ကင်းကောင်
ကင်းကောင် သည် မြန်မာ ဟာသသရုပ်ဆောင်တစ်ဦး ဖြစ်ပြီး တစ်ခေတ်တစ်ခါက မသိသူမရှိသော လူရွှင်တော် သရဲကြီးလေးကောင်တွင် တစ်ဦးအပါအဝင်ဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]၁၉၆၄ ခုနှစ်၊မေလ(၂၁)ရက်နေ့တွင် မွေးဖွားခဲ့သည်။ ငယ်အမည်မှာ မျိုးမြင့် ဖြစ်ပြီး မွေးချင်းလေးယောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။
အနုပညာခရီး
[ပြင်ဆင်ရန်]ရန်ကုန်တက္ကသိုလ်၊ မြန်မာစာကျောင်းသားများ စုစည်း၍ ၁၉၈၅ ခုတွင် ဇာဂနာ (ကိုသူရ) က မြပုဏ္ဏမာအမည်ဖြင့် အငြိမ့်ကရန် စီစဉ်သည်။ ထိုအဖွဲ့သို့ အရှည်ကြီး အမည်ဖြင့် ပါဝင်ခဲ့သည်။ နှစ်နှစ်ခန့် ကျင်လည်ပြီးနောက် မြပုဏ္ဏမာအား မြန်မာ့အသံမှ ထုတ်လွှင့်ရန်စီစဉ်သည့်အခါ ဇာဂနာ၏ တိုက်တွန်းချက်ဖြင့် ကင်းကောင် ဟု စင်တက်အမည် ပြောင်းခဲ့တော့သည်။
မိသားစုဘဝ
[ပြင်ဆင်ရန်]ဇနီး ဒေါ်အေးအေးမွန် နှင့် ရဲမွန်အောင် အမည်ရ သားတစ်ယောက်ရှိသည်။
ကျန်းမာရေးပြဿနာများ
[ပြင်ဆင်ရန်]ပြင်ဦးလွင်တွင် ဗီဒီယိုရိုက်ကူးစဉ် ဆိုင်ကယ်မတော်တဆဖြစ်ကာ ဦးနှောက်သွေးကြော ခဲသဖြင့် ၂၀၁၅ ခု၊ မေလ ၆ ရက်တွင် မန္တလေး နန်းတော်ဆေးရုံ၌ ကုသမှု ခံယူရသည်။[၁]
၂၀၁၆ ခု၊ ဇွန်လတွင် နှလုံးအဆီဖုံးရောဂါဖြင့် ဆေးရုံတက်ကုသရသည်။ နာမည်ရသရုပ်ဆောင်တစ်ဦး ဖန်သားပြင်မှ ပျောက်ဆုံးခြင်း၊ ဆေးရုံရောက်သည်ဟူသော သတင်းများကို ဆက်စပ်ကာ တိမ်းပါးလေပြီလောဟု ကောလဟာဟများ ထွက်ပေါ်ခဲ့သည်။
၂၀၁၆ ခု၊ အောက်တိုဘာတွင် အစာစားရေမျို အခက်အခဲဖြစ်လာရင်း စစ်ဆေးရာ အစာပြွန်ပိတ်နေကြောင်း သိရသည်။ ရင်ခေါင်းခွဲစိတ်မှုခံယူရာ အောင်မြင်ပြီးနောက် "ရာသက်ပန်အရက်ဖြတ်ပြီ"ဟု ကြေညာသည်။ [၂]
ဘဝနိဂုံး
[ပြင်ဆင်ရန်]ပုပ္ပား၌ ဇာတ်လမ်းတွဲ သွားရောက်ရိုက်ကူးစဉ် ၂၀၁၉ ခု၊ ဇန်နဝါရီလ ၂၂ ရက်၊ နံနက် ၆ နာရီခွဲခန့်တွင် တည်းခိုရာ၌ပင် တိမ်းပါးသည်။ ရုပ်ကလာပ်ကို ရန်ကုန်သို့ နေ့ချင်း ပြန်သယ်လာပြီး ရေဝေးသုဿာန်၊ ရေခဲတိုက်သို့ ထားရှိသည်။ ၂၄ ရက်နေ့တွင် ရေဝေးသုဿာန်၌ပင် သင်္ဂြိုဟ်မည် ဖြစ်သည်။ [၃]
ကွယ်လွန်ချိန်၌ အသက် ၅၅ နှစ် ရှိပြီ ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပန်းမြတ်ဇော် (၈ မေ ၂၀၁၅)။ [ဟာသသရုပ်ဆောင် (ဦး)ကင်းကောင် ဦးနှောက်အတွင်း သွေးခဲနေမှုကြောင့် ဆေးကုမှုခံယူနေ။ မဇ္ဈိမ။ ၂၃ ဇန်နဝါရီ ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ လင်းအက္ခရာ (၄ အောက်တိုဘာ ၂၀၁၈)။ ကျန်းမာရေးကြောင့် ရာသက်ပန် အရက်ဖြတ်လိုက်တဲ့ ကင်းကောင်။ ပေါ်ပြူလာ။ 21 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ဇန်နဝါရီ ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ နှင်းနှင်းအောင် (၂၂ ဇန်နဝါရီ ၂၀၁၉)။ လူရွှင်တော်ကင်းကောင် ချွဲကျပ်ပြီး ရုတ်တရက်ကွယ်လွန်။ မြန်မာတိုင်း(မ်)။ 25 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ဇန်နဝါရီ ၂၀၁၉ တွင် ပြန်စစ်ပြီး။