ရေငုပ်သင်္ဘော
From Wikipedia
ရေငုပ်သင်္ဘောဆိုသည်မှာ ရေအောက်တွင် လွတ်လပ်စွာရွေ့လျားသွားလာနိုင်သော ရေယာဥ်တစ်မျိုးဖြစ်သည်။ သာမန်ရေအောက်သွားယာဥ်မှာ ရေအောက်တွင် အကန့်အသတ်ဖြင့်သာ အလုပ်လုပ်နိုင်သဖြင့် ရေငုပ်သင်္ဘောနှင့် ကွဲပြားခြားနားသည်။ ရေငုပ်သင်္ဘောဆိုသော အသုံးအနှုန်းမှာ အများအားဖြင့် လူအများအပြားတင်ဆောင်သော စက်တပ်ယာဥ်ကို ခေါ်ဆိုခြင်းဖြစ်သည်။