ကတဲလိပ်ရွာ၊ တနင်္သာရီမြို့နယ်
| ကတဲလိပ် | |
|---|---|
| ရွာ | |
| ကတဲလိပ်ရွာ | |
| နိုင်ငံ | |
| တိုင်းဒေသကြီး | |
| ခရိုင် | မြိတ်ခရိုင် |
| မြို့နယ် | တနင်္သာရီမြို့နယ် |
| ကျေးရွာအုပ်စု | အရှေ့မော်တုံး |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကတဲလိပ်ရွာ(အင်္ဂလိပ်: Kadeleik)သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုံးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၇၉၃၀ ဖြစ်သည်။[၁] မြိတ်-တနင်္သာရီ အဝေးပြေးကားလမ်းမကြီးဘေးဝယ် တည်ရှိသည်။ ၈၂ အိမ်ခြေ ရှိပြီး၊ ၆၅ အိမ်ထောင်စု နေထိုင်သည်။ ဘာသာရေးအဆောက်အဦများ မရှိဘဲ၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သည်။ [၂]
ပညာရေး
[ပြင်ဆင်ရန်]ကျောင်းမရှိ။ ကလေးငယ်များသည် ဇလုံးရွာနှင့် တနင်္သာရီ မြို့သို့ သွားရောက် သင်ယူကြရသည်။ [၂]
အလုပ်အကိုင်
[ပြင်ဆင်ရန်]အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာနှင့် ဥယျာဉ်ခြံ စိုက်ပျိုးရေး ဖြစ်သည်။ ကွမ်းခြံ အစိုက်များသည်။ ပန်းရံ၊ လက်သမားအလုပ်ကို လုပ်ကိုင်သည်။ အဝေးပြေးလမ်းမကြီးဘေး ဖြစ်၍ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သည်။ ကျောက်ထုတ်လုပ်ရေး လုပ်ငန်းလည်း ရှိသည်။ [၂]
သဘာဝဘေးအန္တရာယ်
[ပြင်ဆင်ရန်]ရေကြီးရေလျှံမှုများ ကြုံတွေ့ရလေ့ရှိသည်။ ရေအရင်းအမြစ်အနေဖြင့် ရွာအရှေ့ဘက်ဝယ် စိမ့်စမ်းရေ ရသည့် ရေတံခွန် တည်ရှိသော်လည်း၊ ရွာတွင် ရေရှားသည်။ နွေပေါက်တိုင်း သောက်သုံးရေ အခက်အခဲ ဖြစ်လေ့ ရှိသည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။ 21 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 December 2020 တွင် ပြန်စစ်ပြီး။
- 1 2 3 4 ပြည်ထောင်စုသမ္မတနိုင်ငံတော်အစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း National Community Driven Development Project (NCDDP) ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ် Village Development Plan (VDP) တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ကတဲလိပ်ကျေးရွာ၊ ၂၀၁၈
| ဤ တနင်္သာရီတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |