ဆက်သွယ်ရေးစနစ်

ဝီကီပီးဒီးယား မှ

ဆက်သွယ်ရေးစနစ် ဆိုသည်မှာ အချက်ပြလှိုင်း (Signals) များကို အကွာအဝေးတစ်ခုအတွင်း ဆက်သွယ်ရန် ထုတ်လွှင့်ခြင်းဖြစ်သည်။ ယနေ့ခေတ်အခါတွင် ထိုလုပ်ဆောင်မှုတွင် လျှပ်စစ်သံလိုက်လှိုင်း (Electromagnetic Waves) များကို ထုတ်လွှင့်စက် (Transmitter) မှ ထုတ်လွှင့်ခြင်း အမြဲလိုပင် ပါဝင်လေ့ရှိသော်လည်း ရှေးအခါက မီးခိုးအချက်ပြမှု၊ ဗုံဖြင့်အချက်ပြမှု၊ ပုံသဏ္ဌာန်ဖြင့်အချက်ပြမှု စသည်တို့ ပါဝင်လေ့ရှိသည်။ ယနေ့အခါတွင် ဆက်သွယ်ရေးစနစ်သည် အလွန်ကျယ်ပြန့်ပြီး ထိုစနစ်ကို ကူညီပံ့ပိုးပေးသော တယ်လီဗေးရှင်း၊ ရေဒီယိုနှင့် တယ်လီဖုန်းများကို နေရာတကာတွင် တွေ့နိုင်သည်။ ထို ကိရိယာများကို အချင်းချင်း ဆက်သွယ်ပေးသော ကွန်ယက်များသည် ကျယ်ပြန့်စွာတည်ရှိကြပြီး ကွန်ပျူတာကွန်ယက်၊ အများသုံးတယ်လီဖုန်းကွန်ယက်၊ ရေဒီယိုကွန်ယက် နှင့် တယ်လီဗေးရှင်းကွန်ယက် စသည်ဖြင့် အမျိုးအစားကွဲပြားစွာတွေ့မြင်နိုင်သည်။ ကွန်ပျုတာများ အင်တာနက်အတွင်း၌ အချင်းချင်းဆက်သွယ်ခြင်းမှာ ဆက်သွယ်ရေးစနစ်၏ ထင်ရှားသော ဥပမာတစ်ခု ဖြစ်သည်။

အမည်ရင်းမြစ်[ပြင်ဆင်ရန်]

အင်္ဂလိပ် အခေါ်အဝေါ် Telecommunication ဆိုသော စကားလုံးမှာ ပြင်သစ်စကားလုံး télécommunication မှရယူထားခြင်းဖြစ်သည်။ ထိုစာလုံးမှာ ဝေးကွာသောနေရာ ဟု အဓိပ္ပာယ်ရသော ဂရိစာလုံး tele- (τηλε-) နှင့် ဝေမျှသုံးစွဲရန် ဟု အဓိပ္ပာယ်ရသော လက်တင်စကားလုံး communicare တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ပြင်သစ်စာလုံး télécommunication မှာ ပြင်သစ်နိုင်ငံသား အင်ဂျင်နီယာနှင့် ဝတ္တုရေးဆရာဖြစ်သော Édouard Estaunié မှ ၁၉၀၄ ခုနှစ်တွင် စတင်သုံးစွဲခဲ့ခြင်းဖြစ်သည်။

အဓိကသဘောတရားများ[ပြင်ဆင်ရန်]

အခြေခံ အစိတ်အပိုင်းများ[ပြင်ဆင်ရန်]

ဆက်သွယ်ရေးစနစ်၏ အဓိကအစိတ်အပိုင်းမှာ

၁။ အချက်အလက်များကို ရယူပြီး ထုတ်လွှင့်ချက်များအဖြစ် ပြောင်းလဲပေးသော ထုတ်လွှင့်စက်‌ (Transmitter)
၂။ ထုတ်လွှင့်ချက်များကို သယ်ဆောင်ပေးသည့် ကြားခံ ဆက်သွယ်ရေးနယ်မြေ(Transmission Medium)
၃။ ထုတ်လွှင့်ချက်များကို ဖမ်းယူပြီး အသုံးချနိုင်သည့် အချက်အလက်အဖြစ်ပြောင်းလဲပေးနိုင်သည့် လက်ခံကိရိယာ(Receiver)
စသည်တို့ ဖြစ်သည်။

ဥပမာအနေနှင့် ရေဒီယိုစနစ်တွင် တွေ့ရှိနိုင်သည်။ ရေဒီယို လှိုင်းများကို ထုတ်လွှတ်ပေးသော တာဝါတိုင်မှာ ထုတ်လွှင့်စက်၊ ရေဒီယိုမှာ လက်ခံကိရိယာ ဖြစ်ပြီး ပတ်ဝန်းကျင်လေထုမှာ ကြားခံဆက်သွယ်ရေးနယ်မြေ ဖြစ်သည်။

ချန်နယ်များ[ပြင်ဆင်ရန်]

ချန်နယ်ဆိုသည်မှာ အချက်အလက် (Signal) ကို သယ်ဆောင်နိုင်သည့် ရေဒီယိုလှိုင်း (Frequency) တစ်ခု သို့မဟုတ် အတွဲလိုက်ရှိသော ရေဒီယိုလှိုင်းများကိုဆိုလိုသည် သို့ဖြစ်ရာ လှိုင်းနှုန်းတစ်ခုတည်းကို တစ်လှည့်စီသုံးသည့် (Simplex) နှင့် လှိုင်းနှုန်းတစ်ခုစီကို အသွားအပြန် တစ်ပြိုင်နက်သုံးသည့် ( Duplex ) ဟူ၍ မူရင်း ၂-မျိုးရှိသည်

လှိုင်းပြောင်းထုတ်လွှင့်မှုများ[ပြင်ဆင်ရန်]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အသေးစိတ်သိလိုပါက ဆက်သွယ်ရေးစနစ်၏သမိုင်းကြောင်း ကို ကြည့်ပါ။

ဆက်သွယ်ရေးစနစ်၏ အစ[ပြင်ဆင်ရန်]

ဆယ်သွယ်ရေးစနစ်၏ အစမှာ မီးခိုးဖြင့် အချက်ပြမှု နှင့် ဗုံဖြင့် အချက်ပြမှုတို့ ဖြစ်သည်။ အာဖရိကနယူးဂီနီ နှင့် တောင်အမေရိကတွင် နေထိုင်သူများသည် ဗုံကို အသုံးပြု၍ အဆက်အသွယ် ပြုလုပ်ခဲ့ကြပြီး မြောက်အမေရိက နှင့် တရုတ်တွင် နေထိုင်သူများသည် မီးခိုးကို အသုံးပြု၍ အဆက်အသွယ် ပြုလုပ်ခဲ့ကြသည်။ ပုံမှန်အားဖြင့် တွေးကြည့်ပါက အဆိုပါအချက်ပြမှုများမှာ စခန်းရှိရာ နေရာကိုသာ အချက်ပြနိုင်မည် ဟု ထင်စရာရှိသော်လည်း အမှန်တကယ်တွင် ထိုစနစ်တို့မှာ ထိုထက်မက အသုံးဝင်ခဲ့သည်။

ကြေးနန်းနှင့် တယ်လီဖုန်း[ပြင်ဆင်ရန်]

‌ကြေးနန်းသည် ‌ကြေးနန်းကြိုးတလျောက် လျှပ်စစ်ဓာတ်အားပေးပို့ခြင်းဖြင့် အနည်းငယ်မျှသောအချက်အလက်များကိုပေးပို့နိုင်သည်။ သို့ရာတွင် အသံကိုသယ်ဆောင်ရန်အတွက်မူ လိုအပ်သည့် အရည်အသွေးမပျောက်ပျက်စေရန် မိုက်ကရိုဖုန်း စပီကာတို့အပြင် ကြားခံချိတ်ဆက်မှုလည်းကောင်းမွန်ရန်လိုအပ်သည်။ သတင်းခေတ်တွင် စာသား အသံ ရုပ်ရှင်ဓာတ်ပုံ အားလုံးကို အချက်အလက် ဟုစုပေါင်းခေါ်ဆိုသည်။

ရေဒီယိုနှင့် တယ်လီဗေးရှင်း[ပြင်ဆင်ရန်]

ရေဒီယိုသည် သတ်မှတ်ချယ်နယ်တွင် အများပြည်သူနားဆင်ရန် အသံလွှင့်ရုံမှအသံထုတ်လွှင့်ခြင်းဖြစ်သည်။ အသုံးပြုသည့်ချယ်နယ်ကိုလိုက်၍ အေအမ်(Amplitude Modulation -AM )တွင် လှိုင်းတို လှိုင်းလတ် စသည်ဖြင့်ခေါ်ဆိုကြသည်။ မြို့တစ်မြို့ဝန်းကျင်သာဖမ်းယူရရှိသည့် အက်ဖ်အမ်(Frequency Modulation-FM)စနစ်ကို မြို့တွင်းသွားကားများ အသေးစားရေဒီယိုများဖြင့်ဖမ်းယူကြသည်။ အချို့နိုင်ငံများတွင် အက်ဖ်အမ်(Frequency Modulation-FM)စနစ်ကို အများပြည်သူသို့အသိပေးသင့်သည့်ကိစ္စများ ပမာအားဖြင့် လမ်းပိတ်ဆို့မှုဖြစ်ပေါ်သည့် ကိစ္စများ ဆူနာမီသတိပေးခြင်း မုန်တိုင်းသတိပေးခြင်းတို့တွင်အသုံးပြုနိုင်သည်။ ရန်ကုန်မြို့တော် City FM၊ မန္တလေးမြို့တော် City FM၊ နေပြည်တော်မြန်မာ့အသံ၊ ပိတောက်မြေ တို့မှာ နားဆင်သူများပြားသည့် ပြည်တွင်းအသံလွှင့်ရုံများဖြစ်ကြသည်။

သက်ဆိုင်သောဆောင်းပါးများ[ပြင်ဆင်ရန်]