစ်ခုမှာ ဆေးပညာရပ်များသင်ကြားပေးသည့် ကျောင်းနှင့် သူနာပြုပညာရပ်များကို သင်ကြားပေးသည့်ကျောင်း ဖြစ်သည်။ နှစ်စဉ် ဆေးပညာရပ်သင်တန်းသို့ တက်ရောက်သည့်ကျောင်းသားအရေအတွက်သည် ၁၀၀ ကျော်ရှိပြီး သူနာပြုပညာရပ်ကို သင်ကြားသည့်ကျောင်းသားပေါင်းသည် ၇၅ ဦးမှ ၈၀ ဦးအထိ ရှိသည်။ ဤတက္ကသိုလ်သည် ဂျပန်နိုင်ငံတွင် အစိုးရက အထောက်အပံ့ပေးထားသည့် တက္ကသိုလ်များထဲတွင် တတိယမြောက်သက်တမ်းအရင့်ဆုံးတက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။ တက္ကသိုလ်၏ ပင်မရည်မှန်းချက်မှာ ဆေးပညာရပ်ဆိုင်ရာဗဟုသုတများနှင့် နည်းပညာများကို ကျိုတိုစီရင်စုတွင်သာမက ၄၆၀၀ စတုရန်းကီလိုမီတာကျယ်ဝန်းသည့် ဂျပန်တစ်နိုင်ငံလုံးကို ဖြန့်ကျက်သင်ကြားပေးရန် ဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် ဤတက္ကသိုလ်၏ ကျန်းမာရေးစောင့်ရှောက်မှုစင်တာကို တည်ထောင်ခဲ့သည်။

သူနာပြုကျောင်း

[ပြင်ဆင်ရန်]
Kyoto Prefectural University of Medicine administration building was once the university library. The current library is across the street together with the Nursing School on the Hirokoji campus.

သူနာပြုကျောင်းကို ၁၈၈၉ တွင် တက္ကသိုလ်၏ သားဖွားကျောင်းတစ်ခုအဖြစ် တည်ထောင်ခဲ့သည်။ အချိန်ကြာညောင်းလာသည်နှင့်အမျှ တက္ကသိုလ်သည်သည် အမည်များစွာပြောင်းလဲခဲ့ပြီး "ကျိုတိုစီရင်စုဆေးတက္ကသိုလ် - သားဖွားနှင့်သူနာပြုကျောင်း" ဟုသည့် အမည်သို့ ပြောင်းလဲခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ကင်ဆာလူများအတွက်သင်ကြားပေးသည့် သူနာပြုသင်တန်းကိုလည်း ထည့်သွင်းသင်ကြားခဲ့သည်။

ကလေးဆေးပညာသုတေသနအင်စတီကျု

[ပြင်ဆင်ရန်]

ကလေးဆေးပညာသုတေသနအင်စတီကျု ကို ၁၉၇၉ ခုနှစ်တွင် စတင်ခဲ့ပြီး ကလေးများတွင် ဖြစ်ပွားတတ်သည့် ရောဂါများနှင့်ပတ်သက်ပြီး သုတေသနပြုခဲ့ကြသည်။

Kyoto Prefectural University of Medicine Ryobo-In monument was erected to celebrate the opening of the original hospital building on July 18th 1880. The Institute of Kyoto Prefectural University of Medicine, as it was originally known, was modeled on the design of Leipzig University Hospital in Germany, and was one of the best medical establishments in Japan at that time.

ကျောင်းသားဟောင်းများ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုဩဒိနိတ်: 35°01′22″N 135°46′13″E / 35.02278°N 135.77028°E / 35.02278; 135.77028

ကိုးကား

[ပြင်ဆင်ရန်]