စက်ရုပ်
From Wikipedia
စက်ရုပ်ဆိုသည်မှာ စက်မှု သို့မဟုတ် လူသားတို့ အတုအယောင်ြပုလုပ်ထားခြင်းဖြင့် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သော အရာဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ စက်ရုပ်သည် အသွင်သဏ္ဌန်အားဖြင့်သော်လည်းကောင်း၊ လှုပ်ရှားသွားလာပုံအားဖြင့်သော်လည်းကောင်း မိမိဘာသာမိမိ သွားလာလှုပ်ရှား လုပ်ကိုင်နေသည် ဟူသော အထင်အမြင်မျိုးကို ဖြစ်ပေါ်စေသည်။
မည်သို့သော စက်မျိုးကို စက်ရုပ်အဖြစ်သတ်မှတ်နိုင်သည် ဆိုသော အချက်ကို ဆွေးနွေးငြင်းခုံနေဆဲဖြစ်သော်လည်း ပုံမှန်အားဖြင့် စက်ရုပ်သည် အောက်ပါအချက်အလက်များထဲမှ အကုန်လုံးမဟုတ်စေကာမူ အချို့သောအချက်အလက်များဖြင့် ကိုက်ညီသင့်သည်။
- ရွေ့လျားသွားလာနိုင်ခြင်း
- စက်မှုနည်းဖြင့် ပြုလုပ်ထားသော လက်များရှိခြင်း
- ပတ်ဝန်းကျင်ကို အာရုံခံနိုင်ခြင်း နှင့် ကိုင်တွယ်နိုင်ခြင်း
- လူနှင့်တိရိစ္ဆာန်တို့ကို အတုခိုးသော အပြုအမူများကိုပြုလုပ်နိုင်ခြင်း
[ပြင်ဆင်ရန်] စက်ရုပ်၏ သွင်ြပင်လက္ခဏာများကို သတ်မှတ်ခြင်း
စက်ရုပ်နှင့် ပတ်သက်၍ တသမတ်တည်းရှိသော အမြဲတမ်းမှန်ကန်သော အဓိပ္ပါယ်ဖွင့်ဆိုချက် မရှိသော်လည်း အောက်ပါအချက်အလက်များထဲမှ အချို့ သို့မဟုတ် အကုန်လုံးသော အချက်အလက်များဖြင့် ကိုက်ညီသင့်သည်။
- သဘာ၀အတိုင်း ဖြစ်ပေါ်ခြင်းမဟုတ်ပဲ လူသားမှ ဖန်တီးထားခြင်း။
- ပတ်၀န်းကျင်ကို အာရုံခံနိုင်ခြင်း နှင့် ပတ်၀န်းကျင်ရှိ အရာ၀တ္ထုများကို ကိုင်တွယ်နိုင်ခြင်းနှင့် ထိတွေ့မှုပြုနိုင်ခြင်း။
- ကြိုတင်ထည့်သွင်းထားသော ပရိုဂရမ်အားဖြင့်သော်လည်းကောင်း အလိုအလျောက်ထိန်းချုပ်မှုအားဖြင့်သော်လည်းကောင်း ၄င်း၏ ပတ်၀န်းကျင်တွင် ရွေးချယ်မှုပြုနိုင်သော စွမ်းရည်ရှိခြင်း။
- ကြိုတင်ချမှတ်ထားသောအစီအစဥ် ( ပရိုဂရမ်) များထည့်သွင်းနိုင်ခြင်း
- အတည့် သို့မဟုတ် လည်ပတ်သော ၀င်ရိုးတစ်ခုဖြင့် ရွေ့လျားနိုင်ခြင်း
- တိကျသောရွေ့လျားမှုဖြင့် Coordinate System အတွင်း ရွေ့လျားနိုင်ခြင်း
- ရည်ရွယ်ချက်ရှိရှိဖြင့် လူ၏ကိုယ်စားလှယ်ပမာ ဆောင်ရွက်ဟန် ပေါ်ပေါက်ခြင်း