၂၀၁၉
ပုံပန်းသွင်ပြင်
ထောင်စုနှစ်: | ၃ ထောင်စုနှစ် |
---|---|
ရာစုနှစ်များ: | |
ဆယ်စုနှစ်များ: | |
ခုနှစ်များ: |
၂၀၁၉ (MMXIX) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် အင်္ဂါနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၂၀၁၉ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၃ ထောင်စုနှစ်၏ ၁၉ ကြိမ်မြောက် ခုနှစ်၊ ၂၁ ရာစုနှစ်၏ ၁၉ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၂၀၁၀ ဆယ်စုနှစ်၏ ၁၀ ကြိမ်မြောက် နှင့် နောက်ဆုံးခုနှစ် ဖြစ်သည်။
ဇန်နဝါရီလ
[ပြင်ဆင်ရန်](၅)ရက်
- လူကြမ်းသရုပ်ဆောင် မင်းစိန် ကွယ်လွန်ခဲ့သည်။
(၂၂)ရက်
- ပုပ္ပါးဒေသတွင် ဇာတ်လမ်းတွဲသွားရောက်ရိုက်ကူးနေသော ဟာသသရုပ်ဆောင် ကင်းကောင် သည် ဇန်နဝါရီလ (၂၂) ရက်နေ့ မနက်ပိုင်း၌ ရုတ်တရက် ချွဲကျပ်ကာ ကွယ်လွန်ခဲ့သည်။
(၃၁)ရက်
- မြန်မာဂန္ထဝင်အဆိုတော်ကြီး ဦးမင်းနောင် သည် ၂၀၁၉ ဇန်နဝါရီ ၃၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် အာရှတော်ဝင်ဆေးရုံ၌ ကွယ်လွန်သွားပြီဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက်(၈၉)နှစ်ရှိပြီဖြစ်သည်။
ဖေဖော်ဝါရီလ
[ပြင်ဆင်ရန်](၁၂)ရက်(ပြည်ထောင်စုနေ့)
- ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ဖယ်ရှားပေးရေး ကရင်နီလူငယ်များမှ တောင်းဆိုဆန္ဒပြမှုပြုလုပ်နေစဉ် ရဲတပ်ဖွဲ့မှ ရာဘာကျည်များဖြင့် ပစ်ခတ်မှုကြောင့် လူ ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ဗိုလ်ချုပ်ကြေးရုပ်ထားရှိရာ လွိုင်ကော်မြို့ ကန္ဒဟေဝန်ပန်းခြံသို့ ဆန္ဒပြကရင်နီလူငယ်များချီတက်လာစဉ် ရဲတပ်ဖွဲ့မှ အတားအဆီးများချထားကာ ရာဘာကျည်များဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ကရင်နီလူငယ်များကလည်း ရဲများ၊ရာဘာကျည်များနှင့်အတားအဆီးများကို မရမကဖယ်ရှားကာ ချီတက်ဆန္ဒပြခဲ့ကြသည်။ ဗိုလ်ချုပ်၏ ကတိကဝတ်များကို အကောင်အထည်မဖော်ဘဲ ရုပ်တုကိုသာအတင်းစိုက်ထူခဲ့၍ဟုဆိုကာ ယခုကဲ့သို့ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
- ထိုနေ့ ညနေပိုင်းတွင် လွိုင်ကော်မြို့ ဆန္ဒပြမှုဖြစ်စဉ်၌ ရဲတပ်ဖွဲ့၏လုပ်ဆောင်မှုများကို ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်၊ဆူးလေဘုရားလမ်းရှိ မဟာဗန္ဓုလပန်းခြံတွင် ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့ကြသည်။