ခပ်သိမ်းလောက

ဝီကီပီးဒီးယား မှ
ဤဆောင်းပါးသည် သိပ္ပံဘာသာရပ်ဆိုင်ရာ "Universe"ကို ဘာသာပြန်ဆိုမှု အကြောင်း ဖြစ်သည်။ Universe ၏ တစ်စိတ်တပိုင်းသာဟု ယူဆရသော ရှေးကျမ်းဂန်လာ စကြဝဠာ (သို့) လောကဓာတု အတွက် စကြဝဠာ ကို ကြည့်ပါ။
ခပ်သိမ်းလောက
ဤဓာတ်ပုံသည် Hubble Ultra Deep Field ဓာတ်ပုံဖြစ်ပြီး ဘီလီယံပေါင်းများစွာသော ကြယ်တို့ပါဝင်သည့် အမျိုးမျိုးသော ကြယ်စု(galaxies)တို့ကို ပြသထားသည်။ ပြသထားသော ညဖက်ကောင်းကင်၏ အရွယ်အစားကို ဘယ်ဖက် အောက်ဆုံးထောင့်တွင် ပြသထားသည်။ အသေးဆုံးနှင့် အနီရဲဆုံး အခု ၁၀၀ ခန့်မျှသော ကြယ်စုတို့မှ အလင်းသုံး တယ်လီစကုပ်ဖြင့် မှတ်တမ်းတင်ထားသည့် ကြယ်ုများတွင် အဝေးကွာဆုံးသော ကြယ်စုတို့ဖြစ်ပြီး မဟာ ပေါက်ကွဲမှုကြီး (the Big Bang) ပြီးပြီးချင်း ဖြစ်ပေါ်လာသော ဂယ်လက်ဆီများဖြစ်သည်။[၁]
သက်တမ်း၁၃.၇၉၉ ± ၀.၀၂၁ ဘီလီယံနှစ်
အချင်းအနည်းဆုံး ၉၁ ဘီလီယံ အလင်းနှစ် (၂၈ ဘီလီယံ parsec)[၂]
ထုထည် (သာမန် အရာဝတ္ထု)အနည်းဆုံး ၁၀၅၃ kg[၃]
ပျမ်းမျှ သိပ်သည်းမှု၄.၅ x ၁၀−၃၁ g/cm3[၄]
ပျမ်းမျှ အပူချိန်၂.၇၂၅၄၈ K[၅]
ဒြပ်-စွမ်းအင် (mass-energy) ပါဝင်မှု အချိုးအစားသမားရိုးကျ ဒြပ်သား (4.9%)
ကိုယ်ပျောက်ဒြပ်ဆန်း (26.8%)
လောကနှံ့စွမ်းအင် (68.3%)
အာကာသ-အချိန် သင်္ချာသရုပ်အားဖြင့် ပုံသဏ္ဌာန်တပြန့်ညီလျက်ရှိ။ မှားနိုင်ခြေ ၀.၄ ရာခိုင်နှုန်း [၆]

ခပ်သိမ်းလောက (သို့) လောက (အင်္ဂလိပ်: Universe) ဆိုသည်မှာ ခပ်သိမ်းသောရပ်ဝန်းအချိန်တို့နှင့်တကွ ၎င်းတို့အတွင်း ပါဝင်သမျှ ဒြပ်-စွမ်းအင် (mass energy)တို့ကို ခြုံငုံအကျုံးဝင်သည့် အဝန်းအဝိုင်းပမာဏ တစ်ခုလုံး ဖြစ်သည်။[၇]

ရှေးအိန္ဒိယ နက္ခတ်ဗေဒမှ ဆင်းသက်လာသော စကြဝဠာ (Pāli: Cakkavāḷa चक्कवाळ ; Thai: จักรวาล or จกฺกวาฬ) ဆိုသည်မှမူာ နေတစ်စင်း တစ်စင်း၊ သမုဒ္ဒရာကြီး ၄ စင်း၊ ကျွန်းကြီး ၄ ကျွန်း ပါဝင်လျက် အချင်းအကျယ် ယူဇနာပေါင်း ၁,၂၀၃,၄၅၀ ရှိသည်။[၈][၉] တစ်ယူဇနာက အများဆုံးအားဖြင့် ၁၅ ကီလိုမီတာ (၉.၃ မိုင်) အထိသာ ဖြစ်နိုင်သည်[၁၀][၁၁] ဟု အကိုးအကားယူလျှင် စကြဝဠာ၏ အကျယ်အလျားမှာ ကီလိုမီတာပေါင်း ၁၈ သန်းခန့် ဖြစ်သည်။ နေအဖွဲ့အစည်းအတွင်းရှိ နေနှင့် ကမ္ဘာဂြိုဟ်ကြားရှိ ပျမ်းမျှ အကွာအဝေးမှာ ကီလိုမီတာပေါင်း သန်း ၁၅၀ ခန့် ဖြစ်သည်။

ဖွဲ့စည်းပုံ အကြမ်းဖျင်း[ပြင်ဆင်ရန်]

  • လောက(Universe) အတွင်း၌ ဂြိုဟ်အချို့က ကြယ် တစ်ခု၊ သို့မဟုတ် နှစ်ခုခန့်ကို ဗဟိုပြုလှည့်ခြင်းအားဖြင့် ဂြိုဟ်စု (planetary system) များ ပေါ်ပေါက်နေသည်။ နေအဖွဲ့အစည်း ဆိုသည့်မှာ ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်နှင့်တကွ အခြားဂြိုဟ် ၇လုံးကို နေကို ဗဟိုပြု လှည့်ပတ်နေသည့် ဂြိုဟ်စုတစ်ခု ဖြစ်သည်။
  • ဂြိုဟ်စုများ၊ ကြယ်များက တစ်ဖန် ဒြပ်ထုကြီးမားလှသော အရာကြီးတခုခု၊ များသောအားဖြင့် ဒြပ်ထုကြီးလှသော တွင်းနက်ကြီး တခုခုကို ဗဟိုပြုလျက် လှည့်ပတ်နေကြသေးသည်။ ထို (ဂြိုဟ်များလည် ပါဝင်သော) ကြယ်ဝဲဂယက်ကြီး တခုစီကို ကြယ်စု(galaxy)တစ်ခု ဟု ခေါ်သည်။ ကျွန်ုပ်တို့ ပါဝင်တည်ရှိရာ ကြယ်စု (ဂယ်လက်စီ) ကို မစ်လ်ကီဝေးကြယ်စု (Milky Way galaxy) ဟု အမည်ပေးထားသည်။
  • ရာနှင့် ထောင်နှင့် ချီသော ကြယ်စုကြီးများက တစ်ဖန် ပိုမိုနီးကပ်စွာ စုဝေးနေမှုလည်း လောက(Universe) အတွင်း ရှိသေးပေရာ ၎င်းတို့ကို ကြယ်စုထွေးကြီး (galaxy cluster) ဟု ခေါ်နိုင်သည်။ ၎င်းတို့ကလည်း ဒြပ်ဆွဲမှုကြောင့် နီးစပ်ရာ ဒြပ်ထုကြီးများ ပိုမို စုဝေးမိနေခြင်း ဖြစ်သည်။

သို့ဖြင့် လောက(Universe)ထဲတွင် အဓိက ပါဝင်နေကြသည်မှာ ဂြိုဟ်များ၊ ကြယ်များ၊ (တွင်းနက်နျူထရွန်ကြယ်ကြယ်ဖြူပုတို့ ဖြစ်နိုင်သည့်) ကြယ်ကြွင်းများ၊ ကိုယ်ပျောက်ဒြပ်ဆန်းများ၊ ကြယ်ကြား ဓာတ်ငွေ့များ (interstellar gases)၊ ကြယ်ကြား အမှုန့်အစများ (interstellar dusts)၊ နက်ဘျူလာ(nebula) ခေါ် အာကာသတိမ်တိုက်ကြီးများ စသည့် အရာများဖြစ်သည်။

ရှေးရိုးရူပဗေဒတွင် ဒြပ်(mass) နှင့် စွမ်းအင်(energy) တို့မှာ သီးခြားတိုင်းဖွယ်များ ဖြစ်သော်လည်း နှိုင်းရသီအိုရီများတွင် ၎င်းတို့က အာကာသ(ရပ်ဝန်း) နှင့် အချိန်၏ ဆက်စပ်သွားမှုအတိုင်း ဒြပ်စွမ်းအင်(mass-energy) ဟူသော ဘုံတိုင်းဖွယ်ကြီးသဖွယ် ဆက်စပ်သွားလေရာ လောက(Universe) အတွင်း ပါဝင်သမျှသော ဒြပ်-စွမ်းအင်တို့အနက် အချိုးအစားပမာဏ အများဆုံးမှာ လောကနှံ့စွမ်းအင် (dark energy) ဖြစ်ပြီး ရှိရှိသမျှ၏ 68% ခန့်အထိ ရှိလျက်၊ ကိုယ်ပျောက်ဒြပ်ဆန်း (dark energy) တို့က 26% ခန့်ကို၊ ကျွန်ုပ်တို့ ကောင်းစွာနားလည်သော သမားရိုကျ ဒြပ်သား တို့က 5% ခန့်ကို၊ အခြားသော လွင့်မျော ဖှိုတွန် နှင့် နျူထြီးနို အမှုန်များက ကျန်ရာ 1% ကို ဖွဲ့စည်းထားသည်ဟု ခန့်မှန်းတွက်ချက်ကြသည်။[၁၂][၁၃][၁၄][၁၅]

အမည်မှည့်ခေါ်ခြင်း၊ အမည်တူများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ[ပြင်ဆင်ရန်]

အင်္ဂလိပ် စကားလုံး Universe သည် ရှေးဟောင်း ပြင်သစ်စကားလုံး Univers မှ ဆင်းသက်လာပြီး ထိုစကားလုံးမှာ လက်တင်စကားလုံး universum မှ တဆင့် ဆင်းသက်လာခြင်း ဖြစ်သည်။ လက်တင်စကားလုံးကို စီဆာရိုက အသုံးပြုခဲ့ပြီး နောက်ပိုင်းကျသော လက်တင်စာရေးဆရာများမှာလည်း ခေတ်သစ် အင်္ဂလိပ်စကားလုံးနှင့် တူညီသော အဓိပ္ပာယ်ရှိသည့် အသုံးအနှုန်း အဖြစ် သုံးနှုန်းကြသည်။ လက်တင်စကားလုံးကို လူခရီတီးယတ်စ် (Lucretius) က De rerum natura ( အရာဝတ္ထုတို့၏ သဘာဝ) စာအုပ်အမှတ် ၄ စာကြောင်းရေအမှတ် ၂၆၂တွင် စတင်အသုံးပြုခဲ့ပြီး ကဗျာဆန်ဆန် စကားလုံးနှစ်လုံးကို ပေါင်းစပ်သုံးနှုန်းခဲ့ခြင်းဖြစ်သည်။ un, uni ဆိုသည်မှာ တစ်ခုတည်းဟု အဓိပ္ပာယ်ရပြီး vorsum, versum မှာ လည်ပတ်နေသော ပြောင်းလဲနေသော အရာတစ်ခု ဟု အဓိပ္ပာယ်ရသည်။ လူခရီတီးယတ်စ် သုံးနှုန်းခဲ့သော အဓိပ္ပာယ်မှာ အရာအားလုံးသည် တစ်ခုတည်းအဖြစ် လည်ပတ်ပေါင်းစည်းသွားသည် ဆိုသော အဓိပ္ပာယ် ဖြစ်သည်။

လောက(Universe)၏ သမိုင်းကြောင်းအစ[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ်၌ ထုတ်ပြန်သော သုတေသနတစ်ခုအရ လောက(Universe)ကြီး၏ စတင်မှုသည် လွန်ခဲ့သော နှစ်ပေါင်း 13,800,000,00 ခန့်က (မှန်းခြေနှင့် နှစ်ပေါင်း 21,000,000 ခန့်သာ အတိုးအလျော့ အမှားအယွင်းဖြစ်သည်ဟု ၆၈% သော ရေရာမှုဖြင့်) မှန်းရသည်။[၁၆] ထိုအဖြစ်အပျက်ကို မဟာပေါက်ကွဲမှုကြီး (the Big Bang) ဟု အမည်ပေးကြသည်။

  • မဟာပေါက်ကွဲမှုကြီး ဟူသော အခိုက်အတံ့ ပြီးလျှင်ပြီးချင်း ဖြစ်ပေါ်သည်မှာ ပလန့်ခ်အခိုက်အတံ့ (en:Planck Epoch) ဖြစ်သည်။ ၎င်း၏ ကြာချိန်မှာ 10-43 စက္ကန့်မျှသာ ဖြစ်ပြီး ထိုအခိုက်အတံ့၌ အရာရာက စွမ်းအင်မြင့်ဝှန် သိပ်သည်းလွန်းပြီး ဒြပ်ဆွဲမှုက ကျန် အခြေခံ သက်ရောက်မှုကြီး၃မျိုးနှင့်ပင် တစ်မျိုးတစ်ဘာသာစီ မကွဲသေးဘဲ ကျွန်ုပ်တို့ လက်ရှိနားမလည်သေးသော သဘာဝသဘောတရားမျိုးဖြင့် လောကြီး တည်ရှိလိုက်သေးသည်ဟု တွက်ဆကြသည်။
  • ထို့နောက် 10-36 စက္ကန့်မျှသာ ဖြစ်ပျက်သွားသော အချီကြီးပေါင်းစည်း အခိုက်အတံ့ (en:Grand Unification Epoch) ဖြစ်ပေါ်ပြီး အချီကြီးပေါင်းစည်း သီအိုရီ (Grand Unified Theory) က မှန်းဆလေ့လာသော အခြေအနေမျိုးဖြင့် လောကကြီးက ရှိလိုက်သေးသည်ဟု မှန်းရသည်။ ထို့ကြောင့် ဂလူယွန်များ၊ ဖှိုတွန်များ စသည်တို့ ဖြစ်ပေါ်မှုပင် မပီပြင်သေးသော အခိုက်အတံ့ ဖြစ်သည်။
  • ထို့နောက် မဟာဆတိုး အခိုက်အတံ့ (en:Inflation Epoch) ဖြစ်ပေါ်ပြီး 10-33 သို့မဟုတ် 10-32 စက္ကန့်မျှ အချိန်အတွင်း လောက(Universe)ကြီး၏ အလျားတိုင်းကြောင်းသဘောသည် အဆပေါင်း 1026 ဆခန့်၊ ထို့ကြောင့် ထုထည်မှာ 1078 ဆခန့် တိုးပြန့်သွားသော အခိုက်အတံ့ကြီး ဖြစ်သည်။ ဤအဖြစ်ကြောင့် စွမ်းအင်သိပ်သည်းမှုတို့ သိသိသာသာ လျော့ကျကာ ကျွန်ုပ်တို့ ပိုမိုရင်းနှီးသော ရူပဗေဒသဘောတရားများ ပေါ်ပေါက်လာနိုင်သည်။
  • သို့ဖြင့် 10-12 စက္ကန့်မျှ အချိန်ကြာသော လျှပ်နျူပျော့ အခိုက်အတံ့ (en:Electroweak Epoch) က အပူချိန် 1015 K ခန့်ဖြင့် ဆက်လက်ဖြစ်ပေါ်နိုင်သည်။
  • လျှပ်နျူပျော့အခိုက်အတံ့ ပြီးဆုံးသည့်အခါ 10-5 စက္ကန့်မျှကြာသော ကွာ့ခ်မျောခိုက် (en:Quark Epoch) ဖြစ်ပေါ်ကာ ဤတွင်မှု ကျွန်ုပ်တို့ ကောင်းစွာနားလည်သော ရူပဗေဒတို့ စတင်ဖြစ်ပေါ်သည်။ သို့သော် ပရိုတွန် နှင့် နျူထရွန်များ မဖြစ်ပေါ်နိုင်သေးလောက်အောင် စွမ်းအင် များဝှန်သိပ်သည်းလျက် ဂလူယွန်များနှင့် ကွာ့ခ်များ ရောထွေးပြွမ်းမျောသေးသည့် အခိုက်အတံ့ ဖြစ်သဖြင့် ကွာ့ခ်မျောခိုက် ဟု ခေါ်သည်။
  • ကွာ့ခ်မျောခိုက်၏ အဆုံး၊ လောက(Universe)၏ သက်တမ်း ၂၀ မိုက်ခိရိုစက္ကန့်မျှ ရှိချိန်တွင် ဟဒ်ဒြွန်ကာလ (en:Hadron Epoch) စတင်သည်။[၁၇] ဤကာလအတွင်း၌ ပရိုတွန် နှင့် နျူထရွန်များ စတင်ဖြစ်ပေါ်ပြီး ၎င်းတို့၏ ဓာတ်ခြားအမှုန် (anti-particle) များနှင့် အပြန်အလှန် ချေဖျက်မှု တစ်ဆင့်ချင်း ဖြစ်ပေါ်သည်။ ကြာချိန်အားဖြင့် ၁ စက္ကန့်မျှသာ ကြာသည်။
  • လောက(Universe)ကြီး၏ သက်တမ်း ပထမ ၁ စက္ကန့်မှ ၁၀ စက္ကန့် အတွင်းမှာမူ လက်ပ်တွန်ကာလ (en:Lepton Epoch) ဖြစ်သည်။ ဤတွင်လည်း စွမ်းအင် များဝှန်သိပ်သည်းမှု များပြားသေးသဖြင့် အီလက်ထရွန် နှင့် ၎င်းတို့၏ ဓာတ်ခြားအမှုန် ပေါ့ဇစ်ထြွန်များ အပြန်အလှန် ချေဖျက်မှုက ရုတ်ချည်းမဟုတ်ဘဲ အချိန်ယူ ဖြစ်ပျက်ကြရသည်။
  • ထို့နောက် အလင်းထွေခေတ်ကြီး (en:Photon Epoch) နှစ်ပေါင်း 370,000 ခန့် ဖြစ်ပျက်သည်။ ဤကာလအစတွင် အက်တမ်ဗဟိုဆံများ စတင်ဖြစ်ပေါ်သည်။ အဆိုပါ ပထမဆုံးဗဟိုဆံများ ဖြစ်ပေါ်မှု မိနစ်ပိုင်းကို နျူကလီးယပ်စ် ဖြစ်ပေါ်ကာလ (nucleosynthesis) ဟု ခေါ်သည်။ ဖှိုတွန်များ လှုပ်ရှားသွားလာနေသော်လည်း လောက(Universe) အနှံ့ စွမ်းအင် များဝှန်သိပ်သည်းနေသော ပလဲက်စ်မာတို့အကြား ဆက်တိုက် စုပ်ယူခြင်း၊ ထုတ်လွှတ်ခြင်း ခံနေရသဖြင့် ဖြစ်မြောက်လှသော အလင်းတန်း သွားလာမှု မရနိုင်သေးသဖြင့် အလင်းထွေခေတ် ဟု ခေါ်သည်။
  • ထို့နောက် လောက(Universe)၏ သက်တမ်း အနှစ် ၃သိန်း၇သောင်းခန့်မှ အနှစ် သန်း ၁၅၀ ခန့်အထိ ကာလမှာ ကြယ်ပျောက်ခေတ်ကြီး (en:Dark Ages (cosmology)) ဖြစ်သည်။ ပထမဆုံးအက်တမ်များ ပေါ်ပေါက်လာသော်လည်း ကြယ်များအဖြစ် မစုဖွဲ့ကြသေးသော (နှစ်ပေါင်း ၁၅ကုဋေမျှ) ခေတ်ရှည်ကြီး ဖြစ်သည်။
ဘယ်ဘက်ဆုံးအမှတ်သည် မဟာပေါက်ကွဲမှုကြီး (the Big Bang) ကို ကိုယ်စားပြု။ ထိုမှ ညာဘက်သို့ တိုးတိုးကြည့်လျှင် အချိန်ကြာကြာလာခြင်းကို ကိုယ်စားပြု။

အကိုးအကား[ပြင်ဆင်ရန်]

  1. Hubble sees galaxies galorespacetelescope.org။ 2017-04-30 တွင် ပြန်စစ်ပြီး။
  2. Itzhak Bars; John Terning (2009)။ Extra Dimensions in Space and Time။ Springer။ pp. 27ff။ ISBN 978-0-387-77637-82011-05-01 တွင် ပြန်စစ်ပြီး
  3. Paul Davies (2006)။ The Goldilocks Enigma။ First Mariner Books။ p. 43ff။ ISBN 978-0-618-59226-52013-07-01 တွင် ပြန်စစ်ပြီး
  4. NASA/WMAP Science Team (24 January 2014)။ Universe 101: What is the Universe Made Of?။ NASA။ 2015-02-17 တွင် ပြန်စစ်ပြီး။
  5. "The Temperature of the Cosmic Microwave Background" (2009). The Astrophysical Journal 707 (2): 916–920. doi:10.1088/0004-637X/707/2/916. Bibcode2009ApJ...707..916F. 
  6. NASA/WMAP Science Team (24 January 2014)။ Universe 101: Will the Universe expand forever?။ NASA။ 16 April 2015 တွင် ပြန်စစ်ပြီး။
  7. Zeilik, Michael; Gregory, Stephen A. (1998). Introductory Astronomy & Astrophysics (4th ed.)
  8. Template error: argument title is required. 
  9. ပဏ္ဍိတဝေဒနီယဒီပနီကျမ်း
  10. Thapar၊ Romila (1997)။ Aśkoa and the decline of the Mauryas (PDF) (Revised ed.)။ Oxford University Press။ pp. 250–266။
  11. Gupta, C. C. Das (1951). "A NOTE ON AN EXPRESSION IN ROCK EDICT XIII OF AŚOKA". Proceedings of the Indian History Congress 14: 68–71. ISSN 2249-1937. 
  12. "Planck 2013 results. I. Overview of products and scientific results – Table 9" (22 March 2013). Astronomy and Astrophysics 571: A1. doi:10.1051/0004-6361/201321529. Bibcode2014A&A...571A...1P. 
  13. "Planck 2013 Results Papers" (31 March 2013). Astronomy and Astrophysics 571: A1. doi:10.1051/0004-6361/201321529. Bibcode2014A&A...571A...1P.  Archived 13 August 2016 at the Wayback Machine.
  14. First Planck results: the Universe is still weird and interesting (21 March 2013)။ 2 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 June 2017 တွင် ပြန်စစ်ပြီး။
  15. Sean Carroll, Ph.D., Caltech, 2007, The Teaching Company, Dark Matter, Dark Energy: The Dark Side of the Universe, Guidebook Part 2 page 46. Retrieved 7 October 2013, "...dark energy: A smooth, persistent component of invisible energy, thought to make up about 70 percent of the current energy density of the universe. Dark energy is known to be smooth because it doesn't accumulate preferentially in galaxies and clusters..."
  16. Planck Collaboration (October 2016). "Planck 2015 results. XIII. Cosmological parameters". Astronomy & Astrophysics 594. doi:10.1051/0004-6361/201525830. Bibcode2016A&A...594A..13P.  The Planck Collaboration in 2015 published the estimate of 13.799 ± 0.021 billion years ago (68% confidence interval). See PDF: page 32, Table 4, Age/Gyr, last column.
  17. "From Quark-Gluon Universe to Neutrino Decoupling: 200 < T < 2MeV" (in en) (2012). Acta Physica Polonica B 43 (12): 2261. doi:10.5506/APhysPolB.43.2261. ISSN 0587-4254.