ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မြစ်ဝကျွန်းပေါ်ဒေသ၏ မြေနိမ့်ပိုင်း အစိတ်အပိုင်းများဖြစ်သော ၅၀,၄၀၀ စတုရန်း ကီလိုမီတာ (၁၉,၀၀၀ စတုရန်းမိုင်) သည် ဆိုင်ကလုန်း နာဂစ် ကြောင့် ဖျက်ဆီးခြင်းခံခဲ့ရသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ သို့မဟုတ် အေရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ သည် ဧရာဝတီ တိုင်း တွင် တည်ရှိပြီး မြန်မာနိုင်ငံ ရှိ အနိမ့်ဆုံး ကုန်းမြေလွင်ပြင်ကျယ်ဖြစ်ကာ မြန်အောင် မှ နေ၍ ဘင်္ဂလားပင်လယ်အော် နှင့် ကပ္ပလီပင်လယ် သို့ဧရာဝတီမြစ် ဝ၏ တောင်ဘက် ၂၉၀ ကီလိုမီတာ အထိ ဒီရေလွှမ်းမိုးခြင်းနယ်နိမိတ် မှနေ၍ ဖြာထွက်လာခြင်းဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသ သည် လူဦးရေ ထူထပ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၃ မီတာ ခန့်သာမြင့်သော နုန်းမြေ ကြွယ်ဝသည့် မြေနိမ့် ပေါ်တွင် ဆန်စပါး စိုက်ပျိုးခြင်းကို အဓိက အခန်းကဏ္ဍမှ ဆောင်ရွက်သည်။ သို့သော်လည်း ၎င်းဒေသရှိ မြစ်ချောင်းများ ပြည့်နှက်နေသည့် နေရာများတွင် ငါးဖမ်းလုပ်ငန်း ဖြင့် အသက်မွေးသည့် တံငှာသည်များလည်း ရှိသည်။ ၂၀၀၈ ခုနှစ် မေလ ၂ ရက် တွင် မြစ်ဝကျွန်းပေါ်ဒေသသည် ကြီးမားသော ဘေးအန္တရာယ် တစ် ရပ်ဖြစ်သည့် ဆိုင်ကလုန်း နာဂစ် ကြောင့် ပျက်စီးဆုံးရှုံးမှု အများအပြား ဖြစ်ခဲ့သည်။ အစီရင်ခံ တင်ပြချက်များအရ အနည်း ဆုံး လူဦးရေ ၈၄,၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ကာ လူဦးရေ ၅၃,၈၀၀ ကျော် ပျောက်ဆုံးခဲ့ပြီး လူဦးရေ ၂.၄ သန်း ခန့်ကို အိုးမဲ့၊ အိမ်မဲ့ ဖြစ်စေခဲ့သည်။

ပထဝီ အနေအထား[ပြင်​ဆင်​ရန်​]

မြစ်လက်တက်များ နှင့် မြေပြင်အနေအထား

ဧရာဝတီ မြစ်ဝကျွန်းပေါ်တွင် ပုသိမ်မြစ် ၊ ဖျာပုံမြစ် ၊ ဘိုကလေးမြစ်နှင့် တိုးမြစ်တို့၏ အဓိက မြစ်လက်တက်များ ပါဝင်သည်။ ယခင်က Cape Negrais နီဂရစ်(စ်) အငူ ဟု ခေါ်သော မော်တင်အငူသည် ဧရာဝတီတိုင်းတွင် ထင်ရှားသော အမှတ်အသား တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ ၏ အနောက်တောင်ဘက် အဆုံးပိုင်းကိုလည်း အမှတ်အသား အဖြစ်ပြသည်။ မြစ်ဝကျွန်းပေါ် ၏ အမြင့်ဆုံးနေရာ ဖြစ်သော ဝဖြူ တောင်ကုန်း ( ၁၃၂၅ ပေ) သည် ပုသိမ်နှင့် မော်တင်စွန်း (အငူ) အကြား တွင် တည်ရှိပြီး မြစ်ဝကျွန်းပေါ်၏ အနောက်ဘက် ကမ်းမြှောင်ပေါ်တွင် တည်ရှိသည်။ ဒေသ၏ အဓိက အစိတ်အပိုင်းသည် ပင်လယ်ရေမျက်နှာပြင် အထက် ၃ မီတာ သာမြင့်သော မြေနိမ့်ပိုင်း ကုန်းမြေများဖြင့် ဖုံးအုပ် ထားခြင်းခံရသည်။ ဤ နုန်းမြေ ဆန်သော မြေပြန့်လွင်ပြင်သည် အနောက်ဘက်တွင် ရခိုင်ရိုးမ နှင့် အရှေ့ဘက်တွင် ပဲခူးရိုးမ တို့ဖြင့် ကာရံထားခြင်းခံရသည်။

၎င်းသည် ဒီရေ ဝင်ရောက်ခြင်းခံရနိုင်ဖွယ်ရှိသော တောင်ဘက် ဆီသို့ စီးဆင်းသည့်မြစ်ကြီးများကြောင့် ကျွန်းဆွယ်များ နှင့် ကျွန်းများ အတွင်းသို့ ခွဲဖြာ ၍သွားသည်။ မြစ်ဝကျွန်းပေါ်ဒေသ၏ ပင်လယ်ဘက်သို့ ဦးတည်နေသည့် အနိမ့်ပိုင်း သုံးပုံတစ်ပုံသည် လုံးဝ တစ်ပြေးတည်းဖြစ်နေပြီး ဒေသတွင်း မြေပြင် အနေအထား အနိမ့်အမြင့် ကွာဟမှုမရှိပဲ အရှေ့မှ အနောက်ဆီသို့ ၁၃၀ ကီလိုမီတာ ဆန့်တန်းနေသည်။ ထိုမြစ်ရေများသည် ၎င်းတို့ သယ်ဆောင်လာသော ပမာဏ ကြီးမားသည့် နုန်းမြေ အနည်အနှစ် ပို့ချမှုများကြောင့် အလွန် နောက်ကျိပြီး ပင်လယ်သည် ကမ်းရိုးတန်း တစ်လျှောက် နှင့် အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင် အကွာအဝေး ၂၈ ကီလိုမီတာ အထိ တိုင်အောင် ၅.၅ မီတာ အောက် အနက်ရှိကာ အလွန်တိမ်သည်။ ပင်လယ် အတွင်းသို့ အဆက်မပြတ်ချဲ့ကားမှု ၏ရလဒ် အနေဖြင့် မြစ်ဝကျွန်းပေါ်ဒေသသည် တစ်နှစ်လျှင် ၁,၀၀၀ ဟက်တာခန့်နှင့် ညီမျှသော နှစ် ၁၀၀ လျှင် ၅-၆ ကီလိုမီတာ နှုန်းဖြင့် တိုးလျက်ရှိသည်။

ရာသီဥတု[ပြင်​ဆင်​ရန်​]

မြစ်ဝကျွန်းပေါ်ဒေသ၏ နှစ်စဉ် မိုးရေချိန်မှာ ပျမ်းမျှအားဖြင့် ၂,၅၀၀ မီလီမီတာ ( လက်မ ၁၀၀) ရှိပြီး ပျမ်းမျှအပူချိန် ၃၂ ဒီဂရီ ဆဲလ်စီးယပ်(စ်) ( ၉၀ ဒီဂရီ ဖာရင်ဟိုက်) ရှိသည်။မေလ အလယ် ပိုင်း နှင့် နိုဝင်ဘာလ အလယ်ပိုင်း အတွင်း မုတ်သုံရာသီ အတောအတွင်းတွင် မိုးအများဆုံး ရွာသွန်းသည်။ အောက်တိုဘာလ အလယ်ပိုင်းမှ နေ၍ ဖေဖော်ဝါရီလ အလယ် ပိုင်းအထိ အေး၍ ခြောက်သွေ့ပြီး ဧပြီလနှင့် မေလ အစောပိုင်းတွင် မုတ်သုံအကြို မိုးသက် မုန်တိုင်းများနှင့် အတူ အပူချိန် စတင်၍ မြင့်တက်လာသည်။

ဂေဟ စနစ်များ[ပြင်​ဆင်​ရန်​]

ရေသန့်စင်မှုသည် အစောပိုင်း သဘာဝ အရင်းအမြစ်များနှင့် ပတ်ဝန်းကျင် ဆိုင်ရာ ထိန်းချုပ်မှု အားနည်းသောကြောင့် ပီအိပ်(ချ်) အတိုင်းအတာ ၏ အယ်လ်ကာလီ သဘာဝရှိသော အနေအထား အတွင်းတွင် ရှိသည်။ လမုတောများ သို့မဟုတ် လမု နှင့် နီးပါး ထန်းပင် သို့မဟုတ် ဓနိ တို့သည် မြစ်ဝကျွန်းပေါ်၏ အဓိက စိုက်ပျိုးပင်များ ဖြစ်ကြသည်။ ထို့အပြင် နွေရာသီအတွင်းတွင် ဒေသခံ လယ်သမားများသည် ဖျာများကို ရက်လုပ်ကြသဖြင့် ပေါင်းပင် များကို ထိန်းချုပ်ခြင်းမှာ ထိရောက်မှု အားနည်းသည်။ ဆိုင်ကလုန်း နာဂစ်ကြောင့် ကမ်းရိုးတန်းဒေသတွင် လမုတောများ ပျက်စီးခြင်း နှင့် သစ်တော ပြုန်းတီးခြင်း သည် ၎င်းဒေသအား အနာဂတ် တွင် ပို၍ အန္တရာယ် ဖြစ်စေနိုင်သည်။

မြစ် ကမ်းပါးများ[ပြင်​ဆင်​ရန်​]

ဤ အပိုင်းကို အကျယ်ချဲ့ရန် လိုအပ်သည်။

ကျွန်းများ[ပြင်​ဆင်​ရန်​]

အဓိကကျွန်းများတွင် ဟိုင်းကြီးကျွန်း ၊ လိပ်ကျွန်း (လိပ်ကျွန်း) ၊ ပြင်စလူကျွန်း နှင့် မိန်းမလှကျွန်း ( လှပသော အမျိုးသမီးများကျွန်း) တို့ပါဝင်သည်။

အဓိက မြို့များ[ပြင်​ဆင်​ရန်​]

အဓိကမြို့များတွင် ဘိုကလေး ၊ မအူပင် ၊ မြောင်းမြ ၊ မော်လမြိုင်ကျွန်း ၊ ပန်းတနော် ၊ ပုသိမ် ၊ ဖျာပုံ ၊ ဒေးဒရဲ မှ တွံ့တေး အထိ နှင့် ကျောက်တန်း တို့ပါဝင်သည်။

တူးမြောင်းများ[ပြင်​ဆင်​ရန်​]

ထိုဒေသများတွင် ကိုလိုနီ ကာလအတွင်း၌ တည်ဆောက်ခဲ့သော တွံ့တေးတူးမြောင်းမှ အပ ကျယ်ပြန့်သော ဆည်မြောင်းစနစ် သို့မဟုတ် ရေကြောင်းသယ်ယူပို့ဆောင်ရေးတူးမြောင်းများ မရှိပါ။ မြစ်ဝကျွန်းပေါ်ဒေသသည် ရေကြောင်းပို့ဆောင်ရေးမှ တစ်ဆင့် ရန်ကုန် နှင့် ဆက်သွယ်ရေး နှင့် စီးပွားရေး တို့အတွက် များစွာ အကျိုးကျေးဇူး ရရှိသည်။ သို့ဖြစ်ပါ၍ မြစ်ဝကျွန်းပေါ်၏ ယဉ်ကျေးမှု သည် ရန်ကုန်သို့ ရွေ့လာခဲ့ပြီး ၎င်း၏ လွှမ်းမိုးမှုများကို နေရာများစွာ နှင့် ထွက်ကုန် များ တွင် သက်သေ အထောက်အထားများဖြင့်တွေ့ရသည်။ ၎င်းတို့မှာ ဘိုကလေးဈေး ၊ မော်တင် ရပ်ကွက် ၊ ရေကျော် ရပ်ကွက် ၊ ဓနုဖြူ ထမင်းဆိုင် ၊ ပုသိမ် ဟာလဝါ (ဟာဗာ အချို ) ၊ ပန်းတနော် မှ သင်ဖြူးဖျာ နှင့် ပုသိမ်ထီးတို့ ဖြစ်သည်။

သမိုင်း[ပြင်​ဆင်​ရန်​]

မြစ်ဝကျွန်းပေါ်ဒေသသည် သမိုင်းကြောင်းအရ မွန် လူမျိုး အများအပြား နေထိုင်ခဲ့ကြသည်။ နိုင်ငံရေးအရ ထိုနေရာဒေသသည် ၁၀၅၇ မတိုင်မီက မွန် မင်းနေပြည်တော်များ မှ အုပ်ချုပ် ခဲ့ပြီး ၁၀၅၇ နောက်ပိုင်းတွင် ခြွင်းချက်အနည်းငယ်မှ အပ မြန်မာမင်းနေပြည်တော်များမှ ဧရာဝတီမြစ် အပေါ်ပိုင်း ပို၍ ဝေးသော နေရာများ တိုင်အောင် အုပ်ချုပ်ခဲ့သည်။ ထွန်ယက် စိုက်ပျိုးရန် ကောင်းမွန်သော နေရာဒေသများအား ထိန်းချုပ်ထားခြင်းကို ၁၃ ရာစု မှ ၁၆ ရာစု နှစ်များအတွင်း (၁၂၈၇ -၁၅၃၉ ) နှင့် ၁၈ ရာစု တွင် အချိန်တို တစ်ခုအဖြစ် (၁၇၄၇ - ၁၇၅၇ ) ပဲခူး ၌ အခြေစိုက်သော မွန်မင်းနေပြည်တော်များသို့ ပြန်လည်ပေးအပ်ခဲ့သည်။

မြစ်ဝကျွန်းပေါ်သည် ဗြိတိသျှ တို့ မြန်မာနိုင်ငံကို ပထမဆုံးခြေကုပ်ရယူခဲ့သော နေရာ ဖြစ် ခဲ့သည်။ အရောင်းအဝယ် ဋ္ဌာန ထူထောင်ရန် ဟူ သော ဗြိတိသျှတို့၏ တောင်းဆိုချက်ကို မွန်တို့က အာခံပြီးနောက် ၁၇၅၃ တွင် ဗြိတိသျှတို့ သည် ဟိုင်းကြီး သို့မဟုတ် နီဂရစ်(စ်) ကျွန်း ကို သိမ်းယူခဲ့သည်။ မြန်မာဘုရင် အလောင်း ဘုရား သည် ထိုကျွန်းကို ဗြိတိသျှတို့ထံ ၁၇၅၇ တွင် ပေးအပ်ခဲ့သော်လည်း မွန်တို့နှင့် ဖြစ်ပွား သော စစ်ပွဲတွင် ဗြိတိသျှတို့သည် ၎င်းအားသစ္စာဖောက် သည် ဟု ဘုရင်သည် ခံစားရသော အခါ ထိုကျွန်းကို ၁၇၅၉ တွင် အင်အားသုံး၍ ပြန်လည် ရယူခဲ့သည်။[6] ၁၈၂၅ တွင် မြစ်ဝ ကျွန်းပေါ် ၌ ဖြစ်ပွားသော ဓနုဖြူ တိုက်ပွဲသည် ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲ ( ၁၈၂၄-၁၈၂၆) တွင် မြန်မာများ အနေဖြင့် ခေတ်မီ တိုးတက်သော ဗြိတိသျှ တပ်များ ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ သည့် အဓိကကျသော နောက်ဆုံး ခုခံတိုက်ခိုက်မှု ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသသည် ဒုတိယ အင်္ဂလိပ်- မြန်မာစစ်ပွဲ ဖြစ်ပွားသော ၁၈၅၂ တွင် အင်္ဂလိပ်တို့၏ သိမ်းပိုက်ခြင်း ခံခဲ့ရပြီး ဗြိတိသျှ ဘားမား၏ တစ်စိတ်တစ်ဒေသ ဖြစ်လာခဲ့သည်။ မြန်မာလူမျိုးများသည် ပို၍ စိမ်းလန်းသော စားကျက်မြေများကို ရှာဖွေရန် အတွက် ဗြိတိသျှ ဘားမား အတွင်း တောင်ဘက်သို့ စတင်၍ ရွှေ့ပြောင်း လာသော အခါ ဗြိတိသျှ ကိုလိုနီ အုပ် ချုပ်ရေးသည် ထိုနေရာဒေသကို လွှမ်းမိုးထားသည့် စိမ့်မြေတောများ နှင့် ရွှံ့ညွန် များ ကို မြောင်းဖောက် ၍ ရေစီးစေခဲ့ပြီး ကျုံးများနှင့် တာတမံများတည်ဆောက်ခြင်း တို့ကို ဆန် စပါး ထွန်ယက် စိုက်ပျိုးရန် အတွက် ၁၈၆၁ မှ စတင်၍ ပြုလုပ်ခဲ့ကြသည်။ မြစ်ဝကျွန်းပေါ် ဒေသ တွင် စပါးခင်း ၆၀၀,၀၀၀ ဟက်တာ ကို ကာကွယ်ရန် ၁,၃၀၀ ကီလိုမီတာ ရှိသော အဓိက တာတမံ အချို့ရှိ သည်။

နေထိုင်သူများ[ပြင်​ဆင်​ရန်​]

ဤဒေသတွင် ဈေးမြို့များအပြင် အဓိက မြစ်ကြောင်းများ တစ်လျှောက်ရှိရွာများစွာတို့တွင် အဓိကအားဖြင့်လယ်ယာစိုက်ပျိုးရေး နှင့် ငါးဖမ်းလုပ်ငန်း လုပ်ကိုင် သည့် လူ့အဖွဲ့အစည်းများဖြင့် လူနေ ထူထပ်လျက် ရှိသည်။ ၁၀၀ စတုရန်း ကီလိုမီတာ တွင် ဤဒေသသည် တစ်နိုင်ငံလုံး ရှိ လူဦးရေ အထူထပ်ဆုံး သော ဒေသများ အနက်မှ တစ်ခု အပါအဝငဖစ်ပြီး စုစုပေါင်း လူဦးရေ ၃.၅ သန်း ရှိသည်။ လက်ရှိ နေထိုင်သူ များတွင် မွန် နှင့် ဗမာ မှ လွဲ၍ အများစုမှာ ပိုးကရင် နှင့် မွတ်စလင် များပါဝင်သည်။

စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး[ပြင်​ဆင်​ရန်​]

ဤဒေသသည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ဆန်ထုတ်လုပ်သူဖြစ်သည့် အလျောက် ၁၉၉၀ နှင့် ၂၀၀၀ နှစ်များ အတွင်းတွင် ၎င်း၏ ကုန်းလမ်းခရီးသယ်ယူ ပို့ဆောင်ရေး အခြေခံ အဆောက်အအုံမှာ အကြီးအကျယ် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ စုစုပေါင်း ထွန်ယက် စိုက်ပျိုးနိုင်သော မြေ၏ သုံးပုံ နှစ်ပုံသည် ဆန်စပါး စိုက်ပျိုးခြင်း အတွက် အသုံးပြုပြီး တစ် ဟက်တာ လျှင် အထွက်နှုန်း ၂,၀၀၀ - ၂,၅၀၀ ကီလိုဂရမ် ခန့်ရှိသည်။ ငါးဖမ်းခြင်းကို အသေ ပြုလုပ်ထားသော ငါးဖမ်းသည့် ဘောင်များ နှင့် လှေအငယ်များ မှ နေ၍လည်း လုပ်ဆောင်သည်။ ပုစွန် ဖမ်းသည့် လုပ်ငန်းနှင့် ပင်လယ် လိပ်ဥများကို ရှာဖွေခြင်းသည် အဓိက စီးပွားရေး လုပ် ငန်းများ ဖြစ်ကြပြီး ယခုအခါတွင် ထိုလုပ်ငန်း နှစ်မျိုးလုံးမှာ စိုက်ပျိုးရေး အတွက် မြေယာ ရှင်းလင်း ဆောင်ရွက်ခြင်းများကြောင့် လမုတောများ ဆုံးရှုံးခြင်း၏ ခြိမ်းခြောက်မှုကို ခံနေရသည်။ မြစ်ဝကျွန်းပေါ်ဒေသ တစ်လျှောက်တွင် ဆက်သွယ်ရေးမှာ- ရေလမ်းခရီးသည် အလွယ်ကူဆုံး ဖြစ်သောကြောင့် အိမ်ထောင်စုတိုင်းသည် လှေတစ်စင်း စီ ပိုင်ဆိုင်ကြပြီး ဘိုကလေး ၊ မော်လမြိုင်ကျွန်း နှင့် မြောင်းမြ ကဲ့သို့ အဓိက မြို့များသည် မီးသင်္ဘော ကို အသုံးပြုသည်။

အမျိုးအသား အမွေအနှစ်နေရာများနှင့် သဘာဝ သီးသန့် ထိန်းသိမ်းထားခြင်းများ[ပြင်​ဆင်​ရန်​]

မိန်းမလှကျွန်း သီးသန့်ထားရှိခြင်းသည် အမျိုးသား အမွေအနှစ် နေရာတစ်ခု ဖြစ်ပြီး လမု သစ် တောများစွာနှင့် ပင်လယ်သတ္တဝါ အမျိုးအစား ပေါင်းများစွာ အတွက် သဘာဝ နေရာ တစ်ခု ဖြစ်သည်။ ဧရာဝတီ လင်းပိုင် သည် မြစ်ဝကျွန်းပေါ်ဒေသ၏ စစ်မှန်သည့်ဒေသခံ မြစ် လင်းပိုင် တစ်မျိုးမဟုတ်သော်လည်း ၎င်းသည် မြစ်ကိုအစွဲပြု၍ အမည်ပေးထားခြင်း ခံရပြီး ဤပင်လယ် လင်းပိုင်များသည် အရှေ့တောင်အာရှ ၏မြစ်များ အတွင်းသို့ ဝင်ရောက်သွားကြသည် ဟု သိထားကြသည်။ အောက်ပါတို့ကိုလည်း ကြည့်ပါ • ဧရာဝတီ တိုင်း • ဧရာဝတီ လင်းပိုင် • ဆိုင်ကလုန်း နာဂစ်

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://en.wikipedia.org/wiki/Irrawaddy_Delta

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]