ကတဲလိပ်ရွာ၊ တနင်္သာရီမြို့နယ်

ဝီကီပီးဒီးယား မှ
(ကတဲလိပ်ရွာ မှ ပြန်ညွှန်းထားသည်)
ကတဲလိပ်
ရွာ
ကတဲလိပ်ရွာ
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
ခရိုင်မြိတ်ခရိုင်
မြို့နယ်တနင်္သာရီမြို့နယ်
ကျေးရွာအုပ်စုအရှေ့မော်တုံး
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကတဲလိပ်ရွာ(အင်္ဂလိပ်: Kadeleik)သည် တနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်တနင်္သာရီမြို့နယ်အရှေ့မော်တုံးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၇၉၃၀ ဖြစ်သည်။[၁] မြိတ်-တနင်္သာရီ အဝေးပြေးကားလမ်းမကြီးဘေးဝယ် တည်ရှိသည်။ ၈၂ အိမ်ခြေ ရှိပြီး၊ ၆၅ အိမ်ထောင်စု နေထိုင်သည်။ ဘာသာရေးအဆောက်အဦများ မရှိဘဲ၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သည်။ [၂]

ပညာရေး[ပြင်ဆင်ရန်]

ကျောင်းမရှိ။ ကလေးငယ်များသည် ဇလုံးရွာနှင့် တနင်္သာရီ မြို့သို့ သွားရောက် သင်ယူကြရသည်။ [၂]

အလုပ်အကိုင်[ပြင်ဆင်ရန်]

အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာနှင့် ဥယျာဉ်ခြံ စိုက်ပျိုးရေး ဖြစ်သည်။ ကွမ်းခြံ အစိုက်များသည်။ ပန်းရံ၊ လက်သမားအလုပ်ကို လုပ်ကိုင်သည်။ အဝေးပြေးလမ်းမကြီးဘေး ဖြစ်၍ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သည်။ ကျောက်ထုတ်လုပ်ရေး လုပ်ငန်းလည်း ရှိသည်။ [၂]

သဘာဝဘေးအန္တရာယ်[ပြင်ဆင်ရန်]

ရေကြီးရေလျှံမှုများ ကြုံတွေ့ရလေ့ရှိသည်။ ရေအရင်းအမြစ်အနေဖြင့် ရွာအရှေ့ဘက်ဝယ် စိမ့်စမ်းရေ ရသည့် ရေတံခွန် တည်ရှိသော်လည်း၊ ရွာတွင် ရေရှားသည်။ နွေပေါက်တိုင်း သောက်သုံးရေ အခက်အခဲ ဖြစ်လေ့ ရှိသည်။ [၂]


ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ပြည်ထောင်စုသမ္မတနိုင်ငံတော်အစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း National Community Driven Development Project (NCDDP) ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ် Village Development Plan (VDP) တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ကတဲလိပ်ကျေးရွာ၊ ၂၀၁၈