ကိုနီ (ရှေ့နေ)
ဦးကိုနီ | |
---|---|
ဦးကိုနီ ဗွီအိုအေနဲ့ အင်တာဗျူး ၂၀၁၅ ခုနစ် | |
မွေးဖွား | ကသာမြို့နယ်၊ စစ်ကိုင်းတိုင်း[၁] | ၁၁ ဖေဖော်ဝါရီ၊ ၁၉၅၃
ကွယ်လွန် | ၂၉ ဇန်နဝါရီ၊ ၂၀၁၇ ရန်ကုန်မြို့ | (အသက် ၆၃)
သေဆုံးရခြင်း အကြောင်းရင်း | လုပ်ကြံခံရမှု |
ထာဝရ နားခိုရာနေရာ | ရေဝေးသုသာန် |
နိုင်ငံလူမျိုး | မြန်မာ |
ပညာရေး | B.A. (၁၉၇၅), LL.B. (၁၉၇၆)[၁] |
မိခင်ကျောင်း | ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်[၁] |
အလုပ်အကိုင် | ရှေ့နေ |
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၇၆–၂၀၁၇[၁] |
ကျော်ကြားမှုအရင်းခံ | စာရေးဆရာ၊ NLD ပါတီ၏ ဥပဒေအကြံပေး |
အိမ်ထောင်ဖက်(များ) | ဒေါ်တင်တင်အေး[၁] |
သားသမီး | ယဉ်နွယ်ခိုင်[၁] အေးသီခိုင် သန့်ဇင်ဦး |
မိဘများ |
|
ဦးကိုနီ (၁၁ ဖေဖော်ဝါရီ ၁၉၅၃ - ၂၉ ဇန်နဝါရီ ၂၀၁၇) သည် ထင်ရှားသော မွတ်စလင်မ် ရှေ့နေတစ်ဦးဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင်[၂] ဥပဒေ အကြံပေး ရှေ့နေတစ်ဦးဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်ရာထူးကို ရယူနိုင်အောင် ကြိုးပမ်းခဲ့သူ ဖြစ်သည်။ သူသည် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူလည်း ဖြစ်သည်။[၃]
ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သော Senior Leadership Programme ကို တက်ရောက်ပြီး အပြန် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လုပ်ကြံခံခဲ့ရပြီး ကွယ်လွန်ခဲ့သည်။[၄]
ငယ်ဘဝ
[ပြင်ဆင်ရန်]အဖ ဦးစူလ်တန်၊ မိခင် ဒေါ်ခင်လှ(ခ) ဒေါ်ဟလီမာတို့မှ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အင်းရွာကျေးရွာတွင် မွေးဖွားခဲ့သည်။[၁]
ပညာရေး
[ပြင်ဆင်ရန်]ကသာမြို့ အထက (၁) ကျောင်းမှ ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ကာ ၁၉၇၅ ခုနှစ်တွင် B.A(Law) ဘွဲ့ရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် LL.B ( ဥပဒေဘွဲ့) ကို ရရှိခဲ့သည်။ ၁၉၇၅−၁၉၇၆ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေအသင်းကြီး၏ ဒုဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၇၇ မှ ၁၉၇၉ ခုနှစ်အတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် နည်းပညာဆရာအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[၁]
ရှေ့နေဘဝ
[ပြင်ဆင်ရန်]၁၉၇၆ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိပြီးနောက် အဝေးသင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း ဆရာကြီးဦးကိုယုထံတွင် အလုပ်သင်ရှေ့နေ၊ အမှုလိုက်ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ကာ ၁၉၉၅ ခုနှစ်တွင် Laurel Law Firm ကို တရားဝင်မှတ်ပုံတင်ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။[၁]
နိုင်ငံရေးလှုပ်ရှားမှု
[ပြင်ဆင်ရန်]အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် တရားဝင် ဝင်ရောက်ခဲ့ပြီး[၅] ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင်[၂] တရားလွှတ်တော်ရှေ့နေဖြစ်သည်။ ဦးကိုနီသည် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲခြင်းထက် အသစ်အစားထိုးရေးဆွဲသင့်သည်ဟု ယုံကြည်ထားသူဖြစ်သည်။[၅]
မိသားစု
[ပြင်ဆင်ရန်]ဇနီး ဒေါ်တင်တင်အေးနှင့် သားသမီး ၃ ဦး ရှိပြီး သမီးကြီး ဒေါက်တာယဉ်နွယ်ခိုင်၊ ဒေါက်တာအေးသီခိုင်၊ သားငယ် ကိုသန့်ဇင်ဦး (စင်ကာပူ) တို့ဖြစ်ပြီး ရန်ကုန်တွင် နေထိုင်ခဲ့သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]ပြန်ကြားရေးဝန်ကြီးဌာန၏ (Senior Leadership Program) အင်ဒိုနီးရှားလေ့လာရေးခရီးစဉ်လိုက်ပါပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာစဉ် သေနတ်နှင့် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်သည်။[၆] ၂၀၁၇ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ကွယ်လွန်ချိန်တွင် အသက် ၆၃ နှစ်ရှိပြီဖြစ်သည်။[၁] ဦးကိုနီ၏ဈာပနသို့ ဘာသာပေါင်းစုံမှ လူပေါင်းထောင်ချီ လိုက်ပါပို့ဆောင်ခဲ့သည်။[၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ "တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ ကိုယ်ရေးအကျဉ်း"၊ မဇ္ဈိမ၊ ၂၉ ဇန်နဝါရီ ၂၀၁၇။ ၂၉ ဇန်နဝါရီ ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ National League for Democracy Statement။ facebook (၂၉ ဇန်နဝါရီ ၂၀၁၇)။
- ↑ Jagan၊ Larry။ "Will Aung San Suu Kyi be Myanmar’s next president?"၊ The Nation၊ ၁၀ ဖေဖော်ဝါရီ ၂၀၁၆။ 30 January 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 2 February 2017။
- ↑ ရှေ့နေကြီး ဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံရ။ ဘီဘီစီ (၂၉ ဇန်နဝါရီ ၂၀၁၇)။ ၂၉ ဇန်နဝါရီ ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ ၅.၀ ၅.၁ "Obituary: The 'irreplaceable' U Ko Ni"၊ 31 January 2017။ 11 February 2017 တွင် ပြန်စစ်ပြီး။
- ↑ Myanmar ruling party lawyer shot dead at Yangon airport။ 23 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 January 2017 တွင် ပြန်စစ်ပြီး။
- ↑ Crouch၊ Melissa။ "A personal tribute to U Ko Ni"၊ 31 January 2017။ 31 January 2017 တွင် ပြန်စစ်ပြီး။