မာတိကာသို့ ခုန်သွားရန်

အယ်လဖာ စင်တောရိ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: Sky map 14h 39m 36.4951s, −60° 50′ 02.308″

Alpha Centauri

α Centauri AB is the bright star to the left, with Proxima Centauri circled in red. The bright star to the right is β Centauri
လေ့လာရေး ဒေတာ
Epoch J2000.0      Equinox J2000.0
ကြယ်စုတန်း စင်တောရပ်
အယ်လဖာ စင်တောရိ အေ
ညာဘက် တိမ်းစောင်းမှု 14° 39′ 36.49400″[]
နိမ့်ဆင်းမှု –60° 50′ 02.3737″[]
မြင်သာသော အရွယ်အစား (V) +0.01[]
အယ်လဖာ စင်တောရိ ဘီ
ညာဘက် တိမ်းစောင်းမှု 14° 39′ 35.06311″[]
နိမ့်ဆင်းမှု –60° 50′ 15.0992″[]
မြင်သာသော အရွယ်အစား (V) +1.33[]
ဂုဏ်သတ္တိ
A
စတီလာ အမျိုးအစား G2V[]
U−B အရောင်ညွန်းကိန်း +0.24[]
B−V အရောင်ညွန်းကိန်း +0.71[]
B
စတီလာ အမျိုးအစား K1V[]
U−B အရောင်ညွန်းကိန်း +0.68[]
B−V အရောင်ညွန်းကိန်း +0.88[]
နက္ခတ္တဗေဒ
A
ဗဟိုခွာအား အလျင် (Rv)−21.4 ± 0.76[] km/s
သင့်လျော် ရွေ့လျားမှု (μ) RA: −3679.25[] mas/yr
Dec.: 473.67[] mas/yr
ပြောင်းလဲ တည်နေရာ (π)754.81 ± 4.11[] mas
အကွာအဝေး4.37[] ly
ပကတိ အရွယ်အစား (MV)4.38
B
ဗဟိုခွာအား အလျင် (Rv)−18.6 ± 1.64[] km/s
သင့်လျော် ရွေ့လျားမှု (μ) RA: −3614.39[] mas/yr
Dec.: 802.98[] mas/yr
ပြောင်းလဲ တည်နေရာ (π)796.92 ± 25.90[] mas
အကွာအဝေး4.37[] ly
ပကတိ အရွယ်အစား (MV)5.71
အသေးစိတ်
အယ်လဖာ စင်တောရိ အေ
ဒြပ်ထု1.100 M
အချင်းဝက်1.227[] R
တောက်ပမှု1.519 L
မျက်နှာပြင် ဒြပ်ဆွဲအား(log g)4.30[] cgs
သက်ရောက်သည့် အပူချိန်5,790 K
သတ္တုကြွယ်ဝမှု [Fe/H]0.20 dex
စတီလာ လှည့်ပတ်မှု22[] days
စတီလာ သက်တမ်း4.5–7 Gyr
အယ်လဖာ စင်တောရိ ဘီ
ဒြပ်ထု0.907 M
အချင်းဝက်0.865[] R
တောက်ပမှု0.5002 L
မျက်နှာပြင် ဒြပ်ဆွဲအား (log g)4.37[] cgs
သက်ရောက်သည့် အပူချိန်5,260 K
သတ္တုကြွယ်ဝမှု0.23
စတီလာ လှည့်ပတ်မှု41[] days
ပတ်လမ်း[]
ပင်မA
အဖော်B
ပတ်လမ်းကြာချိန် (P)79.91 ± 0.011 နှစ်
ဆီမီး-မေဂျာ ဝင်ရိုး (a)17.57 ± 0.022"
စက်ဝိုင်းပုံပတ်လမ်း (e)0.5179 ± 0.00076
နိမ့်ဆင်းမှု (i)79.205 ± 0.041°
ဆုံမှတ်၏လောင်တီကျု (Ω)204.85 ± 0.084°
အနီးဆုံးပတ်လမ်း (T)1875.66 ± 0.012
အနီးဆုံးပတ်လမ်း၏ထောင့်ဖြတ် (ω)
(secondary)
231.65 ± 0.076°
ကြယ် စာရင်း
Rigil Kentaurus, Rigil Kent, Toliman, Bungula, Gliese 559, FK5 538, CD−60°5483, CCDM J14396-6050, GC 19728
α Cen A: α1 Centauri, HR 5459, HD 128620,
GCTP 3309.00, LHS 50, SAO 252838, HIP 71683
α Cen B: α2 Centauri, HR 5460, HD 128621,
LHS 51, HIP 71681
ရည်ညွန်း ဒေတာ
SIMBADAB
A
B
ပြင်ပဂြိုဟ် မော်ကွန်းdata
ARICNSdata
နေစကြဝဠာပြင်ပဂြိုဟ်
စွယ်စုံကျမ်း
data

အယ်လဖာ စင်တောရိ (α Centauri) သည် နေအဖွဲ့အစည်းနှင့် အနီးဆုံး ကြယ်စနစ်ဖြစ်သည်။ ယင်းသည် အလင်းနှစ် ၄.၃၇ (၁.၃၄ pc) အကွာတွင် တည်ရှိသည်။ ယင်းစနစ်တွင် အယ်လဖာ စင်တောရိ အေ၊ အယ်လဖာ စင်တောရိ ဘီ၊ ကြယ်ပုနီဖြစ်သော အယ်လဖာ စင်တောရိ စီ (ပရိုဆီမာ စင်တောရိ) ဟူသော ကြယ်သုံးစင်း ပါဝင်သည်။ အယ်အလဖာ စင်တောရိ အေသည် နေ၏ ၁.၁ ထုထည်ရှိပြီး တောက်ပမှုမှာ နေ၏ ၁.၅၁၉ ရှိသည်။[] အယ်လဖာ စင်တောရိ ဘီမှာ နေ၏ထုထည် ၀.၉၀၇၊ တောက်ပမှု ၀.၄၄၅ ရှိသည်။ ကြယ်နှစ်စင်းသည် ဗဟိုကျသောဆုံမှတ်ကို ဗဟိုပြု၍ ၇၉.၉၁ နှစ်လျင် တစ်ကြိမ်စီ လှည့်ပတ်ကြသည်။ ပရိုဆီမာ စင်တောရိနှင့် အယ်လဖာ စင်တောရိ AB တို့၏အကွာအဝေးသည် အလင်းနှစ် ၀.၂၁ (၁၃၀၀၀ au) ခန့်သာ ကွာဝေးသည်။ သာမန်မျက်လုံးဖြင့်ကြည့်ပါက ပင်မကြယ်နှစ်စင်းသည် တစ်စင်းတည်းအဖြစ်သာ မြင်ရသည်။

ပရိုဆီမာ စင်တောရိကို သာမန်မျက်စိဖြင့်မမြင်ရသော်လည်း နေနှင့်အနီးဆုံးကြယ်ဖြစ်သည်။ အယ်လဖာ စင်တောရိ အေဘီနှင့် ပရိုစီမာ စင်တောရိတို့၏ အကွာအဝေးသည် ၁၃၀၀ AU (အလင်းနှစ် ၀.၂၁) ကွာဝေးသည်။[၁၀] ယင်းသည် နက်ပကျွန်းဂြိုဟ်ပတ်လမ်းကြောင်း၏ အဆပေါင်း ၄၃၀ နှင့် ညီမျှသည်။

အယ်လဖာ စင်တောရိကြယ်စနစ်သည် တောင်ကမ္ဘာခြမ်းကောင်းကင်ယံ၌ တတိယ အတောက်ပဆုံး ကြယ်လည်းဖြစ်ပေသည်။[၁၁] ၂၀၁၆ ခုနှစ်တွင် ပရိုဆီမှာ စင်တောရိ ဘီအမည်ရှိ ကမ္ဘာမြေအရွယ်အစားဂြိုဟ်ကို သက်ရှိများ ရှင်သန်နိုင်သောဇုန်အတွင်း ရှာဖွေတွေ့ရှိခဲ့သည်။

စတီလာ စနစ်

[ပြင်ဆင်ရန်]

အယ်လဖာ စင်တောရိသည် တြိကြယ်စနစ် (သုံးလုံးတွဲကြယ်စနစ်) ဖြစ်သည်။ အယ်လဖာ စင်တောရိ အေ နှင့် အယ်လဖာ စင်တောရိ ဘီ တို့ကို ဒွိကြယ်စနစ်အဖြစ်မှတ်ယူသည်။ သို့သော်လည်း ပရိုစီမာ စင်တောရိ (Proxima C) နှင့် အယ်လဖာ စင်တောရိ A သို့မဟုတ် B တို့၏ အကွာအဝေးသည် တူညီနေသောကြောင့် AB ဒွိကြယ်စနစ်ကို တခါတရံ တစ်ခုတည်းသော ဒြပ်ဆွဲအားအရာဝတ္ထုအဖြစ် မှတ်ယူကြသည်။[၁၂]

ပတ်လမ်းဆိုင်ရာ ဂုဏ်သတ္တိများ

[ပြင်ဆင်ရန်]

အယ်လဖာ စင်တောရိ အေ နှင့် ဘီ၏ ပတ်လမ်းကာလမှာ ၇၉.၉၁ နှစ်ဖြစ်သည်။ သူတို့၏ပတ်လမ်းသည် အလယ်အလတ် စက်ဝိုင်းပုံစံဖြစ်သည်။[၁၃] ကြယ်တစ်ခုနှင့်တစ်ခု အနီးဆုံးပတ်လမ်းမှာ ၁၁.၂ AU (နေနှင့် စနေဂြိုဟ်တို့၏ အကွာအဝေးခန့်) နှင့် အဝေးဆုံးပတ်လမ်းမှာ ၃၅.၆ AU (နေနှင့် ပလူတို၏ အကွာအဝေးခန့်) ရှိကြသည်။[၁၃] ကြယ်နှစ်ခုကြား အနီးဆုံးအနေအထားမှာ ၁၉၅၅ ခုနှစ် ဩဂုတ်လတွင် ဖြစ်ပွားခဲ့ပြီး အဝေးဆုံးပတ်လမ်းအနေအထားမှာ ၂၀၇၅ ခုနှစ် မေလတွင် ဖြစ်ပွားမည်ဖြစ်သည်။ အယ်လဖာ စင်တောရိ စီ သည် စင်တောရိ အေဘီမှ ၁၃၀၀၀ AU ကွာဝေးသည်။ ယင်းသည် စင်တောရိ အေဘီမှ နေသို့အကွာအဝေး၏ ၅ ရာခိုင်နှုန်း အကွာအဝေး (အလင်းနှစ် ၀.၂၁ သို့မဟုတ် ၁.၉ ထရီလီယံ ကီလိုမီတာ) ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ

[ပြင်ဆင်ရန်]

လေ့လာချက်များအရ အယ်လဖာ စင်တောရိ ကြယ်စနစ်သည် နေထက် အနည်းငယ် သက်တမ်းပိုကြီးသည်ဟုတွေ့ရသည်။[၁၄] အယ်လဖာ စင်တောရိ အေဘီ၏ ထုထည်မှာ နေထက် ၂ ဆရှိသည်။[note ၁] တစ်ခုချင်းစီ၏ ထုထည်မှာ 1.09 M နှင့်0.90 M အသီးသီး ရှိကြသည်။

အယ်လဖာ စင်တောရိ အေ

[ပြင်ဆင်ရန်]
အယ်လဖာ စင်တောရိစနစ်အား နေနှင့်နှိုင်းယှဉ်ပြထားပုံ

စင်တောရိ အေသည် ဒွိကြယ်စနစ်၏ ပင်မကြယ်ဖြစ်ပြီး မိမိတို့နေထက် အနည်းငယ်ကြီးမားသည်။ ယင်းသည် အဝါရောင်သမ်းသည့် ပင်မ အစီအစဉ် အတွင်းရှိကြယ် ဟုထင်ရသည်။ ယင်း၏ စတီလာအမျိုးအစားမှာ G2 V ဖြစ်သည်။ သတ်မှတ်သည့်ပတ်လမ်း ပါရာမီတာအရ အယ်လဖာ စင်တောရိ အေသည် နေထက် အချင်းဝက်အားဖြင့် ၂၃ ရာခိုင်နှုန်း ထုထည်အားဖြင့် ၁ဝ ရာခိုင်နှုန်း ကြီးသည်။ မိမိဘာသာ လည်ပတ်နှုန်းသည် ၂၂ ရက်ကြာမြင့်သောကြောင့် ယင်း၏လည်ပတ်နှုန်းသည် အနည်းငယ်ပိုမြန်သည်။ နေသည် တစ်ပတ်လည်ပတ်ရန် ၂၅ ရက်ကြာသည်။ နေကို ဖယ်လိုက်မည်ဆိုပါက အာကျူးရပ်ထက် အနည်းငယ် မေးမှိန်ပြီး ကောင်းကင်ယံတွင် စတုတ္ထမြောက် အတောက်ပဆုံးကြယ်ဟု သတ်မှတ်နိုင်သည်။

အယ်လဖာ စင်တောရိ ဘီ

[ပြင်ဆင်ရန်]

စင်တောရိ ဘီသည် ဒုတိယပင်မကြယ်ဖြစ်ပြီး နေထက် အနည်းငယ်ပိုငယ်သည်။ ယင်းသည် ပင်မ အစီအစဉ် အတွင်းရှိကြယ် အမျိုးထဲမှ K1 V အမျိုးအစားဖြစ်ပြီး ပင်မကြယ်ထက် လိမ္မော်ရောင် ပိုသမ်းသည်။ အယ်လဖာ စင်တောရိ ဘီသည် နေ၏ ထုထည် ၉၀ ရာခိုင်နှုန်း၊ အချင်းဝက်အားဖြင့် ၁၄ ရာခိုင်နှုန်း ပိုသေးသည်။ ဝင်ရိုးပေါ်လည်ပတ်သည့် ကြာမြင့်ချိန်မှာ ၄၁ ရက်ဖြစ်သည်။ (ယခင်က ၃၆.၈ ရက်ဖြစ်သည်) ယင်းသည် နေထက်အနည်းငယ် ပိုသေးသော်လည်း အိတ်ဇ်ရေး ရောင်ခြည်များ ထုတ်လွှင့်ပေးသည်။[၁၅]

အယ်လဖာ စင်တောရိ စီ

[ပြင်ဆင်ရန်]
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပရိုဆီမာ စင်တောရိ
Digitized Sky Survey မှ အယ်လဖာ စင်တောရိ မြင်ကွင်း

စင်တောရိ စီအား ပရိုဆီမာ စင်တောရိဟုလည်း သိထားကြကာ နေ၏ထုထည် ၀.၁၂၃ ရာခိုင်နှုန်း၊ ဂျူပီတာထုထည်ထက် ၁၂၉ ရာခိုင်နှုန်းရှိသည်။ စင်တောရိ အေနှင့် စင်တောရိ ဘီတို့အား အယ်လဖာ စင်တောရိ အေဘီဟု တခါတရံတွင် သုံးနှုန်းသည်။ ကြယ်ပုနီဖြစ်သော ပရိုဆီမာ စင်တောရိသည် စင်တောရိ အေဘီမှ ၁၅ဝဝဝ AU ခန့် ဝေးကွာသည်။[၁၆] ယင်းသည် ၀.၂၄ အလင်းနှစ် (၂.၂ ထရီလီယံ ကီလိုမီတာ) ခန့်အကွာအဝေးနှင့် တူညီသည်။ တနည်းအားဖြင့် အယ်လဖာ စင်တောရိ အေဘီနှင့် နေတို့၏ ၅ ရာခိုင်နှုန်းသော အကွာအဝေးပင်တည်း။ ပရိုဆီမာသည် စင်တောရိ အေဘီအား ဒြပ်ဆွဲအား သက်ရောက်သလိုရှိပြီး တစ်ပတ်တိတိ လှည့်ပတ်မိရန် နှစ်ပေါင်း ၁ဝဝဝဝဝ မှ ၅ဝဝဝဝဝ ထိ ကြာနိုင်သည်။ သို့သော်လည်း ယင်းကဲ့သို့ ဒြပ်ဆွဲအား မသက်ရောက်ဘဲ စင်တောရိ အေဘီနှင့် ဝေးရာသို့ ပြေးလွှားနေသည်မှာလည်း ဖြစ်နိုင်လေသည်။[၁၇] သီအိုရီအရ ပရိုဆီမာ စင်တောရိသည် စင်တောရိ အေဘီအား နောင်နှစ်ပေါင်း သိန်းဂဏန်းခန့်အကြာတွင် စွန့်ခွာသွားနိုင်သည်။ ပရိုဆီမာနှင့် အယ်လဖာ စင်တောရိတို့ ဒြပ်ဆွဲအားချင်း သက်ရောက်နေသည်ဆိုခြင်းမှာလည်း မသေချာမရေရာသေးပေ။[၁၈]ကြယ်ပုနီတစ်စင်းဖြစ်သော ပရိုဆီမာသည် နေ၏ ၈ ပုံ ၁ ပုံမျှရှိသော ကြယ်ကလေးပင်ဖြစ်ပြီး နေထက် အဆပေါင်း ၂၀၀၀၀ ပိုမိုမေးမှိန်သည်။ ယင်းသည် နေနှင့်အနီးဆုံးကြယ်ဖြစ်သော်လည်း သာမန်မျက်စိဖြင့်မြင်နိုင်ရန် မေးမှိန်လွန်းသည်။

ဂြိုဟ်စနစ်

[ပြင်ဆင်ရန်]

အယ်လဖာ စင်တောရိ ကြယ်စနစ်တစ်ခုလုံးအားဖြင့် အတည်ပြုနိုင်သော ဂြိုဟ် ၂ ခု တည်ရှိပြီး ယင်းတို့နှစ်ခုစလုံးသည် ပရိုစီမာ စင်တောရိအနားမှ ဖြစ်သည်။ အခြားသောကြယ်များတွင် ဂြိုဟ်များ တည်ရှိသည်ဟု ပြောဆိုကြသော်လည်း ယင်းတို့၏ ရှာဖွေတွေ့ရှိမှုကို အတည်ပြုနိုင်ခြင်းမရှိပေ။

ဤစနစ်မှ မြင်ကွင်း

[ပြင်ဆင်ရန်]

အယ်လဖာ စင်တောရိ အေဘီ ကြယ်စနစ်မှ ကြည့်မည်ဆိုပါက ကမ္ဘာမှကြည့်ရသကဲ့သို့ပင် မထူးခြားလှပေ၊ သို့သော် စင်တောရပ် ကြယ်စုတန်း၏ အတောက်ပဆုံးကြယ်မှာ ပျောက်ကွယ်နေပါလိမ့်မည်။ နေသည် ကမ္ဘာမြေမှ ဘီတယ်ဂျူးစ်အား မြင်ရသကဲ့သို့ တောက်ပနေမည်ဖြစ်သည်။

ကြိုတင်ခန့်မှန်းထားသော အနာဂတ်အပြောင်းအလဲများ

[ပြင်ဆင်ရန်]

ကြယ်စနစ်၏ လက်ရှိ ရွေ့လျားမှုနှုန်းအရ ကောင်းကင်ယံတွင် အယ်လဖာ စင်တောရိ၏ တည်နေရာသည် အချိန်နှင့်အမျှ ပြောင်းလဲသွားမည်ဖြစ်သည်။ ဥပမာအားဖြင့် အေဒီ ၆၂၀၀ ရောက်သော် အယ်လဖာ စင်တောရိသည် ဘီတာ စင်တောရိနှင့် ပတ်လမ်းကြောင်းထပ်သွားကာ မြောက်ကောင်းကင်၌ တောက်ပသော ဒွိကြယ်စနစ်ဖြစ်လာပေမည်။ အေဒီ ၂၆၇၀၀ နှစ်ရောက်သော် အယ်လဖာ စင်တောရိသည် နေနှင့်အနီးဆုံး အလင်းနှစ် ၂.၉ အကွာသို့ရောက်ရှိလာမည်ဖြစ်ပြီး[၁၈] လက်ရှိ ကနိုးပတ်ကြယ်၏ တောက်ပမှုနီးနီး ရှိလာမည်ဖြစ်သည်။ သို့သော် ယင်းကြယ်၏တောက်ပမှုသည် ဆိုင်ရပ်စ်ကိုမူ ကျော်သွားမည်မဟုတ်ပေ။ ဆိုင်ရပ်စ်သည် နောင်နှစ်ပေါင်း ၆၀၀၀၀ အထိ ဆက်လက်တောက်ပနေမည်ဖြစ်ပြီး နောင်နှစ်ပေါင်း ၂၁၀၀၀၀ အထိ အတောက်ပဆုံးကြယ်တစ်ခုအဖြစ် ရှိနေမည်ဖြစ်သည်။[၁၉]

ကြယ်တာရာခရီးဆန့်ခြင်း

[ပြင်ဆင်ရန်]

အယ်လဖာ စင်တောရိကြယ်စနစ်သို့ လူသားတို့၏ လက်ရှိနည်းပညာဖြင့် စက်ရုပ် သို့မဟုတ် လူသားလိုက်ပါပြီး အာကာသခရီးသွားမည်ဆိုပါက ရာစုနှစ်ချီကာ ကြာမြင့်ပေလိမ့်မည်။ လေဆာရွက်လွှင့်နည်းပညာ သို့မဟုတ် နယူကလိယား တွန်းကန်စနစ်သုံးသော Breakthrough Starshot စီမံကိန်းများဖြင့် ခရီးသွားမည်ဆိုပါက ခရီးသွားချိန်အား ဆယ်စုနှစ်များအထိ လျှော့ချနိုင်သည်။[၂၀][၂၁][၂၂] ယင်းကဲ့သို့သော စီမံကိန်းများ၏ ရည်မှန်းချက်များမှာ ကြယ်စနစ်တွင် ဂြိုဟ်များတည်ရှိမှုကို ဓာတ်ပုံရိုက်မှတ်တမ်းရယူခြင်းများ ဖြစ်နိုင်သည်။[၂၃][၂၄] ပရိုစီမာ စင်တောရိ ဘီ တည်ရှိမှုအကြောင်း ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် European Southern Observatory မှ ထုတ်ပြန်ချက်သည် Starshot စီမံကိန်းအတွက် ပစ်မှတ်ဖြစ်ပေလိမ့်မည်။[၂၃][၂၅] ၂၀၁၇ ခုနှစ်တွင် Breakthrough စီမံကိန်းသည် အယ်လဖာ စင်တောရိကြယ်စနစ်တွင် သက်ရှိများရှင်သန်နိုင်သောဂြိုဟ်များကို ရှာဖွေရန် ချီလီနိုင်ငံရှိ တယ်လီစကုပ်ကြီး အဆင့်မြင့်ရန် ငွေကြေးထောက်ပံ့ပေးခဲ့သည်။ ဤအဆင့်မြင့်မှုသည် ကြယ်စနစ်တွင် သက်ရှိများရှင်သန်နိုင်သောဂြိုဟ်များအား ခြေရာခံမိကောင်းနိုင်သည်။[၂၆][၂၇]

အယ်လဖာ စင်တောရိ၊ ပရိုဆီမာ၊ နေတို့သည် အကွာအဝေးအားဖြင့် တူညီသည့်အနေအထားရှိသည်အား ပြထားပုံ

အကွာအဝေး ခန့်မှန်းချက်များ

[ပြင်ဆင်ရန်]
အယ်လဖာ စင်တောရိ AB အကွာအဝေး ခန့်မှန်းချက်များ
ရင်းမြစ် Parallax (mas) အကွာအဝေး (pc) အကွာအဝေး (ly) အကွာအဝေး (Pm) ကိုးကား
Henderson (1839) 1160±110 0.86+0.09
−0.07
2.81 ± 0.53 26.6+2.8
−2.3
[၂၈][၂၉]
Henderson (1842) 912.8±64 1.10 ± 0.15 3.57 ± 0.5 33.8+2.5
−2.2
[၃၀]
Maclear (1851) 918.7±34 1.09±0.04 3.55+0.14
−0.13
32.4 ± 2.5 [၃၁]
Moesta (1868) 880±68 1.14+0.10
−0.08
3.71+0.31
−0.27
35.1+2.9
−2.5
[၃၂]
Gill & Elkin (1885) 750±10 1.333±0.018 4.35±0.06 41.1+0.6
−0.5
[၃၃]
Roberts (1895) 710±50 1.32 ± 0.2 4.29 ± 0.65 43.5+3.3
−2.9
[၃၄]
Woolley et al. (1970) 743±7 1.346±0.013 4.39±0.04 41.5±0.4 [၃၅]
Gliese & Jahreiß (1991) 749.0±4.7 1.335±0.008 4.355±0.027 41.20±0.26 [၃၆]
van Altena et al. (1995) 749.9±5.4 1.334±0.010 4.349+0.032
−0.031
41.15+0.30
−0.29
[၃၇]
Perryman et al. (1997) (A and B) 742.12±1.40 1.3475±0.0025 4.395±0.008 41.58±0.08 [၃၈][၃၉][၄၀][၄၁]
Söderhjelm (1999) 747.1±1.2 1.3385+0.0022
−0.0021
4.366±0.007 41.30±0.07 [၄၂]
van Leeuwen (2007) (A) 754.81±4.11 1.325±0.007 4.321+0.024
−0.023
40.88±0.22 [၄၃]
van Leeuwen (2007) (B) 796.92±25.90 1.25±0.04 4.09+0.14
−0.13
37.5 ± 2.5 [၄၄]
RECONS TOP100 (2012) 747.23±1.17[note ၂] 1.3383±0.0021 4.365±0.007 41.29±0.06 [၄၅]

မှတ်စုများ

[ပြင်ဆင်ရန်]
  1. , ပုံသေနည်း ကြည့်ရန်
  2. Weighted parallax based on parallaxes from van Altena et al. (1995) and Söderhjelm (1999)

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ "Validation of the new Hipparcos reduction" (2007). Astronomy and Astrophysics 474 (2): 653. doi:10.1051/0004-6361:20078357. Bibcode2007A&A...474..653V. 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ "VizieR Online Data Catalog: Catalogue of Stellar Photometry in Johnson's 11-color system" (2002). CDS/ADC Collection of Electronic Catalogues 2237: 0. Bibcode2002yCat.2237....0D. 
  3. ၃.၀ ၃.၁ "Search for associations containing young stars (SACY)" (2006). Astronomy and Astrophysics 460 (3): 695–708. doi:10.1051/0004-6361:20065602. ISSN 0004-6361. Bibcode2006A&A...460..695T. 
  4. ၄.၀ ၄.၁ "Spectroscopic Properties of Cool Stars (SPOCS). I. 1040 F, G, and K Dwarfs from Keck, Lick, and AAT Planet Search Programs" (2005). The Astrophysical Journal Supplement Series 159 (1): 141–166. doi:10.1086/430500. ISSN 0067-0049. Bibcode2005ApJS..159..141V. 
  5. ၅.၀ ၅.၁ "The Sun and Stars" (2012): 219–236. doi:10.1007/978-3-642-22839-1_10. ISSN 1614-659X. 
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ "The diameters of α Centauri A and B" (2003). Astronomy and Astrophysics 404 (3): 1087–1097. doi:10.1051/0004-6361:20030570. ISSN 0004-6361. Bibcode2003A&A...404.1087K. 
  7. ၇.၀ ၇.၁ Gilli G.; Israelian G.; Ecuvillon A.; Santos NC.; Mayor M. (2006). "Abundances of Refractory Elements in the Atmospheres of Stars with Extrasolar Planets". Astronomy and Astrophysics 449 (2): 723–36. doi:10.1051/0004-6361:20053850. Bibcode2006A&A...449..723G. libcode 2005astro.ph.12219G. 
  8. Pourbaix, D. (2002). "Constraining the difference in convective blueshift between the components of alpha Centauri with precise radial velocities". Astronomy and Astrophysics 386 (1): 280–85. doi:10.1051/0004-6361:20020287. Bibcode2002A&A...386..280P. 
  9. A Family Portrait of the Alpha Centauri System။ European Southern Observatory (15 March 2003)။
  10. "Proxima's orbit around α Centauri" (January 2017). Astronomy & Astrophysics 598. doi:10.1051/0004-6361/201629930. Bibcode2017A&A...598L...7K. 
  11. Schaaf, F. The Brightest Stars: Discovering the Universe through the Sky's Most Brilliant Stars. Hoboken, NJ: John Wiley & Sons, 2008. P. 122.
  12. Worley၊ C. E.; Douglass, G. G. (1996)။ Washington Visual Double Star Catalog, 1996.0 (WDS)။ United States Naval Observatory။ 22 April 2000 တွင် မူရင်း အား မော်ကွန်းတင်ပြီး။
  13. ၁၃.၀ ၁၃.၁ Hartkopf၊ W.။ "Sixth Catalog of Orbits of Visual Binaries"၊ U.S. Naval Observatory။ 29 September 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 30 September 2018။ 
  14. "Improved Age Estimation for Solar-Type Dwarfs Using Activity-Rotation Diagnostics" (2008). Astrophysical Journal 687 (2): 1264–1293. doi:10.1086/591785. Bibcode2008ApJ...687.1264M. 
  15. "X-rays from α Centauri – The darkening of the solar twin" (2005). Astronomy and Astrophysics 442 (1): 315–321. doi:10.1051/0004-6361:20053314. Bibcode2005A&A...442..315R. 
  16. Reipurth, B., Mikkola, S. "Formation of the Widest Binaries from Dynamical Unfolding of Triple Systems". Aohoku Place, HI: Institute for Astronomy, Univ. of Hawaii at Manoa. December 6, 2012. PDF. Retrieved 09.28.2015.
  17. Anosova, J (1994). "Dynamics of nearby multiple stars. The α Centauri system". Astronomy and Astrophysics 292. Bibcode1994A&A...292..115A. 
  18. ၁၈.၀ ၁၈.၁ Matthews, R.A.J. (1994). "The Close Approach of Stars in the Solar Neighbourhood". Quarterly Journal of the Royal Astronomical Society 35: 1–8. Bibcode1994QJRAS..35....1M. 
  19. Sky and Telescope, April 1998 (p60), based on computations from HIPPARCOS data.
  20. Overbye၊ Dennis။ "A Visionary Project Aims for Alpha Centauri, a Star 4.37 Light-Years Away"၊ The New York Times၊ 12 April 2016။ 
  21. O'Neill၊ Ian (8 July 2008)။ How Long Would it Take to Travel to the Nearest Star?Universe Today
  22. Domonoske၊ Camila (12 April 2016)။ Forget Starships: New Proposal Would Use 'Starchips' To Visit Alpha Centauri။ NPR။ 14 April 2016 တွင် ပြန်စစ်ပြီး။
  23. ၂၃.၀ ၂၃.၁ Starshot။ Breakthrough Initiatives။ 10 January 2017 တွင် ပြန်စစ်ပြီး။
  24. Overbye၊ Dennis။ "Reaching for the Stars, Across 4.37 Light-Years"၊ The New York Times၊ 12 April 2016။ 
  25. Chang၊ Kenneth။ "One Star Over, a Planet That Might Be Another Earth"၊ The New York Times၊ 24 August 2016။ 
  26. VLT to Search for Planets in Alpha Centauri System – ESO Signs Agreement with Breakthrough Initiatives။ European Southern Observatory (9 January 2017)။ 10 January 2017 တွင် ပြန်စစ်ပြီး။
  27. Klesman၊ Alison (9 January 2017)။ ESO and the Breakthrough Initiatives team up to search for extrasolar planets next doorAstronomy Magazine။ 10 January 2017 တွင် ပြန်စစ်ပြီး။
  28. Henderson, H. (1839). "On the parallax of α Centauri". Monthly Notices of the Royal Astronomical Society 4 (19): 168–169. doi:10.1093/mnras/4.19.168. Bibcode1839MNRAS...4..168H. 
  29. Astronomical Society of South Africa။ Henderson, Thomas [FRS (2008)]။ 26 July 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 November 2021 တွင် ပြန်စစ်ပြီး။
  30. Henderson, T. (1842). "The Parallax of α Centauri, deduced from Mr. Maclear's Observations at the Cape of Good Hope, in the Years 1839 and 1840". Memoirs of the Royal Astronomical Society 12: 370–371. Bibcode1842MmRAS..12..329H. 
  31. Maclear, T. (1851). "Determination of the Parallax of α 1 and α2 Centauri, from Observations made at the Royal Observatory, Cape of Good Hope, in the Years 1842-3-4 and 1848". Memoirs of the Royal Astronomical Society 20. Bibcode1851MmRAS..20...70M. 
  32. Moesta, C. G. (1868). "Bestimmung der Parallaxe von α und β Centauri" (in de). Astronomische Nachrichten 71 (8): 117–118. doi:10.1002/asna.18680710802. Bibcode1868AN.....71..113M. 
  33. "Heliometer-Determinations of Stellar Parallax in the Southern Hemisphere" (1885). Memoirs of the Royal Astronomical Society 48. Bibcode1885MmRAS..48....1G. 
  34. Roberts, Alex W. (1895). "Parallax of α Centauri from Meridian Observations 1879–1881". Astronomische Nachrichten 139 (12): 189–190. doi:10.1002/asna.18961391202. Bibcode1895AN....139..177R. 
  35. "Woolley 559" (1970). Catalogue of Stars within 25 Parsecs of the Sun 5. Bibcode1970ROAn....5.....W. 
  36. Gl 559Preliminary Version of the Third Catalogue of Nearby Stars။ Astronomische Rechen-Institut (1991)။ 9 May 2014 တွင် ပြန်စစ်ပြီး။
  37. GCTP 3309The General Catalogue of Trigonometric Stellar Parallaxes။ Yale University Observatory (1995)။ 9 May 2014 တွင် ပြန်စစ်ပြီး။
  38. Perryman (1997)။ HIP 71683The Hipparcos and Tycho Catalogues။ 9 May 2014 တွင် ပြန်စစ်ပြီး။
  39. Perryman (1997)။ HIP 71683The Hipparcos and Tycho Catalogues။ 9 May 2014 တွင် ပြန်စစ်ပြီး။
  40. Perryman (1997)။ HIP 71681The Hipparcos and Tycho Catalogues။ 9 May 2014 တွင် ပြန်စစ်ပြီး။
  41. Perryman (1997)။ HIP 71681The Hipparcos and Tycho Catalogues။ 9 May 2014 တွင် ပြန်စစ်ပြီး။
  42. HIP 71683Visual binary orbits and masses post Hipparcos (1999)။ 9 May 2014 တွင် ပြန်စစ်ပြီး။
  43. van Leeuwen၊ Floor (2007)။ HIP 71683Validation of the new Hipparcos reduction
  44. van Leeuwen၊ Floor (2007)။ HIP 71681Validation of the new Hipparcos reduction
  45. The One Hundred Nearest Star SystemsResearch Consortium On Nearby Stars။ Georgia State University (7 September 2007)။ 12 November 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 December 2014 တွင် ပြန်စစ်ပြီး။