မာတိကာသို့ ခုန်သွားရန်

ကျိုတိုနိုင်ငံတကာစာသင်ကျောင်း

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 35°1′28.66″N 135°45′3.75″E / 35.0246278°N 135.7510417°E / 35.0246278; 135.7510417

ကျိုတိုနိုင်ငံတကာစာသင်ကျောင်း
Kyoto International School
လိပ်စာ
317 ခိတဝရ-ချော, ခမိဂယောရပ်ကွက်, ကျိုတိုမြို့, ကျိုတိုစီရင်စု
သတင်းအချက်အလက်
တည်ထောင်1957
ဝဘ်ဆိုဒ်

ကျိုတိုနိုင်ငံတကာစာသင်ကျောင်း Kyoto International School (KIS), သည် ဂျပန်နိုင်ငံကျိုတိုမြို့တွင် တည်ရှိသည့် နိုင်ငံတကာကျောင်းတစ်ခုဖြစ်သည်။ ဤကျောင်းကို “ကျိုတိုခရစ်ယာန်နေ့ကျောင်း” ဟုလည်း သိကြသည်။ ကျောင်းတွင် အသက် ၃ နှစ်မှ ၁၆ နှစ်အရွယ် ကျောင်းသားများကို ပညာသင်ကြားပေးလျှက်ရှိသည်။ ဤကျောင်းသည် ၁၉၉၂ နှစ်ကတည်းက “အနောက်ပိုင်းစာသင်ကျောင်းများနှင့်ကောလိပ်များအဖွဲ့အစည်း” နှင့် ၂၀၀၆ ခုနှစ်ကတည်းက “International Baccalaureate Organisation (IBO)” အဖွဲ့တို့၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့သည်။[]

ကျောင်းကို အပိုင်းလေးခု ခွဲခြားနိုင်သည်။ ၎င်းတို့မှာ အစောပိုင်းမူကြိုနှစ်များ၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတို့ ဖြစ်ကြသည်။ ဤကျောင်းတွင် စနေနေ့များ၌ အသက် ၃ နှစ်မှ ၁၂ နှစ်အရွယ်ကျောင်းသားများအတွက် အင်္ဂလိပ်ဘာသာကို ဒုတိယဘာသာစကားအဖြစ် ရည်ရွယ်သင်ကြားပေးသည့် အစီအစဉ်များကိုလည်း ပြုလုပ်ထားသည်။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Kyoto International School's - IB PYP Accreditation။ International Baccalaureate Organization။