တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက

ဝီကီပီးဒီးယား မှ

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော် (အင်္ဂလိပ်: Tipitakadhara Dhammabhandagarika) သည် မြန်မာနိုင်ငံ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသာသနာရေး ဦးစီးဌာန မှ ဆက်ကပ်ချီးမြှင့်သော သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်တော်များအနက် တစ်ခု ဖြစ်သည်။ ဤဘွဲ့တံဆိပ်တော်ကို တိပိဋကဓရ တိပိဋကကောဝိဒ အောင်မြင်ပြီး (၅)နှစ်ပြည့်သောအခါမှသာ ဆက်ကပ်သော ဘွဲ့တံဆိပ်တော်ဖြစ်သည်။

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်၏ ဂုဏ်အင်္ဂါအရည်အချင်းများမှာ :

  1. ပိဋကတ်သုံးပုံ နှုတ်ငုံဆောင်စွမ်းနိုင်၍ တိပိဋကဓရဘွဲ့တံဆိပ်တော် ဆက်ကပ် ခံရပြီးဖြစ်ခြင်း။
  2. ပိဋကတ်သုံးပုံ၏ ခဲရာခဲဆစ်မေးခွန်းတို့ကို ဖြေစွမ်းနိုင်၍ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးဖြစ်ခြင်း။
  3. တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးနောက် (၅)နှစ် သက်တမ်း ပြည့်မြောက်ခြင်း။
  4. သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံခြင်း စသည်တို့ဖြစ်ကြသည်။[၁]

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ[ပြင်ဆင်ရန်]

တိပိဋကဓရ တိပိဋကကောဝိဒ အောင်မြင်ပြီး (၅)နှစ်သက်တမ်းပြည့်မြောက်သဖြင့် ဘွဲ့တံဆိပ်တော် ဆပ်ကပ်ခြင်းခံရသော ဆရာတော်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသတိပိဋက ဓမ္မနာဒ စာသင်တိုက်၊ မင်းကွန်းတောင်ရိုး၊ စစ်ကိုင်းမြို့စစ်ကိုင်းတိုင်းဒေသကြီး
  2. ဘဒ္ဒန္တနေမိန္ဒမဟာဝိသုတာရာမဓမ္မဗိမာန်ကျောင်းတိုက်၊ တောင်ဝိုင်းရပ်၊ မော်လမြိုင်မြို့မွန်ပြည်နယ်
  3. ဘဒ္ဒန္တကောသလ္လပဉ္စနိကာယသာသနာ့ဗိမာန်ကျောင်းတိုက်၊ အမှတ်(၁၁)ရပ်ကွက်၊ ရန်ကင်းမြို့နယ်ရန်ကုန်တိုင်းဒေသကြီး
  4. ဘဒ္ဒန္တဒေါက်တာသုမင်္ဂလာလင်္ကာရတိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊ အမှတ်(၉)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
  5. ဘဒ္ဒန္တသီရိန္ဒာဘိဝံသမဟာဝိသုဒ္ဓါရုံပါဠိတက္ကသိုလ်ရွှေကျင်တိုက်သစ်၊ ရေတာရှည်ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
  6. ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသတိပိဋကမဟာဂန္ထဝင်နိကာယ်စာသင်တိုက်၊ အမှတ်(၁၃)ရပ်ကွက်၊ ဒဂုံ(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
  7. ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသပိဋကတ်သုံးပုံနိကာယ်ကျောင်းတိုက်၊ အမှတ်(၂၆)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
  8. ဘဒ္ဒန္တဝံသပါလာလင်္ကာရတိပိဋကနိကာယကျောင်းတိုက်မိုးမိတ်ကုန်းမြေစစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
  9. ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ၊ တိပိဋက-ဓမ္မနာဒစာသင်တိုက်၊ မင်းကွန်းတောင်ရိုး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
  10. ဘဒ္ဒန္တသုန္ဒရစွန်းလွန်းဂူဝိပဿနာကျောင်းတိုက်၊ အမှတ်(၁၆/၂)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
  11. ဘဒ္ဒန္တဣန္ဒပါလတိပိဋကပုလဲရောင်ရှိန်စာသင်တိုက်၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
  12. ဘဒ္ဒန္တအဘိဇာတာလင်္ကာရာဘိဝံသသဒ္ဓမ္မဇောတကသုဗောဓါရုံကျောင်းတိုက်၊ နန္ဒဝန်ရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
  13. ဘဒ္ဒန္တဣန္ဒာစရိယတိပိဋကစိန်ရွှေဖူးကျောင်းတိုက်သင်္ဃန်းကျွန်းကြီးစံပြကျေးရွာ၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
  14. ဘဒ္ဒန္တဝီရိယာနန္ဒတိပိဋက ကမ္ဘောဇ ကျောင်းတိုက်နားရှိုးကျေးရွာ၊ နောင်ချိုမြို့နယ်ရှမ်းပြည်နယ်
  15. ဘဒ္ဒန္တပညာဝံသာဘိဝံသ၊ တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
  16. အရှင်ပညာသိရီလင်္ကာရ၊ မင်းကွန်းတိပိဋကနိကာယကျောင်းတိုက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ကိုးကား[ပြင်ဆင်ရန်]