ဗလာဒီမီယာ ပူတင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဗလာဒီမီယာ ပူတင်
ဗလာဒီမီယာ ပူတင်
အမည်​ရင်း ဗလာဒီမီယာ ဗလာဒီမီရိုဗစ်ခ်ျ ပူတင်
မွေး​သက္ကရာဇ် ၁၉၅၂ အောက်တိုဘာ ၇
နိုင်ငံသား ရုရှား
ကြင်ဖော် Lyudmila Putina
လက်မှတ် Putin signature.svg

ဗလာဒီမီယာ ဗလာဒီမီရိုဗစ်ချ် ပူတင် (English: Vladimir Vladimirovich Putin Russian: Влади́мир Влади́мирович Пу́тин) သည် ရုရှား နိုင်ငံရေးသမားတစ်ယောက် ဖြစ်ပြီး ၁၉၅၂ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် လီနင်ဂရက်မြို့တွင် မွေးဖွားသည်။ သူသည် ၂၀၀၀ ခုနှစ် ဇန်နဝါရီမှ ၂၀၀၈ ခုနှစ်မေလ အထိ ရုရှား သမတ ဖြစ်ခဲ့သည်။ သမ္မတ မဖြစ်ခင် အချိန်က ပူတင်သည် ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သည်။ သူသည် ကေဂျီဘီ အတွက် အလုပ်လုပ်ခဲ့ဖူးပြီး ယခင်က ရှေ့နေတစ်ဦး ဖြစ်သည်။ သူသည် ရုရှား အော်သိုဒေါ့ဖ် ဘုရားကျောင်း၏ အသင်းဝင် ဖြစ်သည်။ လျူဒမီလာ ပူတင်နှင့် လက်ထပ်ပြီး သမီးနှစ်ယောက် ရခဲ့သည်။

၁၉၈၅ မှ ၁၉၉၀ အထိ ကေဂျီဘီသည် ပူတင်အား အရှေ့ ဂျာမနီနိုင်ငံ ဒရက်စဒန်မြို့တွင် တာဝန်ချထားခဲ့သည်။ ပူတင်က ထို အလုပ်ကို မဖြစ်စလောက် အလုပ်တစ်ခုဟု ထင်မြင်ယူဆခဲ့သည်။

အရှေ့ဂျာမနီ အစိုးရ ပြုတ်ကျပြီးနောက်တွင် ပူတင်အား ဆိုဗီယက်ပြည်ထောင်စုသို့ ပြန်ခေါ်ခဲ့ပြီး သူသည် လီနင်ဂရက်သို့ ပြန်လာခဲ့သည်။ သူသည် ၁၉၉၀ ဇွန်လတွင် လီနင်ဂရက်စတိတ် တက္ကသိုလ်၏ နိုင်ငံတကာရေးရာဌာန တွင် အလုပ်လုပ်ခဲ့ပြီး လက်ထောက်မော်ကွန်းထိန်း အောက်တွင် တာဝန် ထမ်းဆောင် ခဲ့ရသည်။ ၁၉၉၁ ဇွန်လတွင် သူသည် စိန့်ပီတာစဘတ်ခ်မြို့ မြို့တော်ဝန်ရုံး နိုင်ငံတကာ ကောင်မတီတွင် ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ သူ၏ အလုပ်မှာ နိုင်ငံတကာဆက်ဆံရေး တိုးတက်ရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးပွားအောင် ဆောင်ရွက်ရန် အတွက် ဖြစ်သည်။

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်