ယူကရိန်းနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ယူကရိန်းနိုင်ငံ
Україна
Ukraine
Flag of Ukraine.svg Lesser Coat of Arms of Ukraine.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်သီချင်း -
Anthem-of-Ukraine Chorus Veryovka.ogg
ပထဝီ
Europe-Ukraine.svg
မြို့တော် ကီးယက်မြို့
အကြီးဆုံးမြို့ ကီးယက်မြို့
ဧရိယာ
  • ဧရိယာ - ၆၀၃,၆၂၈ km² (၂၃၃,၀၉၀ sq mi) (အဆင့်: ၄၅)
  • ရေဖုံးလွှမ်းမှု - ၇ %%
စံတော်ချိန်ဇုန် UTC +၂
နွေရာသီ - +၃
လူနေမှု
လူဦးရေ
နိုင်ငံရေး
အမျိုးအစား Unitary semi-presidential republic
အစိုးရခေါင်းဆောင်များ
  • သမ္မတ - Viktor Yanukovych
  • ဝန်ကြီးချုပ် - Mykola Azarov
ထူထောင်မှု
  • လွတ်လပ်ရေး ကြေငြာခြင်း
    (ဆိုဗီယက်ပြည်ထောင်စုမှ) - ဩဂုတ် ၂၄ ၁၉၉၁
စီးပွားရေး
GDP(PPP) US $၆,၆၅၆ (အဆင့် - )
HDI ၀.၇၁၀ (အမြင့်) (အဆင့် - ၆၉)
ငွေ Hryvnia
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .ua
Calling code +၃၈၀

ယူကရိန်းနိုင်ငံသည် အရှေ့ဥရောပတွင် ရှိသော နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ဧရိယာစတုရန်း ကီလိုမီတာ ၆၀၃,၆၂၈ ရှိသဖြင့် ဥရောပတိုက်ပေါ်တွင် တစ်ဆက်တည်းရှိသော နိုင်ငံများတွင် အကြီးဆုံး ဖြစ်သည်။ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်တွင် ရုရှားနိုင်ငံ၊ အနောက်မြောက်ဘက်တွင် ဘီလာရုဇ်နိုင်ငံ၊ အနောက်ဘက်တွင် ပိုလန်နိုင်ငံဆလိုဗက်ကီးယားနိုင်ငံ နှင့် ဟန်ဂေရီနိုင်ငံ၊ အနောက်တောင်ဘက်တွင် ရိုမေးနီးယားနိုင်ငံနှင့် မော်လ်ဒိုဗာနိုင်ငံ၊ တောင်ဘက်နှင့် အရှေ့တောင်ဘက်တွင် ပင်လယ်နက်နှင့် အာဇော့ဗ် ပင်လယ်တို့နှင့် ထိစပ်လျှက် ရှိသည်။ ယခင်က ယူကရိန်း (The Ukraine) ဟူသော အမည်ဖြင့် သိရှိကြသည်။


[ပြင်​ဆင်​ရန်​] ယူကရိန်းနိုင်ငံ

ယူကရိန်းနိုင်ငံသည် ဆိုဗီယက် ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိုင်ငံတွင် ပါဝင်သော သမ္မတနိုင်ငံတစ်ခု ဖြစ်သည်။ ယူကရိန်းနီယန် ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံဟု ခေါ်သည်။ ရုရှနိုင်ငံ အနောက်တောင်ပိုင်းတွင် တည်ရှိ၍ အနောက်ဘက်၌ ရူမေးနီးယား နိုင်ငံနှင့် ပိုလန်နိုင်ငံ၊ တောင် ဘက်၌ ပင်လယ်နက်တို့ ရှိလေသည်။ ထိုနိုင်ငံ၏ အကျယ် အဝန်းမှာ စတုရန်းမိုင် ၂၃၂၆ဝဝ ခန့် ဖြစ်၍ ဥရောပတိုက် တွင် မြေ0x100သဇာထက်သန်သော ဒေသဖြစ်သည်။ အဖိုးတန် တွင်းထွက်သတ္တုများကိုလည်း ရရှိသည်။ နီးပါးမြစ်နှင့် နီးစတားမြစ်တို့သည် ယူကရိန်းနိုင်ငံကို ဖြတ်သန်း၍ ပင်လယ် နက်ထဲသို့ စီးဝင်သည်။ နီးပါးမြစ်မှ ရေအားဖြင့် လျှပ်စစ် ဓာတ်အားကို ထုတ်ယူရရှိသည်။

ယူကရိန်းနိုင်ငံသားတို့သည် ဆလဗလူမျိုးအနွယ်များ ဖြစ်ကြ သည်။ လူဦးရေ ၄၄၁ဝဝဝဝဝ ယောက်ခန့် ရှိ၏။ ယင်းတို့ သည် မိမိတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အယူဝါဒတို့ကို မပျောက်ပျက်ရအောင် ထိန်းသိမ်း ထားကြသည်။ များသော အားဖြင့် လယ်ယာစိုက်ပျိုးလုပ်ကိုင်ကြ၍ ဂျုံ၊ ရိုင်းစပါး၊ မုယော၊ အုတ်ဂျုံ၊ သကြားမုန်လာ၊ အာလူး၊ ပြောင်း၊ ဆေး၊ ဝါနှင့် ဘီသွာလျှော်ပင်များကို စိုက်ပျိုးသည်။ သတ္တုတွင်းတူး သည့် လုပ်ငန်းနှင့်စက်မှုလက်မှုလုပ်ငန်းများလည်း ထွန်းကား သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက ဆိုဗီယက် ပြည်ထောင်စုမှ ထွက်သော ကျောက်မီးသွေး ငါးပုံ သုံးပုံမှာ ယူကရိန်းနိုင်ငံမှ ရရှိလေသည်။ သံနှင့်သံမဏိ လုပ်ငန်းကိုလည်း အကြီးအကျယ် လုပ်ကိုင်ကြသည်။ အခြား ထွင်းထွက်သတ္တုများမှာ မန်ဂနိ၊ အလျူမီနီယမ်၊ ရေနံ၊ ဆားနှင့် ဂျစ်ပဆမ်တို့ ဖြစ်ကြသည်။

မြို့တော်မှာ နီးပါးမြစ်ပေါ်ရှိ ကီးယက်မြို့ ဖြစ်၏။ အခြား မြို့ကြီးများမှာ ပင်လယ်နက်ပေါ်ရှိ ဆိပ်ကမ်းမြို့ ဖြစ်သော အိုဒက်ဆာမြို့နှင့် ခါးရကပ်မြို့များ ဖြစ်သည်။

၁၆ ရာစုနှစ်အတွင်းက ယခု ယူကရိန်းနိုင်ငံ တည်ရှိရာ ဒေသတွင် ကော့ဆပ်လူမျိုးတို့ လှည့်လည် ကျက်စားခဲ့ကြ၏။ ထိုနောက် ၁၈ရာစုနှစ်တွင် ပြည်နယ် အရှေ့ပိုင်းသည် ရုရှဇာ ဘုရင်၏ လက်အောက်ခံ ဖြစ်သွား၍ အနောက်ပိုင်းသည် 0x100သစ တြီးယားပိုင် ဖြစ်သွားလေသည်။ ရုရှတော်လှန်ရေးပြီးသည့် နောက် ၁၉၁၉ ခုနှစ်တွင် ယူကရိန်းနီယန် ဆိုဗီယက် ဆိုရှယ် လစ် သမ္မတနိုင်ငံဟူ၍ ပေါ်ပေါက်လာသည်။ ၁၉၂၃ ခုနှစ်တွင် ယူကရိန်း သမ္မတနိုင်ငံသည် ရုရှနိုင်ငံရှိ အခြားဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံများနှင့် ပူးပေါင်းကာ ဆိုဗီယက် ဆိုရှယ်လစ်ပြည်ထောင်စု သမ္မတနိုင်ငံကို ဖွဲ့စည်းလိုက် လေသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ယူကရိန်းနိုင်ငံသည် စစ်မြေပြင် ဖြစ်ခဲ့ရ၏။ ၁၉၄၁ ခုနှစ်တွင် ဂျာမန်စစ်တပ်များသည် တစ်နိုင်ငံလုံးကို သိမ်းပိုက်ထားခဲ့လေသည်။ ၁၉၄၄ ခုနှစ်တွင် ရုရှစစ်တပ်များက ဂျာမန်တို့ကို နိုင်ငံတွင်းမှ တိုက်ထုတ်ခဲ့ကြ သည်။ ထိုသို့အားဖြင့် ယူကရိန်းနိုင်ငံရှိ မြို့ကြီးများ၊ စက်ရုံကြီး များမှာ စစ်ဒဏ်ကြောင့် များစွာ ပျက်စီးကုန်၏။ စစ်ပွဲပြီး သောအခါ ချက်ကိုစလိုဗားကီးယားနိုင်ငံက ရုသီးနီးယားနယ် တွင် ယူကရိန်းနိုင်ငံသို့ ပေးအပ်ရလေသည်။

စစ်ပြီးခေတ်တွင် ယူကရိန်းနိုင်ငံသားတို့သည် ပြန်လည် ထူထောင်ရေး လုပ်ငန်းကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြ သည်။ ဤသို့အားဖြင့် ဆိုဗီယက် ပြည်ထောင်စု သမ္မတနိုင်ငံ အတွင်း အဓိကအားဖြင့် စားနပ်ရိက္ခာနှင့် စက်မှုလက်မှုပစ္စည်း များ ထုတ်လုပ်ပေးသည့် နိုင်ငံအဖြစ်သို့ ပြန်လည် ရောက်ရှိ ခဲ့လေသည်။[၁]

[ပြင်​ဆင်​ရန်​] ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်