ဧရာဝတီ လင်းပိုင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဧရာဝတီ လင်းပိုင် (Irrawaddy Dolphin)
သဘာဝထိမ်း​သိမ်းခြင်းအခြေအနေ
Status iucn3.1 VU.svg
Vulnerable
(IUCN Red List Ver.3.1 (2001))
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Animalia
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Mammalia]]
မျိုးစဉ် [[Cetacea]]
မျိုးရင်း [[Delphinidae]]
မျိုးစု [[Orcaella]]
မျိုးစိတ် '''''O. brevirostris'''''
ဒွိနာမ
''Orcaella brevirostris''

ဧရာဝတီ လင်းပိုင်သည် ကမ္ဘာပေါ်ရှိ ရေချိုဒေသတွင် ကျက်စားနေထိုင်သမျှ လင်းပိုင်များ အားလုံးကို ဧရာဝတီ လင်းပိုင်ဟု ခေါ်တွင်လေသည်။ ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင်များ ကျက်စားနေထိုင်လေ့ရှိသော နေရာများမှာ ဗန်းမော်မြို့နှင့် မန္တလေးမြို့အကြားရှိ မြစ်အပိုင်းအတွင်းတွင် ဖြန့်ကြက်သွားလာ ပေါက်ဖွား ရှင်သန်လျက်ရှိသည်။ ဧရာဝတီ လင်းပိုင်သည် ရေနေနို့တိုက် သတ္တဝါတစ်မျိုးဖြစ်သည်။ ဧရာဝတီ လင်းပိုင်သည် အရှေ့တောင် အာရှ၏ ထင်ရှားသော ပြယုဂ် တစ်ခု ဖြစ်သည်။

ဧရာဝတီ လင်းပိုင်များကို ဧရာဝတီ မြစ်ထဲတွင် စတင်တွေ့ရှိခဲ့၍ တကမ္ဘာလုံးမှာရှိသော ရေချိုလင်းပိုင် အားလုံးကို စတွေ့သည့်သူက ဧရာဝတီ လင်းပိုင်ဟု ခေါ်ဆိုခဲ့တာဖြစ်သည်။ မြန်မာနိုင်ငံမှာတွေ့သော ငါးမျိုးစိတ်အသစ်တစ်ခု အနေနှင့် ကမ္ဘာတွင် မှတ်တမ်းပြုခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ဧရာဝတီမြစ်ထဲတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းဌာနနှင့် World life conservation မှ ထိန်းသိမ်းထားသော အကောင် ၇၀ လောက်ရှိနေသည်။ မင်းကွန်း၊ မန္တလေးမြောက်ဘက်ရှိ မြင်ဇွန်းဆိုသော ရွာကလေးနားမှာ ရှေးနှစ်ပေါင်းများစွာက သူတို့၏ ဘိုး၊ ဘွား လက်ထက်ကတည်းက လင်းပိုင်များ၏ အကူအညီနှင့် ပူးပေါင်းပြီး ငါးဖမ်းလာခဲ့ကြသည်။

လင်းပိုင်များသည် တံငါသည်လှေများကို သိ၏။ သစ်သားချောင်းလေးနှင့် လှေကို ခေါက်လိုက်လျှင် လင်းပိုင်များသည် အနားကို ကပ်လာကြသည်။ ဧရာဝတီမြစ်ထဲတွင် လွတ်လွတ်လပ်လပ် သွားနေသော လင်းပိုင်များသည် တံငါသည်များနှင့် ပူးပေါင်းပြီး ငါးဖမ်းပေးလေ့ရှိကြသည်။ လင်းပိုင်များသည် ငါးရှိသော နေရာများကို သွား၍ အမြီးလေးနှင့် အချက်ပြလိုက်တာနှင့် တံငါးသည်များက ကွန်ပစ်၍ ငါးဖမ်းကြသည်။ [၁]

ဧရာဝတီ လင်းပိုင်များ ထိန်းသိမ်းရေးနားလည်မှု စာချွန်လွှာ (MOU)တစ်ရပ်ကို ၂၀၀၇-ခုနှစ်၊ ဖေဖော်ဝါရီလဆန်းတွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)တို့ လက်မှတ်ရေးထိုးခဲ့ကာ ဧရာဝတီလင်းပိုင်များကျက်စားရာ မတ္တရာမြို့နယ် မြေစွန်းကျေးရွာ၌ အသိပညာပေးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ၂၀၀၇-ခုနှစ်၊ ဒီဇင်ဘာလ အတွင်း၌ မင်းကွန်းနှင့် ကျောက်မြောင်းမြို့အကြား ၇၂ ကီလိုမီတာကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းဧရိယာအဖြစ် သတ်မှတ်ခဲ့သည်။ ထို့အတူ ဧရာဝတီမြစ်အတွင်းရှိ ဧရာဝတီ လင်းပိုင်များ မြစ်အတွင်းဖြန့်ကျက် နေထိုင်မှုကို အပြည့်အဝသိရှိနိုင်ရန် ၂၀၀၂-ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများက ပထမဆုံးအကြိမ် လေ့လာမှုပြုလုပ်ခဲ့ရာ ဗန်းမော်နှင့် မင်းကွန်းကြား၌ လင်းပိုင် (၃၇) ကောင် တွေ့ခဲ့ကြောင်း၊ မှတ်တမ်းပြုနိုင်ခဲ့ပြီး ၂၀၀၃-ခုနှစ်၊ ဒီဇင်ဘာလတွင် မန္တလေးနှင့် ဗန်းမော်ကြား ဧရာဝတီမြစ်ကြောင်း အတိုင်း အစုန်အဆန် လေ့လာမှုများ ပြုလုပ်ခဲ့ရာ လင်းပိုင် (၅၉) ကောင်၊ ၂၀၀၄-ခုနှစ်၊ ဒီဇင်ဘာလတွင် (၇၂) ကောင်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

မန္တလေးမြို့အနီးတွင် ဧရာဝတီမြစ်အတွင်း၌ ရှားပါးမျိုးတုန်းတော့မည် ဖြစ်သော ဧရာဝတီလင်းပိုင်များ မှီတင်းနေထိုင်နေကြပါသည်။ Orcaella brevirostris ဟု သိပ္ပံအမည်ပေးထားသော လင်းပိုင်များသည် ကမ္ဘာပေါ်တွင် ၄-မျိုးသာ ကျန်ရှိတော့သည့် ရေချိုလင်းပိုင်ငါးများအနက်မှ ရှားပါးမျိုးနွယ်ဝင် ဖြစ်ပါသည်။ သို့သော်လည်း လွန်ခဲ့သည့် ရာစုနှစ်အတွင်း ဧရာဝတီမြစ်အတွင်း နေထိုင်ကြသည့် ရေချိုလင်းပိုင်ငါး အရေအတွက် ၆၀% အထိ လျော့ကျသွားခဲ့ပါသည်။ ယခုအချိန်တွင် ရရှိနိုင် သမျှသော အကောင်းဆုံး ခန့်မှန်းထားသည့် ဧရာဝတီလင်းပိုင်ငါး အရေအတွက်မှာ ၅၉ ကောင်သာ ဖြစ်ပါသည်။

ဤလင်းပိုင်ငါးများသည် ၂ မီတာမှ ၂.၇၅ မီတာအထိ အလျားရှိကြပြီး၊ အပြာနက်မှောင်အရောင်နှင့် မီးခိုးရောင်အရင့် အရောင်ရှိကြပါသည်။ ဤလင်းပိုင်ငါးများသည် လူများနှင့် ရင်းနှီးစွာ ပေါင်းသင်း၍ ပူးပေါင်းဆက်ဆံမှု ရှိကြပြီး၊ ဤအချက် မှာ လူနှင့် တိရစ္ဆာန်များ ဆက်ဆံရေးအတွက် လေ့လာမှုပြုရန် အထူးအခွင့်ကောင်း ဖြစ်ပါသည်။ ငါးများ ရွှေ့ပြောင်းသွားလာမှု ပုံစံပြောင်းလာခြင်း၊ ရေ အရည်အသွေးကျဆင်းလာခြင်း၊ မြစ်ကြောင်းရေစီးများ ပြောင်းလဲခြင်းကြောင့် ၎င်းရေသတ္တဝါများ အရေအတွက်လည်း ကျဆင်းလာနေပါသည်။ ဧရာဝတီမြစ်မေခမေလိခ မြစ်များတွင် ဆည်များ တည်ဆောက်မည်ဆို ပါက မူလကတည်းက ရှားပါးမျိုးနွယ်ဝင်ဖြစ်နေသော ဧရာဝတီလင်းပိုင်ငါး များ ရှားပါးပျောက်ကွယ်စေရန် ခြိမ်းခြောက်မှုကြီး ဖြစ်နေစေပါသည်။

ထိန်းသိမ်းရေး ကင်းလှည့်အစီအစဉ်[ပြင်​ဆင်​ရန်​]

ကမ္ဘောဒီးယားနိုင်ငံ အပိုင်း မဲခေါင်မြစ်အတွင်း တွေ့ရှိရသော ဧရာဝတီ လင်းပိုင်

ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ ပူး ပေါင်းဆောင်ရွက်သည့် ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ပညာပေး ကင်းလှည့်အစီအစဉ် ၂၀၀၉-၁ဝ ခုနှစ် ကို စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း အကြား ဧရာဝတီမြစ် အစိတ်အပိုင်း၊ မင်းကွန်းနှင့် ကျောက်မြောင်းမြို့ အကြား ၇၄ ကီလိုမီတာအကွာအဝေး၊ ဧရာဝတီလင်းပိုင်ထိန်းသိမ်း စောင့်ရှောက်ရေးနယ်မြေ၌ စက်တင်ဘာ၌ ပြန်လည်စတင်နေပြီဖြစ်သည်။

ဇူလိုင်နှင့် ဩဂုတ်လတွင် ခရီးစဉ်၌ အသုံးပြုသော လှေ၊ မော်တော်များ ကြံ့ခိုင်ရေးဆောင်ရွက်ခြင်း၊ ခရီးစဉ် အတွက် ကြိုတင်ပြင်ဆင်ခြင်းစသည် တို့ကို ပြုလုပ်ကြပြီး အဆိုပါအစီအစဉ်ကို နှစ်စဉ် စက်တင်ဘာလမှ ဇွန်လ အထိ တစ်လလျှင်နှစ်ကြိမ်၊ တစ်ကြိမ်လျှင် တစ်ပတ်ခန့် ထိန်းသိမ်းရေးနယ်မြေတွင် လုပ်ငန်းစဉ်များကို ဆောင်ရွက်ကြခြင်းဖြစ်သည်။

ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ပညာပေးကင်းလှည့်အစီအစဉ်၌ ထိန်း သိမ်းရေးနယ်မြေအတွင်းရှိ ကျေးရွာ များတွင် ဧရာဝတီလင်းပိုင်နှင့် ပတ်သက်သော ပညာပေးလုပ်ငန်းများ၊ ပတ်ဝန်းကျင် ထိန်းသိန်းရေးလုပ်ငန်း များ၊ ငါးလုပ်ငန်းဦးစီးဌာနမှချမှတ် ထားသော မူဝါဒများအကောင်အထည် ဖော်ခြင်းလုပ်ငန်းများ၊ ငါး သုတေသန လုပ်ငန်းများ၊ တရားမဝင် ငါးဖမ်းနည်း များဖြစ်သည့် ရှော့တိုက်ခြင်း၊ မိုင်းခွဲ ခြင်း၊ အဆိပ်ချခြင်းများကို နေ့ညကင်းလှည့်ခြင်း၊ ဧရာဝတီလင်းပိုင် သဘာဝလေ့လာခြင်း စသည်တို့ကို ဆောင်ရွက်ကြောင်း သိရသည်။

ဧရာဝတီလင်းပိုင် သဘာဝလေ့လာ ခြင်း (Behavior Budget) တွင် အစာရှာခြင်း (Feeding) ၊ ခရီးသွား ခြင်း (Traveling)၊ အနားယူခြင်း (Resting)၊ ပေါင်းသင်းဆက်ဆံခြင်း (Socializing) တို့ပါဝင်ပြီး ဧရာဝတီ လင်းပိုင်အုပ်နှင့် မီတာ ၅ဝ အကွာ အဝေးရှိ လေ့လာရေးမော်တော်ပေါ်မှ နေ၍နှစ်နာရီခန့် တောက်လျှောက် ကြည့်ရှုလေ့လာ မှတ်တမ်းတင်ကြခြင်း ဖြစ်သည်။

မန္တလေး-ဗန်းမော် ကြားတွင် ဧရာဝတီလင်းပိုင် ၇၂ ကောင်ခန့်ရှိပြီး ထိန်းသိမ်းရေးနယ်မြေ၌ လင်းပိုင် ၁၆ မှ ၁၈ ကောင်ခန့်ရှိရာ မန္တလေး-ဗန်းမော် ကြားရှိ လင်းပိုင်အရေအတွက်၏ ၂၄ ရာခိုင်နှုန်းခန့်ဖြစ်သည်။

၂၀၀၂ ခုနှစ်မှစတင်၍ ဧရာဝတီ လင်းပိုင်နှင့် ပတ်သက်သော လေ့လာမှု များကိုစတင်ခဲ့ပြီး မင်းကွန်းနှင့် ကျောက်မြောင်းမြို့ ကြားဒေသတွင် လင်းပိုင် ၂၄ ရာခိုင်နှုန်းခန့်ရှိခြင်း၊ လူနှင့်လင်းပိုင် ပူးပေါင်း၍ ငါးဖမ်း သည့် ဓလေ့စရိုက်ရှိခြင်းတို့ကြောင့် ထိန်းသိမ်းရေးနယ်မြေအဖြစ် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် သတ် မှတ်ခဲ့သည်။

မြန်မာနိုင်ငံဂုဏ်ဆောင် ရေနေ နို့ တိုက်သတ္တဝါဖြစ်သည့် ဧရာဝတီလင်း ပိုင်များထိန်းသိမ်းခြင်းနှင့် သုတေသန လုပ်ငန်းများကို ဖော်ဆောင်နိုင်ရန်၊ ဧရာဝတီလင်းပိုင်နှင့် ရေလုပ်သားတို့ အကျိုးတူ ပူးပေါင်း ငါးဖမ်း သည့် ရိုးရာ အလေ့အထကို ဆက်လက်ထိန်းသိမ်း ရန်၊ ဧရာဝတီလင်းပိုင်နှင့် ငါးမျိုးပြုန်း တီးမှုကို ဖြစ်ပေါ် စေသော တရားမဝင် ငါးဖမ်းဆီးခြင်းများ (လျှပ်စစ်ရှော့တိုက်ခြင်း၊ မိုင်းခွဲခြင်း၊ အဆိပ်ချခြင်း) နှင့် မြစ် ချောင်းများအတွင်း ရွှေတူးဖော်မှု များ ပပျောက်စေရန် ဧရာဝတီလင်းပိုင် မျိုးမသုဉ်းစေရေးအတွက် ပြည်သူ များက ဝိုင်းဝန်းပူးပေါင်း ကာကွယ်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ထိန်းသိမ်းရေး နယ်မြေကို သတ်မှတ်ခဲ့ ခြင်းဖြစ်သည်။

ထိန်းသိမ်းရေး နယ်မြေဖြစ်သည့် မင်းကွန်းနှင့် ကျောက်မြောင်းမြို့ အကြားသို့ မန္တလေးမြို့မှ စက်တပ် ရေယာဉ်ဖြင့် ဆန်တက်၍လည်းကောင်း၊ မန္တလေးမြို့မှ စဉ့်ကူးသို့ ကားဖြင့် သွားရောက်ပြီး စက်တပ်ရေ ယာဉ်ဖြင့် စုန်ဆင်း၍လည်းကောင်း သွားရောက် လေ့လာနိုင်သည်။

မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင်သာရှိ သော ဧရာဝတီလင်းပိုင်နှင့် လက်ပစ်ကွန် ရေလုပ်သားတို့ ပူးပေါင်း ငါးဖမ်းဆီးသည့် သဘာဝဓလေ့စရိုက် နှင့် ဧရာဝတီလင်းပိုင်များကို နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက် ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး နယ်မြေသတ်မှတ်ပြီး နယ်မြေအတွင်း၌ ထိန်းသိမ်းရေးပညာပေး ကင်းလှည့် အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း၊ ဧရာဝတီလင်းပိုင်များ ကျက်စားသည့် မန္တလေး-ဗန်းမော် ကြား ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ၌ တစ်နှစ်တစ်ကြိမ် ကင်းလှည့်စစ်ဆေးခြင်းဖြင့် ဧရာဝတီ လင်းပိုင်များ နေထိုင် ကျက်စားသည့် နယ်မြေဧရိယာများ တိုးပွားလာခြင်း၊ လင်းပိုင်များအပေါ် ကျရောက်နေသည့် အန္တရာယ်များ လျော့ကျခြင်း၊ လင်းပိုင်များ၏ အုပ်စု ပမာဏတိုးပွားလာခြင်း၊ လင်းပိုင်နှင့် အတူငါးဖမ်းဆီးကြသည့် လက်ပစ်ကွန် ရေလုပ်သားများ ငါးဖမ်းဆီးနိုင်သည့် နယ်မြေ ဧရိယာကျယ်ဝန်း လာပြီး ရေလုပ်သားဦးရေ တိုးပွားလာခြင်း၊ လင်းပိုင်နှင့်အတူ ငါးဖမ်းဆီးသည့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ခြင်း၊ ဒေသ တွင်းရှိပြည်သူ လူထုထိန်းသိမ်းစောင့် ရှောက်မှုဆိုင်ရာ အသိပညာများ တိုးပွားလာပြီး လုပ်ငန်းများ တွင် ပူးပေါင်း ပါဝင်လာခြင်း၊ လင်းပိုင်နှင့် ငါးဖမ်းဆီး သည့် လုပ်ငန်းများကို ကမ္ဘာလှည့် ခရီးသည်များ လာရောက်ကြည့် ရှုကြ သဖြင့် ဧရိယာနယ်မြေအခွန်အခများ ရရှိခြင်း၊ ရေလုပ်သားများနှင့် ဒေသခံ ကျေးရွာများ ဖွံ့ဖြိုးစည်ပင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

ဧရာဝတီလင်းပိုင်များကို မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ကြောင်း၊ ရခိုင် ကမ်းမြောင်ဒေသ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် တွေ့ရသည်။

ကမ္ဘာတွင် ဩစတြေးလျတိုက် မြောက်ပိုင်း၊ နယူးဂီနီ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယအရှေ့ မြောက်ဒေသ၊ ဂင်္ဂါမြစ်အင်ဒိုနီးရှားနိုင်ငံ မဟာခမ်မြစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗြဟ္မပုတ္တရမြစ်၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံဗီယက်နမ်နိုင်ငံတို့ရှိ မဲခေါင်မြစ်ကြောင်း တစ်လျှောက်တို့ တွင်လည်း တွေ့ရသည်။ [၂]

ဧရာဝတီလင်းပိုင်တို့ကို တောင်အာရှနှင့် အရှေ့တောင်အာရှတို့၏ ကမ်းရိုးတန်းဒေသများတွင်၄င်း၊ မြစ်ကြီး (၃) စင်းဖြစ်သော မဲခေါင်မြစ်၊ မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်နှင့်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘော် နီယိုကျွန်းရှိ မဟာခမ်မြစ်တို့တွင်၄င်း တွေ့နိုင်ပါသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. လွင်မိုးခရီးသွားနေသည်မှ ကောက်နှုတ်သည်။
  2. မြန်မာတိုင်း (အတွဲ ၂၂၊ အမှတ် ၄၃၂ (၁၈. ၉.၀၉)