ကျောက်တလုံးရွာ၊ ငါန်းဇွန်မြို့နယ်
ပုံပန်းသွင်ပြင်
| ကျောက်တလုံး | |
|---|---|
| ရွာ | |
| ကျောက်တလုံးရွာ | |
| မြန်မာနိုင်ငံတွင်း တည်နေရာ | |
| ကိုဩဒိနိတ်: 21°54′37″N 95°45′49″E / 21.9102897644043°N 95.7636337280273°Eကိုဩဒိနိတ်: 21°54′37″N 95°45′49″E / 21.9102897644043°N 95.7636337280273°E | |
| နိုင်ငံ | |
| တိုင်းဒေသကြီး | |
| ခရိုင် | မြင်းခြံခရိုင် |
| မြို့နယ် | ငါန်းဇွန်မြို့နယ် |
| ကျေးရွာအုပ်စု | ကျောက်တလုံး |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကျောက်တလုံးရွာ (အင်္ဂလိပ်: Kyauktalone)သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၂၁၈၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကျောက်တလုံးကျေးရွာအုပ်စုတွင် အိမ်ထောင်စု ၉၅၀ ခန့် နှင့် ကျား ၁၈၅၉ ဦး၊ မ ၂၁၅၅ ဦး၊ လူဦးရေ စုစုပေါင်း ၄၀၁၄ (၂၀၂၅ ခုနှစ်တွင် ငါးထောင်ကျော်) ဦးနေထိုင်သည်။ [၁] ဧရာဝတီမြစ်အရှေ့ဘက်ကမ်းနဖူးရှိရွာဖြစ်သည်။ စိုက်ပျိုးရေး၊ အိမ်ဆိုင်၊ နို့ထွက်ပစ္စည်းလုပ်ငန်းများ လုပ်ကိုင်သည်။ မန္တလေးသို့ သွားရောက်အလုပ်လုပ်ကိုင်သူများလည်းရှိသည်။ ယခင်က ဆိပ်ကမ်းရွာဖြစ်သည်။ မြန်မာ့ရိုးရာပန်းဆယ်မျိုးအပါအဝင်ဖြစ်သည့် ကြေးသွန်း လုပ်ငန်း ထွန်းကားသည့်ရွာကြီးဖြစ်၍ ဗုဒ္ဓဆင်းတုရုပ်ပွားတော်များ သွန်းလုပ်ကြသည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။ 21 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 December 2020 တွင် ပြန်စစ်ပြီး။
- ↑ ငန်းဇွန်နယ်က ကြေးသွန်းလုပ်ငန်း | Documentary၊ 29 December 2025, Knowledge Corridor YouTube Channel
| ဤ မန္တလေးတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |