မြို့နယ်

ဝီကီပီးဒီးယား မှ

မြို့နယ် (အင်္ဂလိပ်: township) သည် နိုင်ငံ နယ်မြေအပိုင်းအခြား အမျိုးအစားများထဲက တစ်ခုဖြစ်၍ နိုင်ငံအမျိုးမျိုး၌ အဓိပ္ပာယ်အမျိုးမျိုးဖြင့် သတ်မှတ်ကြသည်။ မြန်မာနိုင်ငံတွင် မြို့နှင့် ကျေးရွာအုပ်စုများ ပေါင်းစုထားသော အုပ်ချုပ်ရေးဒေသ အပိုင်းအခြားဟု ဖွင့်ဆိုသည်။[၁]

ဤဝေါဟာရသည် ရံခါတွင် မြို့ပြနယ်မြေနှင့်ပတ်သက်ဆက်နွယ်မှုလည်းရှိကာ တစ်ဖက်တွင် ခြွင်းချက်များလည်းရှိနိုင်သည်။ ဩစတေးလျကနေဒါစကော့တလန်နှင့် အမေရိကန်ပြည်ထောင်စုရှိ အစိတ်အပိုင်းများတွင် မြို့နယ်ဆိုသည်မှာ အလွန်သေးငယ်သော နယ်မြေ၊ မြို့ပြနှင့်ဆက်နွှယ်သော နယ်မြေအဖြစ် ရည်ညွှန်းကြသည်။ တောင်အာဖရိက၌မူ လူမည်းများနေထိုင်ရာ ဆင်ခြေဖုံး၊ မြို့ဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Burmese Orthography, Myanmar Language Commission, 1993.
  2. Oxford English Dictionary