ကရ​ဝိက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မြန်မာ​စာ​လုံးပေါင်း သတ်​ပုံကျမ်း​တွင် ကရ​ဝိက်​ဟု ရေး​သည်။ ကရ​ဝိက် (သို့) ကရ​ဝိက် ဖောင်​သည် ကန်တော်ကြီး၏​ အရှေ့​ဘက်​ကမ်း​နား​တွင် တည်​ရှိ​ပါ​သည်။ ၎င်း​ဖောင်​အား ဗိသုကာ​ပညာ​ရှင် ဦး​ငွေ​လှိုင် သည် တော်ဝင်​ပြည်​ကြီး​မွန် ဖောင်​အား​အခြေ​ခံ​၍ ဆောက်​လုပ်​ခဲ့​ခြင်း​ဖြစ်​သည်။ ၁​၉​၇​၂ ခု​နှစ်၊ ဇွန်​လ​တွင် စတင် ဆောက်​လုပ်​ခဲ့​ခြင်း ဖြစ်​ပြီး ၁​၉​၇​၄ ခု​နှစ်၊ အောက်တိုဘာ​လ​တွင် ပြီးစီး​ခဲ့​ပါ​သည်။ ဤ​ဖောင်​သည် ကွန်​က​ရစ် နှစ်​ထပ်​အမျိုး​အစား​ဖြစ်​ပြီး သံချောင်း​များ​ဖြင့် ပိုမို​ခိုင်ခံ့​အောင် ပြုလုပ်​ပြီး အမိုး​ကို​ပြသာဒ် အမိုး​ဖြင့် တည်ဆောက်​ထား​ပါ​သည်။

ရန်ကုန်မြို့​တွင် ကန်တော်​ကြီး​၏ ကရ​ဝိက်​သင်္ဘော

en:Karaweik

ကရ​ဝိက်[ပြင်​ဆင်​ရန်​]

ကရ​ဝိက် ဆို​တာ ဆက်​ရက်​ငှက်​ပါ​ကွာ​လို့ ပြော​သည့် လူ​များ​ရှိ​သည်။ ထို​ကဲ့သို့​ပြော​သူ​များ​ကို မှား​တယ်​ဟု ငြင်း​ဖို့​ခက်​ပေ​သည်။ အဘယ့်​ကြောင့်​ဆိုသော် ကရ​ဝိက်​က​အစ ကိန္နရာကိန္နရီဂဠုန်ဟင်္သာ ဆို​တာ​တွေ​ကို မည်​သူ​မျှ​မ​မြင်​ဖူး​ပေ။ ထို​ကဲ့သို့ သ​ဘာ​ဝ​တွင် မ​ရှိ​သော ခြင်္သေ့၊ စာမရီ၊ နဂါး၊ နရား တို့​မှာ ပန်းချီ​ဆရာ လက်​စွမ်း​ရှိ​သ​လောက် ခြယ်လှယ်​ထား​တာ​တွေ​သာ ဖြစ်​ပါ​သည်။ ကိန္နရာ​ရေး​သည့်​အခါ​တွင် ငှက်​၏​ကိုယ်​လုံးပေါ်​၌ လူ​ခန္ဓာ​ကိုယ်​တစ်​ခု ထပ်ဆင့်​တင်​ပေး​ထားသော်​လည်း ခန္ဓာ​ကိုယ်​တစ်​ခု ပို​မ​နေ​ဘူး​လား​လို့ မည်​သူ​က​မျှ မေးခွန်း​မ​ထုတ်​ဘဲ လက်ခံ​လိုက်​ကြ​သည်​သာ ဖြစ်​သည်။ ပန်းချီ​ဆရာ​က ဉာဏ်​ရှိ​သ​လို ခြယ်လှယ်​သည် ဆို​ရာ​တွင် ပဒေသရာဇ်​ခေတ်​က​စ​လို့ ပြော​သင့်​ပါ​သည်။

ကရ​ဝိက်​ငှက်[ပြင်​ဆင်​ရန်​]

ကရ​ဝိက်​ငှက်​သည် ဟိမဝန္တာ​ ဥဩ တစ်​မျိုး ဖြစ်​သည်​ဟု ဆို​သည်။ အလွန်​သာယာ​သော အသံ​များ​ကို ကရ​ဝိက်​သံ၊ ကြိုးကြာ​သံ​များ​နှင့် နှိုင်းယှဉ်​လေ့​ရှိ​ခြင်း​ကို ထောက်သော် ကရ​ဝိက်​ငှက်​သည် အလွန်​အသံ​သာယာ​သော ငှက်​မျိုး​ဖြစ်​ဟန်​တူ​ပေ​သည်။

ကရ​ဝိက်​ဖေါင်​ဟုခေါ်​သော ရေ​ယာဉ်​တွင် ကရ​ဝိက်​ငှက်​၏ သဏ္ဍာန် တည်ဆောက်​လေ့ ရှိ​ကြသော်​လည်း၊ နှုတ်သီး​ရင်အုပ် အတောင်​နှစ်​ဖက်​နှင့် ငှက်​တစ်​ကောင်​အဖြစ်​ကို​သာ သာမန် အား​ဖြင့် သိ​ကြ​ရ​၍ အမှတ်အသား အတိ​အကျ မ​ရှိ​ချေ။ ဤ ငှက်​၏​ဥ၊ အသိုက်​နှင့် အလေ့​အထ​များ​ကို​လည်း မည်​သူ​မျှ တပ်အပ်​သေချာ​စွာ မ​သိ​ကြ​ပေ။

[၁]

ကိုး​ကား[ပြင်​ဆင်​ရန်​]

  1. မြန်​မာ့​စွယ်စုံ​ကျမ်း၊ အတွဲ(၁)
  • သမိုင်း​ထဲ​က​ဒီ​ဇိုင်း၊သန်း​ထွန်း။