ဟန်ဂေရီနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဟန်ဂေရီသမ္မတနိုင်ငံ
Flag of Hungary.svg Coat of arms of Hungary.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
ပထဝီ
EU-Hungary.svg
မြို့တော် ဘူဒါပတ်စ်မြို့
အကြီးဆုံးမြို့ ဘူဒါပတ်စ်မြို့
ဧရိယာ
  • ဧရိယာ - ၉၃,၀၃၀ km² (အဆင့်: ၁၀၉)
  • ရေဖုံးလွှမ်းမှု - ၀.၇၄%
စံတော်ချိန်ဇုန် UTC +၁
လူနေမှု
ရုံးသုံးဘာသာများ ဟန်ဂေရီ
လူဦးရေ
နိုင်ငံရေး
အမျိုးအစား ပါလီမန် သမ္မတစနစ်
အစိုးရခေါင်းဆောင်များ
  • သမ္မတ - Pál Schmitt
  • ဝန်ကြီးချုပ် - Viktor Orbán
ထူထောင်မှု
  • ဟန်ဂေရီ - ၈၉၅
  • ခရစ်ယာန် ဘုရင်နိုင်ငံ - ၁၀၀၀
  • တတိယသမ္မတနိုင်ငံတော် - ၁၉၈၉ အောက်တိုဘာ ၂၃
စီးပွားရေး
GDP(PPP) US $ ၁၈၇.၆၂၇ ဘီလီယံ (အဆင့် - )
GDP(PPP) US $၁၈,၇၃၈ (အဆင့် - )
HDI ၀.၈၀၅ (အမြင့်) (အဆင့် - )
ငွေ ဖိုရင့်
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .hu
Calling code +၃၆

ဟန်ဂေရီနိုင်ငံ (တရားဝင်အခေါ်အားဖြင့် [၁]ဟန်ဂေရီ သမ္မတနိုင်ငံ) သည် ဥရောပ အလယ်ပိုင်းတွင် ရှိသော ကုန်းတွင်းပိတ် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ပန်နိုနီယမ် မြစ်ဝှမ်းဒေသတွင် တည်ရှိပြီး မြောက်ဘက်တွင် ဆလိုဗက်ကီးယားနိုင်ငံ၊ အရှေ့ဘက်တွင် ယူကရိန်းနိုင်ငံ နှင့် ရိုမေးနီးယားနိုင်ငံ၊ တောင်ဘက်တွင် ဆားဘီးယားနိုင်ငံ နှင့် ခရိုအေးရှားနိုင်ငံ ၊အနောက်တောင်ဘက်တွင် ဆလိုဗေးနီးယားနိုင်ငံ နှင့် အနောက်ဘက်တွင် ဩစတြီးယားနိုင်ငံ တို့ ရှိကြသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဘူဒါပတ်စ်မြို့ ဖြစ်သည်။ ဟန်ဂေရီသည် ဥရောပသမဂ္ဂနေတိုးအဖွဲ့၊ အိုအီးစီဒီ အဖွဲ့ နှင့် ဗိုက်စ်ဂရက်ဒ် အဖွဲ့ တို့၏ အဖွဲ့ဝင် နိုင်ငံ ဖြစ်သည့် အပြင် ရှန်ဂန်နယ်နိမိတ်တွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ ရုံးသုံးဘာသာစကားမှာ ယူရားလစ် မိသားစုဝင် ဘာသာစကား ဖြစ်သော ဟန်ဂေရီ ဘာသာစကားဖြစ်ပြီး အင်ဒို-ဥရောပ အစုအဖွဲ့တွင် မပါဝင်သော ဘာသာစကားထဲတွင် ဥရောပ၌ အသုံးအများဆုံး ဘာသာစကားဖြစ်သည်။ [၂]

ဟန်ဂေရီနိုင်ငံ[ပြင်​ဆင်​ရန်​]

ဟန်ဂေရီနိုင်ငံသည် ဥရောပတိုက် အလယ်ပိုင်းရှိ ကုန်းတွင်းနိုင်ငံ ဖြစ်သည်။ တစ်ချိန်က ဥရောပတိုက်၏တန်ခိုးကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့၍ 0x100သစတြီးယား-ဟန်ဂေရီ အင်ပိုင်ယာနိုင်ငံကြီး၏ တစ်စိတ်တဒေသဖြစ်ခဲ့သည်။ အနှစ် ၁ဝဝဝ ခန့် စိုးမိုးခဲ့သော ဘုရင်အုပ်ချုပ်မှုစံနစ်ကို ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့မှ စ၍ ပယ်ဖျက်ကာ သမ္မတနိုင်ငံ ထူထောင်လိုက်ရာ ယခုအခါ ဟန်ဂေရီယန် ပြည်သူ့သမ္မတ နိုင်ငံဟု တွင်သည်။ မက်ဂျာဘာသာနှင့်မူ မက်ဂျာရောစာဆက် နိုင်ငံဟု ခေါ်လေသည်။

ဟန်ဂေရီနိုင်ငံသည် မြောက်လတ္တီတွဒ် ၄၅ံ ၄၈ံ မှ ၄၈ံ ၃၁ံ အကြားနှင့် အရှေ့လောင်ဂျီတွဒ် ၁၆ံ ၁ံ မှ ၂၂ံ ၅၈ံ အကြား တွင် တည်ရှိသည်။ ဗော်လကန်ကျွန်းဆွယ်၏ မြောက်ဘက်တွင် အရှေ့ဘက်၌ ရူးမေးနီးယား နိုင်ငံနှင့် ၁၉၆ မိုင်၊ တောင်ဘက်၌ ယူဂိုစလားဗီးယား နိုင်ငံနှင့် ၃၁၁ မိုင်၊ အနောက်ဘက်၌ 0x100သစ တြီးယား နိုင်ငံနှင့် ၁၁၂ မိုင်၊ မြောက်ဘက်၌ ချက်ကိုစလိုဗား ကီးယား နိုင်ငံနှင့် ၃၅၃ မိုင် နယ်နိမိတ်ခြင်း စပ်လျက်ရှိသည်။ ပင်လယ်ကမ်းရိုးတန်းဟူ၍ကား လုံးဝ မရှိချေ။ ပထမကမ္ဘာစစ် အပြီး ချုပ်ဆိုသော တြီအနွန် စာချုပ်အရ ဟန်ဂေရီနိုင်ငံ၏ အကျယ်အဝန်းသည် ၃၅၉၁၈ စတုရန်းမိုင်သာ ကျန်တော့ သည်။

ဟန်ဂေရီနိုင်ငံ၏ မြေမျက်နှာပြင်သည် များသောအားဖြင့် လွင်ပြင်ကြီးများဖြစ်၍ ပျမ်းမျှခြင်းအားဖြင့် ရေ မျက်နှာပြင် အထက် ၃၃ဝ ပေမြင့်သည်။ မြောက်ဘက်ရှိ ပေ ၃၃ဝဝ မြင့်သော မတြာ တောင်တန်းနှင့် အရှေ့မြောက်ဘက်ရှိ ပေ ၂၂၈၁ မြင့်သော ဗာကိုနီဖောရက်ဒေသမှ လွဲ၍ ပိုမိုမြင့်သော တောင်တန်းဟူ၍ မရှိ ချေ။ အခြားထင်ရှားသော တောင်များ မှာ၊ ဗတ်၊ တိုကစ်၊ မက်ဆက် စသည့် တောင်တန်းများ ဖြစ် ကြသည်။

မြောက်ဘက်တွင် ဟန်ဂေရီဘာသာဖြင့် ဒူးနောခေါ် ဒန်းနျူ မြစ်သည် ဟန်ဂေရီနှင့် ချက်ကိုစလိုဗားကီးယား နိုင်ငံအကြား တွင် နယ်နိမိတ်သဖွယ် ပိုင်းခြား စီးဆင်း၍ တစ်ဖန် တောင် ဘက်သို့ ချိုးကာ စီးဆင်းသွားသည်။ ဟန်ဂေရီနိုင်ငံ၏ အခြား ထင်ရှားသော မြစ်တစ်ခုမှာ အရှေ့ပိုင်းကို မြောက်မှ တောင်သို့ ဖြတ်စီးသော တစ်ဇာ မြစ်ခေါ် သီစမြစ် ဖြစ်သည်။ ယင်းသည် ဒန်းညုမြစ်၏ မြစ်လက်တက်ဖြစ်သည်။

ဥရောပတိုက်၏ အကြီးဆုံးသော ကုန်းတွင် ရေအိုင်ကြီး ဖြစ်သည့် ဗာလတန်အိုင်သည် ဟန်ဂေရီနိုင်ငံ အနောက်ပိုင်းတွင် တည်ရှိသည်။ အခြားထင်ရှားသော ရေအိုင်တစ်ခုမှာ 0x100သစတြီး ယားနိုင်ငံနှင့် စပ်လျက် ရှိသောနေရာ၌ တည်ရှိသည်။ ဟန်ဂေရီ ဘာသာဖြင့် ဖားတောအိုင်ဟု ခေါ်သော နျူဆေဒလာ ရေအိုင် ဖြစ်သည်။

ဒန်းညုမြစ်၏ အရှေ့ဘက်တွင် ဥရောပတိုက်၌ အကြီးဆုံး သော လွင်ပြင်ကြီးဖြစ်သည့် ဟန်ဂေရီလွင်ပြင်ကြီးခေါ် အယ်လ ဖိုး လွင်ပြင်ကြီး ရှိသည်။ ဗာကိုနီဖောရက်၏ အနောက်ဘက် တွင်မူ ဟန်ဂေရီလွင်ပြင် ကလေးခေါ် အောလဖိုး လွင်ပြင် ကလေး ရှိသည်။

ဟန်ဂေရီနိုင်ငံသည် နွေအခါများ၌ ခြောက်သွေ့ပူပြင်း၍ ဆောင်းအခါများ၌ အလွန်အေးသည်။ ဆောင်းကူး ရာသီနှင့် ဆောင်းရာသီများတွင် မိုးအများဆုံး ရွာသွန်းတတ်သည်။ တောင်ကုန်းဒေသများတွင် တစ်နှစ် အတွင်း ပျမ်းမျှမိုးရေချိန် လက်မ ၄ဝ ခန့်ရွာသွန်း၍ လွင်ပြင်ကြီး၏ အရှေ့ဘက်ပိုင်းတွင် ပျမ်းမျှ မိုးရေချိန် ၁၅ လက်မခန့်သာ ရွာသွန်းသည်။ အချုပ် ဆိုရသော် ဟန်ဂေရီနိုင်ငံ အရှေ့ပိုင်းသည် အနောက်ပိုင်းလောက် မိုးမရချေ။

၁၉၇၂ ခုနှစ် ခန့်မှန်း သန်ကောင်စာရင်းအရ ဟန်ဂေရီနိုင်ငံ ၏ လူဦးရေသည် ၁ဝ၄ဝဝဝဝဝ ဖြစ်သည်။ လူဦးရေ ၉၃ ရာခိုင်နှုန်းမှာ မက်ဂျာခေါ် ဟန်ဂေရီယန် လူမျိုးများဖြစ်၏။ ယင်းတို့သည် တူရကီလူမျိုးနှင့် ဖင်းလူမျိုးတို့ ပြောဆိုသော ဘာသာစကားများနှင့်တူသော ဘာသာစကားကို ပြောဆိုကြ သည်။ သူတို့သည် မွန်ဂိုလူမျိုးများနှင့် သွေးစပ်ဟန် တူလေ သည်။ ဒန်းညုမြစ်ကမ်းခြေတစ်လျှောက်တွင် လာရောက် မနေထိုင်မီက သူတို့သည် ရုရှနိုင်ငံတောင်ပိုင်းတွင် နေထိုင် ခဲ့သည်ဟု ထင်မြင်ယူဆရန် အကြောင်းလည်း ရှိ၏။ သူတို့၏ ရှေးဟောင်းပုံပြင်များအရဆိုသော် သူတို့သည် ဟန်ဂေရီနိုင်ငံသို့ ဟန်းလူမျိုးများနှင့်အတူ ရောက်လာကြကြောင်း သိရသည်။ မက်ဂျာလူမျိုးများသည် ဥရောပတိုက်သားများပင် ဖြစ်ကြသော် လည်း အခြားဥရောပ တိုက်သားများထက် အနည်းငယ် အရပ် နိမ့်၏။ အင်အား တောင့်တင်းကြံ့ခိုင်ခြင်း မရှိသော်လည်း နေမှု ထိုင်မှုတွင် စနစ်ကျ၍ သန့်ရှင်း၏။

ဟန်ဂေရီနိုင်ငံတွင် ဂျာမန်၊ ဆလိုဗက်၊ ရူမေးနီးယန်း၊ ကရိုးအေးရှန်း၊ ဆဗ်နှင့် ဂျစ်ပစီ လူနည်းစုများလည်း နေထိုင် လျက်ရှိ၏။ ပြောဆိုကြသော ဘာသာစကားမှာမူ ၉ဝ ရာခိုင် နှုန်းသည် ဟန်ဂေရီဘာသာစကား ဖြစ်သည်။ ယင်းစကားသည် အခြားသော ဥရောပဘာသာစကားများနှင့် အတော်ပင် ကွဲပြား ခြားနားမှု ရှိ၏။ ဖင်းနှင့် လက်ဘာသာစကားတို့နှင့် အနည်း ငယ် နီးစပ်သည်။ စာပေရေးသားရာ၌မူ ရောမအက္ခရာများ ကိုပင် သုံးကြသည်။ တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၆၇ ရာခိုင် နှုန်းသည် ဗရင်ဂျီဂိုဏ်းဝင်များ ဖြစ်ကြသည်။

ဟန်ဂေရီနိုင်ငံသည် လယ်ယာ စိုက်ပျိုးလုပ်ကိုင်သော နိုင်ငံ ဖြစ်၏။ နိုင်ငံရှိ လူဦးရေထက်ဝက်ကျော်သည် လယ်ယာ လုပ် ကိုင်ကြ၍ နိုင်ငံ၏ ဝင်ငွေထက်ဝက်ခန့်ကို လယ်ယာလုပ်ငန်း မှ ရရှိသည်။ အထူးသဖြင့် စုပေါင်း လယ်ယာလုပ်ငန်းမှ ရရှိသည်။ အထူးသဖြင့် စုပေါင်းလယ်ယာ၏ အဓိက စိုက်ပျိုး သော ကောက်ပဲ သီးနှံများမှာ ဂျုံ၊ ပြောင်း၊ ရိုင်းဂျုံ၊ မြင်းစား ဂျုံ၊ ဗာလီ၊ အာလူး၊ ပြောင်းနှင့် သကြားမုန်လာတို့ ဖြစ်သည်။ ဟန်ဂေရီနိုင်ငံသည် အရသာရှိသော သစ်သီးများထွက်သည့် နိုင်ငံအဖြစ်လည်း ထင်ရှားလေရာ ထွက်သော သစ်သီးများမှာ စပျစ်သီး၊ ပန်းသီး၊ သစ်သော့သီး၊ နှင်းသီး၊ တရုတ်ဆီးသီးနှင့် ဖရုံသီးများပင် ဖြစ်လေသည်။ မြောက်ဘက်ရှိ တိုကေတောင် တန်းအနီး ဟေဂျာလဇာဒေသမှ ထွက်သည့် စပျစ်သီးဖြင့် ပြုလုပ်သော တိုကေ ဝိုင်အရက်သည် အလွန်နာမည်ရလေသည်။ ဟန်ဂေရီနိုင်ငံတွင် မြင်းများ၊ သိုးများ၊ နွားများနှင့် ဝက်များ ကို မွေးမြူကြသည်။ ဟန်ဂေရီလူမျိုးများသည် မြင်းကို အလွန် မြတ်နိုးကြသည်။ ဟန်ဂေရီမြင်းမျိုးကောင်းများကို ကမ္ဘာ့နိုင်ငံ များသို့ အများအပြား တင်ပို့ ရောင်းချကြသည်။ ဒန်းညုမြစ်နှင့် တစ်ဇာမြစ်များတွင်လည်းကောင်း၊ ဗာလတန်အိုင်တွင်လည်း ကောင်း တံငါလုပ်ငန်းကို လုပ်ကိုင်ကြ၏။

ပထမကမ္ဘာစစ်အပြီးတွင် ဟန်ဂေရီနိုင်ငံသည် သတ္တုများ အကြီးအကျယ်ထွက်ရာ ဒေသများကို လက်လွှတ် လိုက်ရသော် လည်း ၁၉၁၄ ခုနှစ်နှင့် ၁၉၃၉ ခုနှစ်များအတွင်း ထွက်ကုန် ချောများမှာ ယခင်နှစ်များထက် များပြားလေသည်။ အကြောင်း ရင်းမှာ ထိုနှစ်များအတွင်း စက်မှုလက်မှုလုပ်ငန်း အများအစား တည်ထောင်ခဲ့သောကြောင့် ဖြစ်၏။ ထင်ရှားသောလုပ်ငန်းများ မှာ အထည်အလိပ်လုပ်ငန်း၊ စက္ကူလုပ်ငန်း၊ ဂျုံထုတ်လုပ်ငန်၊ သကြားထုတ်လုပ်ငန်း၊ အရက်ချက်လုပ်ငန်း၊ သံနှင့် သံမဏိ လုပ်ငန်း၊ စက်သုံး ကိရိယာများလုပ်ငန်း စသည်တို့ဖြစ်၍ အားလုံးလိုလိုပင် ပြည်သူပိုင်ပြုလုပ်ထားပြီး ဖြစ်လေသည်။ ဟန်ဂေရီနိုင်ငံ၏ မြို့တော်မှာ ဗူဒါပက်မြို့ ဖြစ်၏။ ( ဗူဒါပက်မြို့။)

အခြားထင်ရှားသော မြို့များမှာ ဆဲဂက်၊ ဒယ်ဗရယ်ဆန်၊ ပက်ချ၊ မစ္စကော့မြို့များ ဖြစ်ကြသည်။ဟန်ဂေရီနိုင်ငံတွင် ် မီးရထားလမ်းမိုင်ပေါင်း ၆၃ဝ၇ မိုင်ခန့်ရှိသည်။ သို့သော် လည်း ဒုတိယကမ္ဘာစစ် အတွင်းကအတော်ပင် ပျက်စီးခဲ့သည်။ ဒန်းညုမြစ်သည် ဟန်ဂေရီနိုင်ငံတွင် ကူးသန်းသွားလာရေး အတွက် လမ်းမသဖွယ် ဖြစ်ပေသည်။အခြားနိုင်ငံများနှင့် လေကြောင်းဖြင့်လည်းကောင်း မီးရထား ဖြင့်လည်းကောင်း အဆက်အသွယ် ရှိလေသည်။

လယ်ယာလုပ်ငန်းထွက်ကုန်းများမှာ ထွက်ကုန်၏ သုံးပုံ တစ်ပုံခန့်ဖြစ်၏။ အဓိကထုတ်ကုန်မှာ ဂျုံ၊ ဂျုံမှုန့်၊ ဝက်၊ နွား၊ သကြား၊ ကြက်၊ ငှက်မွေးများ၊ လတ်ဆတ်သော သစ်သီးများ၊ ဝိုက်အရက်များနှင့် သိုးမွေး ဖြစ် လေသည်။ ဝင်ကုန်မှာ ကျောက်မီးသွေး၊ သစ်၊ သတ္တုအရိုင်း၊ ဝါဂွမ်း၊ စက္ကူနှင့် အခြား ကုန်ချောများ ဖြစ်၏။

ဟန်ဂေရီနိုင်ငံ (ရှေးအခေါ် ပန်နိုးနီးယားနှင့် ဒေးဆီးယား ပြည်နယ်များ)တွင် ရှေးဦးစွာ ကဲ့အနွယ် လူမျိုးစုများနှင့် ဆလဗအနွယ် အမျိုးစုများ နေထိုင်ခဲ့လေသည်။ ထိုနောက် ရောမတို့ တန်ခိုးနိမ့်ကျချိန်တွင် ဂျာမန် အနွယ် လူမျိုးစုတို့ ဝင်ရောက် စိုးမိုးခဲ့သည်။ ထိုနောက်တွင် ဟန်းလူမျိုးများက တစ်လှည့် အုပ်စိုးခဲ့၏။ ၄၄၅ ခုနှစ်တွင် ဟန်းဘုရင် အတ္တီလာ ကွယ်လွန်၍ ဟန်းတို့၏ နိုင်ငံပျက်စီးသောအခါ ဂျာမန်အနွယ် ဖြစ်သော ဂေါ့သလူမျိုးများ ဝင်ရောက်လာကြပြန်သည်။ ခြောက် ရာစုနှစ်အစတွင် တစ်ဖန် လောင်းဗတ်လူမျိုးတို့သည် ပန်နိုး နီးယားပြည်နယ်ကို သိမ်းပိုက် အုပ်စိုးကြပြန်လေ၏။ ၅၆၇ ခုနှစ်တွင် အဗာလူမျိုးတို့သည် လောင်းဗတ်တို့နှင့် မဟာမိတ်ဖွဲ့ ၍ ဝင်ရောက်လာပြီးလျှင် ဒေးဆီးယားနှင့် ပန်နိုးနီးယားပြည် နယ်တို့ကို သိမ်းယူလိုက်ကြသဖြင့် လောင်းဗတ်တို့လည်း အီတလီနိုင်ငံသို့ ရွှေ့ပြောင်းခဲ့ကြရလေသည်။

ဟန်ဂေရီနိုင်ငံတွင် အဗာလူမျိုးတို့သည် တဖြည်းဖြည်း တန်ခိုးမှိန်သွားသောအခါ ဟန်ဂေရီ အနောက်ပိုင်းနှင့် မြောက် ပိုင်းတို့သည် လွတ်လပ်ရေးကို အရယူလိုက်ကြလေသည်။ ၇၉၁ ခုနှစ်မှ ၇၉၇ ခုနှစ်အတွင်း အဗာ တို့ကို ဧကရာဇ်ရှားလမိန်းက ခြေမှုန်းလိုက်ပြီးနောက် ၈၂၈ ခုနှစ်တွင် မော်ရေးဗီးယားနိုင်ငံကို တည်ထောင်ခဲ့လေသည်။

၁၈၉၆ ခုနှစ်တွင် အာရှတိုက် အရှေ့တောင်ပိုင်းမှ မက်ဂျာ လူမျိုးများသည် မော်ရေးဗီးယားနိုင်ငံကို ဝင်ရောက် တိုက်ခိုက် ၍ အနောက်ဘက်မှ စုစည်းခုခံလာသော ဂျာမန်လူမျိုးများကို လည်း ၉ဝ၇ ခုနှစ်တွင် တိုက်ခိုက် အောင်မြင်ပြန်သောကြောင့် ဟန်ဂေရီနိုင်ငံတွင် မြဲမြံစွာ အခြေစိုက် နေထိုင်ခဲ့ကြလေသည်။ မက်ဂျာလူမျိုးများသည် မြင်းစီးကောင်း စစ်သားကျော်များဖြစ် ကြ၍ တိုက်ခိုက်သမျှနိုင်သည်ချည်း ဖြစ်၏။ ၁၉ဝ၇ ခုနှစ် မှ ၁၉၇၂ ခုနှစ်တိုင် မက်ဂျာမြင်းစီးကျော်တို့သည် သူရင်ဂီယ၊ ဆွာဗီးယားနှင့် ဗာဗေးရီးယားနိုင်ငံများ အတွင်းသို့ ဝင်ရောက် တိုက်ခိုက်ခဲ့ကြလေသည်။

၁၉၇၂ ခုနှစ်တွင် ဟန်ဂေရီထီးနန်းကို ဆက်ခံစိုးစံခဲ့သော ဂီဇာဘုရင်လက်ထက်တွင် ဟန်ဂေရီနိုင်ငံ အတွင်းသို့ ဥရောပ အနောက်ဖျားမှ ခရစ်ယန် အယူဝါဒ ရောက်လာသည်။ ၁၉၇၅ ခုနှစ်တွင် ဂီဇာဘုရင် ကိုယ်တိုင် ရေဖျန်းမဂ‡လာ ခံယူလိုက်ပြီး နောက် တိုင်းသူပြည်သားတို့သည် ခရစ်ယန်များ ဖြစ်လာခဲ့ကြ သည်။ ဂီဇာဘုရင် ၏ လက်ထက်တွင် ရောမနိုင်ငံသို့ သံတမန် များ စေလွှတ်ခဲ့၏။ ၁၉၉၇ ခုနှစ်တွင် ဂီဇာဘုရင် နတ်ရွာစံ၍ ပထမ စတီဖင် ဘုရင်က ဆက်ခံအုပ်စိုးလေသည်။ ထိုမင်းသည် နိုင်ငံသမိုင်း တွင် ထင်ရှားသော တိုင်းပြည်ပြု မင်းတစ်ပါး ဖြစ်ပေသည်။ သူ၏ လက်ထက်တွင် ရှေးကကဲ့သို့ ကံကျွေးစံနစ် အုပ်ချုပ်ရေး ကို မထားတော့ပဲ အလယ်ပိုင်းနှင့် အနောက်ပိုင်းပြည်နယ်များ ကို နယ်ပေါင်း ၄၆ နယ် ခွဲပြီးသော် တစ်နယ်တစ်နယ်စီတွင် ဘုရင့်ကိုယ်စား အုပ်ချုပ်သူတစ်ဦးကျ ခန့်ထား၍ အုပ်ချုပ်၏။ ကောက်ခံ ရရှိသော အခွန်တော်၏ သုံးပုံနှစ်ပုံကို ဘုရင်၏ ဘဏ္ဍာတော်အဖြစ် သိမ်းယူ၍ ကျန်သုံးပုံတစ်ပုံကို နယ် အုပ်ချုပ်ရေးအတွက် သုံးစွဲရန် ဆိုင်ရာအုပ်ချုပ်ရေးမှူးက သိမ်းဆည်းထားးရ၏။ ထိုမင်းလက်ထက်မှစ၍ ဟန်ဂေရီနိုင်ငံ၌ အခွန်တော် ခန့်ခွဲကောက်ခံရာတွင် ဆင်းရဲသားများ နစ်နာခဲ့ကြ လေသည်။ မည်သို့ပင်ဖြစ်စေ စတီဖင်ဘုရင်သည် အယူဝါဒ ဆိုင်ရာတွင် တိုင်းပြည်အတွက် အထူးတလည် ဆောင်ရွက် ပေးခဲ့သူဖြစ်၍ သူ့အား စိန့်စတီဖင်ဟုပင် ခေါ်ဝေါ်ခဲ့ကြ၏။

စတီဖင်ဘုရင် ၁ဝ၃၈ ခုနှစ်တွင် နတ်ရွာစံ၍ ပီတာဘုရင် နန်းတက်သည်မှအစ အနှစ်လေးဆယ်တိုင်တိုင် ဟန်ဂေရီနိုင်ငံ သည် အပြင်ရန်သူများ၏ အနှောက်အယှက် ခံနေရသော ကြောင့် ဂျာမန်နိုင်ငံကို မှီခို အားထား ခဲ့ရလေသည်။ စတီဖင်ဘုရင် ၁ဝ၇၇ ခုနှစ်တွင် ဟန်ဂေရီ ထီးနန်းသို့ ပထမ လဒစ္စလဘုရင် တက်လာသောအခါ ဟန်ဂေရီနိုင်ငံသည် အခြေအနေ ကောင်းလာ၍ တရားစီရင်ရေးနှင့် ဒေသန္တရ အုပ်ချုပ်ရေးတို့တွင် ပြုပြင် ပြောင်းလဲ တိုးတက်မှုများ ရှိလာ သည်။ ထိုဘုရင်နောက် ဆက်ခံသော ကော်လမန်ဘုရင် လက်ထက်တွင် အခွန်ကောက်ခံပုံစံနစ်ကို လွယ်ကူအောင် ပြုပြင်ခဲ့ရုံမက ကူးသန်းသွားလာရေးနှင့် ခရီးလမ်းများကို တိုးတက် ကောင်းမွန်အောင် ပြုလုပ်ပေးခဲ့သဖြင့် နိုင်ငံ၏ ကုန်သွယ်မှု တိုးတက်ဖွံ့ဖြိုးလာ၏။ ထိုမင်းနှစ်ပါးလုံးသည် ရောမပုဒ်ရဟန်းမင်းနှင့် မဟာမိတ်များဖြစ်ကြ၍ တန်ခိုးအာဏာ ကြီးမားကြ၏။ ကရိုးအေးရှားနှင့် ဒါလမေး ရှန်းနယ်တို့ကို လည်း ဟန်ဂေရီနိုင်ငံအတွင်းသို့ သွတ်သွင်းနိုင်ခဲ့သည်။ ၁၂၃၅ ခုနှစ်တွင် နန်းတက်သော စတုတ္ထ ဗီလာဘုရင် လက်ထက် ၁၂၄၂ ခုနှစ်တွင် တာတာလူမျိုးတို့သည် ဟန်ဂေရီနိုင်ငံသို့ ဝင်ရောက် တိုက်ခိုက် ဖျက်ဆီးကြ၏။

ဗီလာဘုရင်သည် တာတာတို့၏ ရန်ကို ကာကွယ်ရန်အတွက် ရဲတိုက်များ၊ ခံတပ်များ တည်ဆောက်ခြင်း၊ လူအင်အားများ အောင် တိုင်းတစ်ပါးသားတို့အား နိုင်ငံတွင်းသို့ ဝင်ရောက် နေထိုင်စေခြင်းတို့ကို ပြုလေသည်။ သို့ရာတွင် ရန်ကို ကာကွယ်ရန် တည်ဆောက်ခဲ့သော ရဲတိုက်များ၊ ခံတပ်များသည် နောင်အခါတွင် မှူးမတ်များ ပုန်ကန်ခြားနားရန်အတွက် နေရာ ကောင်းကြီးများ ဖြစ်သွားသည်။ ပုန်ကန်ခြားနားကြသော မှူးမတ်များကို မနှိမ်နင်းနိုင်သဖြင့် ၁၃ဝ၁ ခုနှစ်မှ စတင်၍ ဟန်ဂေရီနိုင်ငံ၌ ပြည်တွင်းစစ် ရှစ်နှစ်ကြာမျှ ဖြစ်ပွားခဲ့လေ သည်။ ထိုအခါတွင် ဟန်ဂေရီ ထီးနန်း၌ မက်ဂျာမင်းဆက် ပြတ်၍ အန်ဇူမင်းသား ချားရောဗတ်သည် ပထမချားဟူသော အမည်ဖြင့် အုပ်ချုပ်လေသည်။ အန်ဇူမင်းများ စိုးစံသောအခါမှ ဟန်ဂေရီနိုင်ငံကို ပြန်လည် ထူထောင်နိုင်ကြလေတော့သည်။ ပြည်တွင်းစစ် ဖြစ်ပွားစဉ်က ဆူပူထကြွခဲ့သော မှူးမတ် လူကုံထံများစွာ အသတ်ခံခဲ့ရလေရာ အန်ဇူမင်းများသည် အတိုက်အခံမရှိပဲ လွယ်ကူစွာ အုပ်စိုးနိုင် ခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် ၁၃၄၇ ခုနှစ်မှ ၁၃၆ဝ ပြည့်နှစ်အထိ ကြောက်မက်ဖွယ်ရာ ကပ်ရောဂါကြီး နှိပ်စက် သဖြင့် ဟန်ဂေရီနိုင်ငံ၏ လူဦးရေ လေးပုံတစ်ပုံခန့် ပျက်စီးခဲ့၍ နိုင်ငံအခြေမှာလည်း ယိမ်းယိုင်ခဲ့ရလေသည်။

၁၃၈၂ ခုနှစ်တွင် အန်ဇူမင်း ပထမချား၏ သားတော် လူဝီဘုရင် နတ်ရွာစံသဖြင့် လူဝီ၏ သမီးတော် မေရီအား ဘုရင်မအဖြစ် တင်မြေ|ာက်ကြလေသည်။ မေရီသည် လပ်ဇင်ဗူး မင်းသား ဆစ်ဂျစ်စမန်းနှင့် လက်ထပ်လိုက်သဖြင့် ဟန်ဂေရီ ထီးနန်းကို ဆစ်ဂျစ်စမန်းသည် ၁၃၈၇ ခုနှစ်မှ ၁၄၃၇ ခုနှစ် တိုင် စိုးစံခဲ့ လေသည်။ ထိုအတွင်း ၁၄၁ဝ ပြည့်နှစ်၌ သာသနာစောင့် ရောမ ဧကရာဇ်အဖြစ် ရွေွးကောက်တင်မြေ|ာက် ခြင်း ခံခဲ့ရသေး၏။ ဤမင်းလက်ထက်တွင်လည်း ဟန်ဂေရီ နိုင်ငံသည် တူရကီတို့၏ ဘေးရန်နှင့် ရင်ဆိုင်နေရသောကြောင့် တောင်ပိုင်းနယ်ခြားတွင် တောင့်တင်းခိုင်မာသော ခံတပ်များကို ဆောက်လုပ်ထားရလေသည်။ ပြည်တွင်း၌ ညီညွတ်သွေးးစည်းမှု ရရှိရန် ကြိုးစားခဲ့သော်လည်း အကြောင်းကြောင်းတိုကြောင့် မအောင်မြင်ခဲ့ချေ။ ထိုအချိန်တွင် အနောက်ဘက်မှ လူတန်းစား ညီမျှရေး၊ အခွင့်အရေးတူ ခံစားရေးဝါဒများ ဝင်ရောက်လာကာ ၁၄၃၃ ခုနှစ်မှစ၍ ပြည်တွင်း မငြိမ်မသက်မှုများ ပေါ်ပေါက် လာလေသည်။ ၁၄၃၆ ခုနှစ်တွင်မှ အေးငြိမ်းသွား၏။ ၁၄၃၇ ခုနှစ်တွင် ဆစ်ဂျစ်စမန်း လွန်ခဲ့သဖြင့် သားတော် ပဉ္စမ အဲလဗတ် နန်းတက်လေသည်။ နှစ်နှစ်မျှ စိုးစံပြီးနောက် အဲလဗတ် နတ်ရွာစံသောကြောင့် ၁၄၄ဝ ပြည့်နှစ်တွင် ပိုလန် ဘုရင် တတိယ ဗလာဒစ္စလာအား ဟန်ဂေရီထီးနန်းကို အပ်ကြ လေသည်။ ထိုအချိန်တွင် အဲလဗတ်၏ မိဖုရား အယ်လစ်ဇဗက် တွင် ကိုယ်ဝန် အရင့်အမာနှင့် ကျန်ရစ်၍ အချိန်စေ့သဖြင့် သားယောကျာ်း ဖွားမြင်လေရာ ပဉ္စမ လဒစ္စလဘုရင်အဖြစ် ကျေညာခဲ့၏။ ထိုအခါ၌ ပြည်တွင်းစစ် ဖြစ်ပွားရပြန်လေရာ ၁၄၄၃ ခုနှစ်တွင် အယ်လစ်ဇဗက် ကွယ်လွန်၍ ၁၄၄၄ ခုနှစ် တွင် တတိယ ဗလာဒစ္စလာဘုရင်စစ်ပွဲ၌ ကျမှ ပြီးဆုံးသွား သည်။

ထိုအတောအတွင်း တောင်းပိုင်းမှ တူရကီတို့ကလည်း အပြင်းအထန် ဖိလျက်ရှိလေ၏။ သို့ရာတွင် ဇိုရင်နီ ဘုရင်ခံ ဂျွန်ကော်ဗီနပ် ဟွန်ယော်ဒီသည် တူရကီတို့အား ရွပ်ရွပ်ချွံချွံ ခုခံ တွန်းလှန် အောင်မြင်လျက် ရှိသဖြင့် တူရကီတို့ ဟန်ဂေရီနိုင်ငံထဲသို့ မဝင်နိုင်ပဲ ရှိ၏။

၁၄၄၆ ခုနှစ်တွင် ဂျွန်ဟွန်ယော်ဒီအား ပဉ္စမ လဒစ္စလဘုရင် ကလေး ကိုယ်စား ဟန်ဂေရီနိုင်ငံကို အုပ်ချုပ်ရန် ဥပဒေပြု လွှတ်တော်က အပ်ခဲ့သော်လည်း ကရိုးအေးရှား မှူးမတ်တို့က သဘောမတူကြချေ။ သို့ ရာတွင် ဟွန်ယော်ဒီ၏ ဇွဲလုံ့လဖြင့် ၁၄၅၆ ခုနှစ်တွင် တူရကီတို့ရန်မှ လွတ်မြောက်ခဲ့ရပြန်သည်။ ထိုနှစ်တွင်ပင် ဂျွန်ယော်ဒီ ကွယ်လွန်၍ သူ၏ သားအကြီးဆုံး လက်ဇလိုလည်း ၁၄၅၇ ခုနှစ်တွင် ကွယ်လွန်ပြန်ကာ နောက် ခြောက်လ ခန့်အကြာတွင် ပဉ္စမလဒစ္စပါ ကွယ်လွန်သွားပြန် သောကြောင့် ဟွန်ယော်ဒီ၏ သားငယ် မတ်သီးယတ် ဟွန် ယော်ဒီအား ၁၄၅၈ ခုနှစ်တွင် ဟန်ဂေရီဘုရင်အဖြစ် တင် မြေ|ာက်လိုက်ကြ၏။

မတ်သီးယတ်သည် ၁ဝ နှစ်ခန့်အတွင် တိုင်းပြည် တည်တံ့ ခိုင်မြဲမှုကို အားထုတ် ဆောင်ရွက်ခဲ့ပြီးနောက် ဟန်ဂေရီနိုင်ငံ၏ ဥပဒေစည်းမျဉ်းများကို ပြုပြင်ပေးခဲလေ့သည်။ ထိုပြင် အုပ်ချုပ် ရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးများကို တိုးတက်ကောင်းမွန် အောင် ဆောင်နိုင်ခဲ့၍ ပညာရေးအတွက် တက္ကသိုလ်ကျောင်း ဟောင်းကြီးများကို အသက်ဆက်ပေးပြီးလျှင် ပရက်စဗူး တက္ကသိုလ်ကိုလည်း ၁၄၆၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

ဤမင်းသည် မြို့ပြပြည်ရွာ တိုးတက် စည်ပင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန်တို့အတွက် မနေမနား အားထုတ် ဆောင်ရွက်ခဲ့သည်။ သူ၏ လက်ထက်တွင် တူရကီတို့လည်း တိုက်ခိုက်ရန် သီရုံမျှ မသီဝံ့တော့ချေ။ ၁၄၅၈ ခုနှစ်တွင် ဗီယင် နားမြို့ကို တိုက်ခိုက် အောင်မြင်ပြီးနောက် 0x100သစတြီးယား၊ စတိုင်းရီးယားနှင့် ကာရင်သီးယားနယ်တို့ကို သိမ်းသွင်း ခဲ့လေသည်။ ဗီယင်းနားမြို့သို့ နန်းတော်ကို ပြောင်းရွှေ့ ပြီးနောက် ၁၄၉ဝ ပြည့်နှစ်တွင် နတ်ရွာစံလေရာ သူ၏သား တော် ဂျေနော့ကောဗီနပ်က ထီးနန်းကို ဆက်ခံလေသည်။ မတ်သီးယတ် ဘုရင်လက်ထက်၌ ဟန်ဂေရီနိုင်ငံသည် အထွတ်အထိပ်သို့ ရောက်ခဲ့သည်ဟု ဆိုရပေမည်။ သူ့နောက် မင်းများကား တိုင်းပြည် အုပ်ချုပ်ရန် အရည်အခြင်း ပြည့်ဝသူ တစ်ဦးတယောက်မျှ မရှိချေ။ မတ်သီး ယတ် လက်ထက်က သိမ်းသွင်းခဲ့သော 0x100သစတြီးယန်း နယ်ပယ်များကိုလည်း နောက် မင်းများ လက်ထက် ပြန်လည် ပေးအပ်ရရုံမက စစ်လျော်ကြေး ကိုလည်း အဆမတန် ပေးလိုက်ရလေသည်။

၁၅၁၆ ခုနှစ်တွင် နန်းတက်သော ဒုတိယ လူဝီဘုရင်သည် အလွန်ငယ်ရွယ်ရကား ပြည်ရေးပြည်ရာတို့ကို ကာဒင်နယ်ဗ ကော့က ကြိုးကိုင်ခဲ့၏။ ကာဒင်နယ်ဗကော့သည် ၁၅၂၁ ခုနှစ် တွင် ကွယ်လွန်သောအခါ အုပ်ချုပ်ရေး အာဏာလုများ ပေါ် ပေါက်ခဲ့၏။ ယင်းသို့ရှိစဉ် ဟန်ဂေရီနိုင်ငံတောင်ပိုင်းကို တူရကီ တို့ ဝင်ရောက် တိုက်ခိုက်သောအခါ ပြည်တွင်း အာဏာလုမှု များကြောင့် အကွဲကွဲဖြစ်နေသော ဟန်ဂေရီတို့သည် ၁၅၂၆ ခုနှစ်တွင် မိုဟက်စစ်မြေပြင်၌ စစ်ရှုံးသဖြင့် ဟန်ဂေရီနိုင်ငံ အားလုံး တူရကီတို့လက်အောက်သို့ ကျရောက်ခဲ့လေသည်။ တူရကီတို့၏ လက်အောက်တွင် ဟန်ဂေရီနိုင်ငံသည် နှစ်ပေါင်း ၁၅ဝ ခန့် နာလှန်မထူနိုင်ပဲ အချုပ်အချယ် ခံခဲ့ ရပြီးနောက် ၁၆၇၈ ခုနှစ်တွင် ဟန်ဂေရီမြောက်ပိုင်းရှိ ဗရင်ဂျီ ဂိုဏ်းသားတို့ သွေးစည်းကာ တူရကီတို့ကို တွန်းလှန်ရန် ကြိုးစားခဲ့ကြသည်။ သူတို့၏ ခေါင်းဆောင်မှာ ကောင့်တိုကိုလီ ဖြစ်၏။ သို့ရာတွင် အင်အား မမျှသောကြောင့် မအောင်မြင်ခဲ့ ကြချေ။ တူရကီတို့၏ ရက်စက်စွာ နှိပ်ကွပ် အုပ်ချုပ်ခြင်းကို သာခံ ကြရသည်။

၁၆၉၉ ခုနှစ်တွင် ဗရင်ဂျီ အယူဝါဒီနိုင်ငံများ ဖြစ်ကြသော 0x100သစတြီးယား၊ ရုရှားနှင့် ပိုလန်နိုင်ငံတို့၏ အကူအညီဖြင့် တူရကီတို့ကို ဟန်ဂေရီနိုင်ငံအတွင်းမှ အပြီးသတ် မောင်းထုတ် လိုက်ကြလေသည်။ သို့သော် ဟန်ဂေရီနိုင်ငံကား လွတ်လပ်ရေး မရခဲ့ချေ။ 0x100သစတြီးယန်း ဟက်စဗတ်မင်းဆက်၏ သက်ဦး ဆံပိုင် အုပ်စိုးခြင်းကိုသာ ခံကြရလေသည်။

လွတ်လပ်ရေးကိုသာ လိုလားသော ဟန်ဂေရီနိုင်ငံသား တို့သည် အခွင့်ကောင်းကို စောင့်နေခဲ့ကြလေရာ ၁၇ဝ၄ ခုနှစ် တွင် စပိန်နန်းလုစစ်ပွဲ၌ 0x100သစတြီးယား ပါဝင်ရသည့်အခါ ထကြွ ပုန်ကန်ကြလေသည်။ ယင်းသည့် တော်လှန်မှုကြီးသည် ခုနှစ်နှစ်မျှကြာမှ ပြီးဆုံးသွားသော်လည်း ဟန်ဂေရီသည် ရည်မှန်းသည့် လုံးဝ လွတ်လပ်ရေးကိုကား မရခဲ့ကြသေးပဲ အခွင့်အရေးများသာ ရှေးကထက် တိုးတက်ပိုမို ရရှိခဲ့ကြ လေသည်။

၁၇၄ဝ ပြည့်နှစ်တွင် 0x100သစတြီးယန်း နန်းလုစစ်ပွဲ၌ ဟန်ဂေရီ မှူးမတ်တို့သည် 0x100သစတြီးယန်း ဘုရင်မ မရီးယာတရီးဇားဘက်မှ အင်တိုက်အားတိုက် ကူညီခဲ့ကြသည်။ ထိုအချိန်တွင် ဟန်ဂေရီ နိုင်ငံမှ 0x100သစတြီးယား နိုင်ငံတို့သည် အတော်ပင် သင့်မြတ်လာ ခဲ့ကြပေသည်။ သို့သော် မရီးယားတရီးဇား၏ မြစ်တော် ဒုတိယ လီယိုပိုဘုရင် လက်ထက် ၁၇၈၉ ခုနှစ်တွင် ပြင်သစ် အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ရာ ယင်းသည့် အရေးတော်ပုံ မီး တောက်သည် လွတ်လပ်ရေးကို များစွာ လိုလားလျက်ရှိသော ဟန်ဂေရီနိုင်ငံအတွင်းသို့ ကူးစက်လာခဲ့လေသည်။ ( မရီးယာတရီးဇား။)

၁၈၁၅ ခုနှစ်နောက်တွင် ဟန်ဂေရီနိုင်ငံ၌ လူဝီကော့ရွှပ်တို့ ခေါင်းဆောင်သော လစ်ဗရယ် အဖွဲ့သည် အင်အားကောင်းလာ ပြီးလျှင် 0x100သစတြီးယန်း ဟစ်စဗတ်မင်းတို့ကို အပြင်းအထန် အတိုက်အခံ ပြုလေတော့ သည်။ ၁၈၄၈ ခုနှစ်တွင် ဟန်ဂေရီ တစ်နိုင်ငံလုံး လူဝီကော့ရွှပ်ကို ခေါင်းဆောင်အဖြစ် တင်မြေ|ာက် ၍ ပုန်ကုန် တော်လှန်ကြလေတော့သည်။ အခိုက်အတန့်အား ဖြင့် တောလှန်ပုန်ကန်သူတို့ အရေးသာခဲ့ရာ ခေါင်းဆောင်ကြီး လူဝီကော့ရွှပ်ကို သမ္မတအဖြစ် တင်မြေ|ာက်ကာ လွတ်လပ်သော ဟန်ဂေရီ သမ္မတနိုင်ငံကို တည်ထောင်လိုက်ကြ၏။ သို့ရာတွင် ယင်းသည့် လွတ်လပ်ရေးကား မတည်မြဲခဲ့ချေ။

မက်ဂျာနှင့် ဆလဗလူမျိုးတို့သည် ဘာသာစကား ကွဲလွဲမှုတွင် အငြင်းပွားသည်မှအစ သွေးကွဲလာကြသောကြောင့်တစ်ကြောင်း၊ ထို ဆလဗတို့နှင့် ရုရှတို့၏ အကူအညီဖြင့် တော်လှန်မှုကြီးကို နှိမ်နင်းနိုင်ခဲ့သောကြောင့်တစ်ကြောင်း များမကြာမီအတွင်းမှာပင် အသက်ပေါင်းများစွာ အသေခံ၍ တိုက်ယူခဲ့ရသော လွတ်လပ် ရေးကို အဆုံးခံလိုက်ရပြီးလျှင် 0x100သစတြီးယန်း ဘုရင် ဖရန်စစ် ဂျိုးမ္ဘက်၏ လက်အောက်သို့ တစ်ဖန်ပြန်၍ ရောက်ခဲ့ရလေ သည်။ ( ဖရန်စစ်ဂျိုးဇက်။)

၁၈၆၆ ခုနှစ်တွင် 0x100သစတြီးယားနိုင်ငံသည် ပရပ်ရှားနိုင်ငံ၊ အီတလီနိုင်ငံတို့နှင့် စစ်ဖြစ်ပွားရပြန်လေသည်။ ထိုအခါတွင် ပြည်တွင်းရန်ကို စိုးရိမ်သောကြောင့် ဖရန်စစ်ဂျိုးဇက်သည် ၁၈၆၇ ခုနှစ်တွင် ဟန်ဂေရီနိုင်ငံကို 0x100သစတြီးယားနိုင်ငံနှင့် တန်းတူအခွင့်အရေးများ ပေးကာ ဟန်ဂေရီလွှတ်တော်အား တာဝန်ခံရသော သီးခြား အစိုးရအဖွဲ့ ဖွဲ့စည်း အုပ်ချုပ်ခွင့် ပြုလေသည်။ နှစ်ပြည်ထောင် အုပ်ချုပ်ရေးကိုမူ 0x100သစတြီး ယန်းဘုရင်က ကိုင်၍ နိုင်ငံတော်ကိုလည်း 0x100သစတြီးယား ဟန်ဂေရီ နိုင်ငံတော်ဟု ခေါ်တွင်စေသည်။ ( 0x100သစတြီးယား ဟန်ဂေရီ။)

သို့ဖြင့်လည်း ဟန်ဂေရီနိုင်ငံ၏ ပြဿနာများမှာ မပြေလည် ခဲ့သေးပေ။ လုံးဝ လွတ်လပ်ရေးကို ရမှသာ ပြေလည်မည် ဖြစ်သောကြောင့် ခေါင်းဆောင်ကြီး လူဝီကော့ရွှပ်ပင်လျှင် ဦးစီး ကာ လုံးဝ လွတ်လပ်ရေးအတွက် လုံးပန်းကြရပြန်သည်။ ပထမကမ္ဘာစစ်အတွင်း မက်ဂျာလူမျိုးတို့သည် 0x100သစတြီးယန်း တို့နှင့် ပူးပေါင်းကာ တိုက်ပွဲဝင်ခဲဲ့ကြလေသည်။ ပထမကမ္ဘာစစ် ပြီးဆုံးသောအခါ 0x100သစတြီးယား-ဟန်ဂေရီနိုင်ငံသည် စစ်ရှုံးနိုင်ငံ ဖြစ်ခဲ့၍ ဟက်ပစဗတ်မင်းဆက်လည်း ပြတ်သွားလေသည်။

ဟန်ဂေရီနှင့်အခြား0x100သစတြီးယား လက်အောက်ခံ နိုင်ငံများသည် လည်း လွတ်လပ်ရေး ရရှိခဲ့ကြ၏။ ထရန်ဆီလဗေနီးယန်း လူမျိုး၊ ဆလိုဗက်လူမျိုးနှင့် ကရုတ် လူမျိုးတို့သည် ဟန်ဂေရီ နိုင်ငံတွင်းမှ ခွဲထွက်သွားလေသည်။ ပထမဦးစွာ ဟန်ဂေရီ တော်လှန်ရေးသမားများသည် ဟန်ဂေရီသမ္မတနိုင်ငံ တည် ထောင်ခဲ့လေသည်။

ထရီယေးနွံ(ဗာဆေး) စာချုပ်အရ ဟန်ဂေရီနိုင်ငံပိုင် နယ်သုံးပုံ နှစ်ပုံခန့်ကို ရုမေးနီးယား၊ ချက်ကိုစလို ဗားကီး ယားနှင့် ယူဂိုစလားဗီးယား နိုင်ငံများသို့ ဖဲ့ပေးလိုက်ရသည်။ ပြဒါး၊ ကြေးနီ၊ ရွှေ၊ ငွေ၊ ဆား စသော သတ္တုတွင်းအားလုံး ကျောက်မီးသွေးတွင်း သုံးပုံတစ်ပုံ၊ သံတွင်းများ၊ သစ်တောငါးပုံ လေးပုံခန့်ကို စွန့်လွှတ်ခဲ့ရသဖြင့် ဆိုရှယ်လစ်နှင့် ကွန်မြူနစ်တို့ မကျေမနပ်ဖြစ်ကာ အုပ်ချုပ်ရေးအာဏာကို ရယူပြီးသော် ဆိုဗီ ယက်သမ္မတနိုင်ငံအဖြစ် ကျေညာ၏။ ကွန်မြူနစ်ခေါင်းဆောင် ကြီး ဗေးလားကွန်အား သမ္မတအဖြစ် တင်မြေ|ာက်ခဲ့ကြလေ သည်။ သို့ရာတွင် အခြေမခိုင်မီ ဟန်ဂေရီရေကြောင်း ဗိုလ်ချုပ် ဟော့ထေး ခေါင်းဆောင်သော စစ်တပ်များက နိုင်ငံခြား အကူ အညီဖြင့် တော်လှန် တိုက်ခိုက်ပြန်လေရာ ဗေးလားကွန် အစိုးရ ပျက်လေသည်။ ထိုနောက် ဘုရင်အစိုးရမျိုးကို ပြန်လည်တည် ထောင်၍ ဟောထေးက နန်းစောင့်အဖြစ် အုပ်ချုပ်ခဲ့၏။ ၁၉၂၁ ခုနှစ်တွင် ကောင့်စတီဖင် ဗေးသလင်အား ဝန်ကြီးချုပ်အဖြစ် တင်မြေ|ာက်ရာ ဟန်ဂေရီနိုင်ငံ အခြေအနေ တိုးတက် ကောင်း မွန်လာသည်။

ဥရောပတိုက်တွင် ဖက်ဆစ်ဝါဒ ပေါ်ပေါက်လာသောအခါ ဟန်ဂေရီနိုင်ငံမှာ ကြီးလေးခက်ခဲသော ပြဿနာများနှင့် ရင်ဆိုင် ခဲ့ရလေသည်။ ၁၉၃၂ ခုနှစ်တွင် ဟန်ဂေရီ ဖက်ဆစ် ခေါင်း ဆောင် ဂွန်ဗိုသည် ဝန်ကြီးချုပ် ဖြစ်လာသည်။ ထိုအခါမှစ၍ ဟန်ဂေရီနိုင်ငံသည် ဣတလီနိုင်ငံ ဂျာမနီနိုင်ငံတို့နှင့် တဖြည်းဖြည်း ရင်းနှီးသည်ထက် ရင်းနှီးလာခဲ့သည့်ပြင် အထူးသဖြင့် စီးပွားရေးအားဖြင့် ဂျာမနီနိုင်ငံအပေါ်တွင် မှီခိုရသော အခြေသို့ ရောက်သွားလေသည်။ ၁၉၃၉ ခုနှစ် မတ်လတွင် ချက်ကိုစလိုဗားကီးယားနိုင်ငံကို အပိုင်းပိုင်း ခွဲဝေ လိုက်သောအခါတွင် ဟန်ဂေရီနိုင်ငံသည် ပထမကမ္ဘာစစ် မဖြစ် မီက ယင်းပိုင်နက်အချို့ကို ပြန်လည် ရရှိခဲ့၏။

ဒုတိယကမ္ဘာစစ် ဖြစ်စက ဟန်ဂေရီနိုင်ငံသည် ကြားနေနိုင်ငံ အဖြစ် နေလိုသော်လည်း မိမိယခင်က ပိုင်ခဲ့သော ထရန်ဆီလ ဗေးနီးယား ပြည်နယ်ကို ပြန်လည် ပေးအပ်မည်ဟူသော ဂျာမနီ တို့၏ ကတိကြောင့် ဝင်ရိုးတန်း အုပ်စုဘက်သို့ ပါသွား၏။ ဟန်ဂေရီနိုင်ငံသည် ဝင်ရိုးတန်းနိုင်ငံများနှင့် ပူးပေါင်းခဲ့သော် လည်း ဖက်ဆစ်ဝါဒကို ဆန့်ကျင်သော မက်ဂျာလူမျိုးများစွာပင် ရှိ၏။ ဒုတိယကမ္ဘာစစ်တွင်း၌ စစ်တလင်း ဖြစ်နေသော ဟန်ဂေရီနိုင်ငံအတွင်းရှိ မက်ဂျာလူမျိုးတို့သည် ပြေးလွှား ပုန်း အောင်းကာ ဒုက္ခဆင်းရဲကြီးစွာနှင့် နေခဲ့ကြရလေသည်။ ၁၉၄၄ ခုနှစ်တွင် ရုရှစစ်တပ်များက ဝင်ရောက် တိုက်ခိုက်ကြသော အခါ ဝင်ရိုးတန်း စစ်တပ်များသည် ဟန်ဂေရီနိုင်ငံမှ တဖြည်း ဖြည်း ခံစစ်တိုက်ရင်း မီးရှို့ဖျက်ဆီးကား ထွက်ပြေးခဲ့လေသည်။ ထိုနှစ် ဒီဇဘ‡ာလတွင် ဗိုလ်ချုပ် ဗေလာမစ်ကလော့ရှ ခေါင်း ဆောင်သော ယာယီအစိုးရအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သည်။ ၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် ယာယီ စစ်ပြေငြိမ်းရေး စာချုပ်လက်မှတ်ရေးထိုး ကာ ထိုနှစ် နိုဝင်ဘာလ၌ ပြည်သူ့ရွေးကောက်ပွဲကြီးတစ်ရပ် ကျင်းပခဲ့၏။ ထိုရွေးကောက်ပွဲတွင် မြေပိုင်ရှင်ကလေးများအဖွဲ့မှ အမတ်အများဆုံး ရွေးကောက်တင်မြေ|ာက်ခြင်း ခံရလေသည်။ မြေပိုင်ရှင်ကလေးများ အဖွဲ့မှ ဗယ်ရွန် ဇိုလတန် တစ်လဒီ ခေါင်းဆောင်ကာ အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သော်လည်း နိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများကြောင့် လက်ဝဲ သမား အတော်အသင့် ပါသော ညွန့်ပေါင်းအစိုးးရ အဖွဲ့တစ်ခု ဖွဲ့စည်းလိုုက်ရသည်။ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကျင်းပသော အမျိုးသား လွှတ်တော် ညီလာခံတွင် ဟန်ဂေရီ သမ္မတနိုင်ငံ တည်ထောင်ရန် အများက သဘောတူ ဆုံးဖြတ် ကြ၍ ဒေါက်တာ ဇိုလတန်တစ်လဒီအား သမ္မတအဖြစ် တင်မြေ|ာက်ကြလေသည်။

ထိုအချိန်မှစ၍ ဟန်ဂေရီနိုင်ငံ၏ ပြန်လည် ထူထောင်ရေးကို အားတိုက်အင်တိုက် ဆောင်ရွက်ကြသည့် အပြင် မြေပိုင်ရှင်ကြီး များ လက်ဝယ်ရှိ မြေယာများကို တောင်သူလယ်သမား ဆင်းရဲ သား အလုပ်သမားများအား တစ်ဦးလျှင် မြေတစ်ဧကခွဲခန့်စီ ဝေပေးလေသည်။ ထိုနောက် ငွေကြေးတန်ဖိုး ယုတ်လျှော့သွား ပြန်သဖြင့် လူလတ်တန်းစားများ အနေအထိုင် ကျပ်တည်း ခဲယဉ်းသည့်အခြေသို့ ရောက်ရပြန်လေသည်။ သို့ဖြင့်ပင် ၁၉၄၈ ခုနှစ်သို့တိုင်အောင် ဟန်ဂေရီနိုင်ငံကို ညွန့်ပေါင်းအစိုးရက အုပ်ချုပ် ကြိုးကိုင်ခဲ့လေသည်။

ထိုနှစ်တွင် သမ္မတကြီး တစ်လဒီရာထူးမှ နုတ်ထွက်သော အခါ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌဟောင်း အာပတ် ဇလကစစ်အား သမ္မတအဖြစ် တင်မြေ|ာက်ကြလေသည်။ အမျိုးသားလွှတ်တော် တွင် မြေပိုင်ရှင်ကလေးများ အဖွဲ့က အင်အားကောင်းလျက်ပင် ရှိသော်လည်း သမ္မတအစိုးရအဖွဲ့၏ အချက်အခြာ ဌာနများကို ကွန်မြူနစ်များက ကြိုးကိုင်ထားလေသည်။ ၁၉၄၉ ခုနှစ်တွင် ပြည်သူ့သမ္မတနိုင်ငံ အခြေခံ ဥပဒေကို ရေးဆွဲ အတည်ပြုခဲ့ကြ သည်။ ယင်းဥပဒေကား ဆိုဗီယက် အုပ်ချုပ်မှု စနစ်အတိုင်း ဖြစ်သည်။ စက်ရုံအလုပ်ရုံများကို ပြည်သူပိုင် ပြုလုပ်ခြင်း၊ စုပေါင်း လယ်ယာလုပ်ငန်းများ ပြုလုပ်ခြင်းတို့ ပေါ်ပေါက်လာ သည်၊ ၁၉၅၆ ခုနှစ် အောက်တိုဘာလတွင် ကွန်မြူနစ်အစိုးရ အုပ်ချုပ်ရေးကို ဟန်ဂေရီ ပြည်သူပြည်သားများ ထကြွ ပုန်ကန် ကြသော်လည်း ရုရှစစ်တပ်များ အကူအညီဖြင့် ပုန်ကန်သူများ ကို နှိမ်နင်းနိုင်ခဲ့လေသည်။[၃]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Before 1 January 2012. At this date, a new constitutions comes into effect where the official name is simply Hungary: Magyar Közlöny
  2. Globally speaking: motives for adopting English vocabulary in other languages – Google Books. Books.google.co.uk. Retrieved on 20 September 2010. 
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)