အာဆင်နယ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး r2.7.2) (ရိုဘော့က တည်းဖြတ်နေသည် - kk:Арсенал (футбол клубы, Лондон)
စာကြောင်း ၁၅၇ - စာကြောင်း ၁၅၇ -
[[jv:Arsenal F.C.]]
[[jv:Arsenal F.C.]]
[[ka:არსენალი ლონდონი (საფეხბურთო კლუბი)]]
[[ka:არსენალი ლონდონი (საფეხბურთო კლუბი)]]
[[kk:Арсенал ФК (Лондон)]]
[[kk:Арсенал (футбол клубы, Лондон)]]
[[kn:ಆರ್ಸೆನಲ್ F.C.]]
[[kn:ಆರ್ಸೆನಲ್ F.C.]]
[[ko:아스널 FC]]
[[ko:아스널 FC]]

၁၉:၄၇၊ ၁၃ ဩဂုတ် ၂၀၁၂ ရက်နေ့က မူ

အာဆင်နယ်
Arsenal crest
အသင်းအမည်အာဆင်နယ် ဘောလုံးကလပ်
အခြားအမည်The Gunners
တည်ထောင်နှစ်ဒိုင်ယယ် စကွဲယား အဖြစ် ၁၈၈၆ မှစ၍
အိမ်ကွင်းအဲမရိတ်ကစားကွင်း
(လူဝင်ဆံ့မှု: 60,361[၁])
ဥက္ကဋ္ဌ ယူနိုက်တက်ကင်းဒမ်း Peter Hill-Wood
မန်နေဂျာ ပြင်သစ် အာဆင်ဝင်းဂါး
ကစားသည့်လိဂ်ပရီးမီးယားလိဂ်
၂၀⁠၁၁–၁၂ပရီးမီးယားလိဂ်၊ တတိယ
ဝက်ဘ်ဆိုဒ်Club home page
အိမ်ကွင်း အရောင်
အဝေးကွင်း အရောင်
တတိယ အရောင်
လက်ရှိ ရာသီ


သမိုင်းကြောင်း

အာဆင်နယ် ဘောလုံးကလပ် (Arsenal Football Club) ကို The Gunners ဟုလည်းခေါ်ဝေါ်ကြပြီး လန်ဒန်မြောက်ပိုင်း ဟော်လိုဝေး(Holloway, North London) တွင် အခြေစိုက်သော အင်္ဂလိပ်ကြေးစားဘောလုံးကလပ်တစ်ခုဖြစ်သည်။ အာဆင်နယ်သည် ပရီးမီးယားလိဂ်တွင် ပါဝင်ကစားသော အသင်းတစ်သင်းဖြစ်ပြီး အင်္ဂလိပ်ဘောလုံးလောကတွင် အအောင်မြင်ဆုံးဘောလုံးကလပ်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ပထမတန်း နှင့် ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်ရရှိခဲ့ဖူးပြီး အက်ဖ်အေဖလားကို ၁၀ ကြိမ်ရရှိခဲ့ဖူးသည်။

အာဆင်နယ်ကို ၁၈၈၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော်လည်း ပထမဆုံး အရေးပါသော ဆုတံဆိပ်ကို ၁၉၃၀ နှစ်များတွင် မှရရှိခဲ့ပြီး လိဂ် ချန်ပီယံ ၅ ခါဖြစ်ခဲ့ကာ အက်ဖ်အေဖလား ၂ ခုရရှိခဲ့သည်။ စစ်ပြီးခေတ်၏ ဆုတ်ယုတ်သော နှစ်များအပြီးတွင် သူတို့သည် ၂၀ရာစုအတွင်း ဖလား ၂ခုတစ်ပြိုင်တည်းရသော ဒုတိယမြောက် ကလပ်အဖြစ် ၁၉၇၀-၇၁ တွင် မှတ်တမ်းတင်နိုင်ခဲ့သည်။ လွန်ခဲ့ပြီးသော အနှစ် ၂၀ အတွင်း အာဆင်နယ်သည် အင်္ဂလိပ်ဘောလုံးလောက၏ အအောင်မြင်ဆုံး ကလပ်များတွင်တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး ဆုဖလား ၂ခုရခြင်း နောက်ထပ် ၂ကြိမ်၊ ၂၀၀၃-၂၀၀၄ ပရီးမီးယားလိဂ် ချန်ပီယံ ကို ရှုံးပွဲမရှိရရှိခြင်း နှင့် ၂၀၀၅-၀၆ တွင် လန်ဒန်ရှိကလပ်များထဲမှ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်၏ ဖိုင်နယ်ပွဲကို ပထမဆုံးတက်ရောက်နိုင်သော အသင်းစသည့် မှတ်တမ်းများကို တင်ခဲ့သည်။

ကလပ်၏ အရောင်မှာ ပုံမှန်အားဖြင့် အနီနှင့် အဖြူဖြစ်သော်လည်း ဤအရောင်များမှာ သမိုင်းကြောင်းတလျှောက် ပြောင်းလဲလာခြင်းဖြစ်သည်။ ထို့အတူပင် ကလပ်၏ တည်နေရာကိုလည်း အချိန်နှင့်အမျှ ရွှေ့ပြောင်းလာခဲ့သည်။ ပထမဆုံးအနေဖြင့် လန်ဒန် အရှေ့တောင်ပိုင်း ဝူးလ်ဝစ်ချ်(Woolwich) တွင်စတင်တည်ထောင်ခဲ့သော်လည်း ၁၉၁၃ ခုနှစ်တွင် မြောက်ဖက်ပိုင်းသို့ ရွှေ့ပြောင်းပြီး ဟိုက်ဘူရီ(Highbury) ရှိ အာဆင်နယ် အားကစားရုံသို့ ရွှေ့ပြောင်းခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် သူတို့၏ လက်ရှိ နေရာဖြစ်သော ဟောလိုဝေး(Emirates) အနီးရှိ အဲမရိတ် အားကစားရုံသို့ ရွှေ့ပြောင်းခဲ့သည်။


ပထမ အသင်းလူစာရင်း

As of 7 August 2012.[၂]

Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.

No.   နေရာ   ကစားသမား
1 ပိုလန်နိုင်ငံ GK ဆဇက်နီ
2 ပြင်သစ်နိုင်ငံ MF ဒီယာဘီ
3 ပြင်သစ်နိုင်ငံ DF ဆက်ဂ်နာ
4 ဂျာမနီနိုင်ငံ DF မာတီဆက်ကာ
5 ဘယ်လ်ဂျီယမ်နိုင်ငံ DF ဗာမယ်လန်း (ဒုတိယအသင်းခေါင်းဆောင်)
6 ပြင်သစ်နိုင်ငံ DF ကိုစီယယ်လ်နီ
7 ချက်သမ္မတနိုင်ငံ MF ရိုဆစ်စကီး
8 စပိန်နိုင်ငံ MF အာတီတာ
9 ကိုရီးယားသမ္မတနိုင်ငံ FW ပတ်ချူယောင်
10 နယ်သာလန်နိုင်ငံ FW ဗန်ပါစီ (အသင်းခေါင်းဆောင်)
11 ဘရာဇီးနိုင်ငံ DF ဆန်းတို့စ်
12 ပြင်သစ်နိုင်ငံ FW ဂျီရော့
14 အင်္ဂလန်နိုင်ငံ FW ဝေါလ်ကော့
15 အင်္ဂလန်နိုင်ငံ FW ချမ်ဘာလိန်
16 ဝေလနိုင်ငံ MF ရမ်ဆေး
17 ကင်မရွန်းနိုင်ငံ MF ဆောင်း
18 ပြင်သစ်နိုင်ငံ DF ဆကွယ်လာစီ
No.   နေရာ   ကစားသမား
19 အင်္ဂလန်နိုင်ငံ MF ဝှိုင်းရှီးယား
20 ဆွစ်ဇာလန်နိုင်ငံ DF ဂျိုရူး
21 ပိုလန်နိုင်ငံ GK ဖေဘီယမ်စကီး
22 ပြင်သစ်နိုင်ငံ MF ကိုကွီလင်
23 ရုရှားနိုင်ငံ MF အာရှာဗင်
25 ဖင်လန်နိုင်ငံ DF ဂျက်ကင်ဆန်
26 ဂါနာနိုင်ငံ MF ဖရင်ပေါင်
27 အိုင်ဗရီကို့စ်နိုင်ငံ FW ဂျာဗင်ဟို
28 အင်္ဂလန်နိုင်ငံ DF ဂစ်ဘ်
29 မော်ရိုကိုနိုင်ငံ FW ချာမက်
31 ဂျပန်နိုင်ငံ FW မီယာချီ
35 အင်္ဂလန်နိုင်ငံ DF ဘာတလေ
52 ဒိန်းမတ်နိုင်ငံ FW ဘင်တနာ
စပိန်နိုင်ငံ MF ကာဇိုလာ
အင်္ဂလန်နိုင်ငံ MF လန်ဘာရီ
ဂျာမနီနိုင်ငံ FW ပိုဒေါစကီး

အာဆင်နယ်အသင်း၏အောင်မြင်မှုများ

  • အမှတ်ပေးချန်ပီယံ − (၁၃) ကြိမ် (၁၉၃၀-၃၁၊ ၁၉၃၂-၃၃၊ ၁၉၃၃-၃၄၊ ၁၉၃၄-၃၅၊ ၁၉၃၇-၃၈၊ ၁၉၄၆-၄၇၊ ၁၉၅၂-၅၃၊ ၁၉၇၀-၇၁၊ ၁၉၈၈-၈၉၊ ၁၉၉၉၀-၉၁၊ ၁၉၉၇-၉၈၊ ၂၀၀၁-၀၂၊ ၂၀၀၃-၀၄)
  • အက်ဖ်အေ ဖလားချန်ပီယံ − (၁၀) ကြိမ် (၁၉၃၀၊ ၁၉၃၆၊ ၁၉၅၀၊ ၁၉၇၁၊ ၁၉၇၉၊ ၁၉၉၃၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၃၊ ၂၀၀၅)
  • ကားလင်းဖလား − (၂) ကြိမ် (၁၉၈၇၊ ၁၉၉၃)
  • ကွန်မြူနတီဒိုင်းချန်ပီယံ − (၁၂) ကြိမ် (၁၉၃၀၊ ၁၉၃၁၊ ၁၉၃၃၊ ၁၉၃၄၊ ၁၉၄၈၊ ၁၉၅၃၊ ၁၉၉၁၊ ၁၉၉၈၊ ၁၉၉၉၊ ၂၀၀၂၊ ၂၀၀၄)

ရည်ညွှန်းကိုးကား

  1. UEFA Champions League Press Release (2011–12) (PDF)။ Union of European Football Associations။ 27 February 2012 တွင် ပြန်စစ်ပြီး။
  2. Arsenal confirm 2012/13 squad numbers။ Arsenal F.C.။

တမ်းပလိတ်:Link FA