လက်စတာ စီးတီး

ဝီကီပီးဒီးယား မှ
Leicester City
အသင်းအမည်လက်စတာစီးတီး ဘောလုံးကလပ်
အခြားအမည်မြေခွေးများ
တည်ထောင်နှစ်၁၈၈၄ တွင် လက်စတာဖော့စ် ဘောလုံးကလပ် အဖြစ်စတင်ခဲ့သည်။
အိမ်ကွင်းကင်းပါဝါ ဘောလုံးကွင်း
(လူဝင်ဆံ့မှု: ၃၂,၂၆၂[၁])
ပိုင်ရှင်ကင်းပါဝါ အင်တာနေရှင်နယ် ဂရုပ်
ဥက္ကဋ္ဌAiyawatt Srivaddhanaprabha
မန်နေဂျာကလောင်ဒီယို ရာနီယဲရီ
ကစားသည့်လိဂ်ပရီးမီးယားလိဂ်
၂၀⁠၁၅–၁၆ပရီးမီးယားလိဂ်၊ ပထမ
ဝက်ဘ်ဆိုဒ်Club home page
အိမ်ကွင်း အရောင်
အဝေးကွင်း အရောင်
တတိယ အရောင်

လက်စတာစီးတီး ဘောလုံးကလပ်အား မြေခွေးများဟုလည်း ခေါ်ကြပြီး အင်္ဂလန်နိုင်ငံ လက်စတာမြို့ ကင်းပါဝါ ဘောလုံးကွင်းတွင် အခြေပြုသော အင်္ဂလိပ်ကြေးစားဘောလုံးကလပ် အသင်းတစ်ခု ဖြစ်သည်။[၂] ၂၀၁၃-၁၄ ဘောလုံးလိဂ် ချန်ပီယံရှစ်တွင် ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် ပြန်လည် ကစားခွင့် ရရှိခဲ့ကာ လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်က အင်္ဂလိပ် ဘောလုံး လောကတွင် ထိပ်တန်း အသင်းတစ်သင်း အဖြစ် နေရာယူထားခဲ့သော အခြေအနေသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ၂၀၁၅-၁၆ ခုနှစ် ပရီးမီးယားလိဂ် ကစားပွဲတွင် ပထမဆုံး အကြိမ်အဖြစ် ချန်ပီယံ ဖြစ်လာခဲ့သည်။

ကလပ်အား ၁၈၈၄ ခုနှစ်တွင် လက်စတာ ဖော့စ် ဘောလုံးကလပ် အဖြစ် စတင်တည်ထောင်ခဲ့ပြီး[၃] ဖော့စ်လမ်း အနီးအနားရှိ ကစားကွင်းတွင် ကစားခဲ့သောကြောင့် ဖြစ်သည်။ ၁၈၉၁ ခုနှစ်တွင် ဖေးလ်ဘတ်လမ်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၁၈၉၄ ခုနှစ်တွင် ဘောလုံးလိဂ်သို့ ရွေးချယ်ခြင်း ခံခဲ့ရကာ ၁၉၁၉ တွင် လက်စတာ စီးတီး အမည်ဖြင့် စတင် ကစားခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် အနီးအနားရှိ ဝေါ့ကာ ကစားကွင်းသို့ ရွှေ့ပြောင်းခဲ့ကာ[၄] ၂၀၁၁ ခုနှစ် ပိုင်ရှင် ပြောင်းလဲပြီးနောက် ကင်းပါဝါ ကစားကွင်း အဖြစ် နာမည် ပြောင်းလဲခဲ့သည်။

လက်စတာ အနေနှင့် ၂၀၁၅-၁၆ တွင် ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ဆွတ်ခူးခဲ့ခြင်းသည် ၎င်းတို့၏ ပထမဆုံး ထိပ်တန်း အင်္ဂလိပ် ဘောလုံး ချန်ပီယံဆုကို ဆွတ်ခူးခဲ့ခြင်းပင် ဖြစ်သည်။ ထိုအောင်ပွဲသည် ဗြိတိသျှ အားကစားလောကအတွက် အကြီးမားဆုံးသော အံ့ဩဖွယ် တစ်ခု ဖြစ်စေခဲ့သည်။.[၅] ယခု အောင်ပွဲ မတိုင်ခင်က အကြီးကျယ်ဆုံး ဖြစ်ခဲ့သော အောင်မြင်မှုမှာ ၁၉၂၈-၂၉ ခုနှစ် ပထမတန်း ဘောလုံးလိဂ်တွင် ဒုတိယ နေရာ ရရှိခဲ့ခြင်း ဖြစ်သည်။ ဒုတိယ အဆင့် မှ ပရီးမီးယားလိဂ်သို့ ခုနှစ်ကြိမ်တိုင် အတန်းတက်ခဲ့ပြီး တတိယ အဆင့် လိဂ်ဝမ်းတွင် ပထမ ရခဲ့ဖူးသည်။ လိဂ်ဖလားကို ၃ကြိမ် ရရှိခဲ့သည်။ အက်ဖ်အေဖလားတွင် ဒုတိယနေရာကို ၄ ကြိမ် ရရှိခဲ့ပြီး ဖိုင်နယ်ပွဲတွင် အမြဲ ရှုံးနိမ့်ခဲ့သည်။

ပထမ အသင်းလူစာရင်း[ပြင်ဆင်ရန်]

Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.

No.   နေရာ   ကစားသမား
1 ဒိန်းမတ်နိုင်ငံ GK ကက်စပါ ရှမိုက်ကယ် (ဒုတိယ ကပ္ပတိန်)
4 အင်္ဂလန်နိုင်ငံ MF ဒန်နီ ဒရင့်ဝါးတား
5 ဂျမေကာနိုင်ငံ DF ဝက်စ်မော်ဂန် (ကပ္ပတိန်)
6 ဂျာမနီနိုင်ငံ DF ရောဘတ်ဟုသ်
8 အင်္ဂလန်နိုင်ငံ MF မက်တီဂျိမ်းစ်
9 အင်္ဂလန်နိုင်ငံ FW ဂျေမီ ဗာဒီ
10 ဝေလနိုင်ငံ MF အင်ဒီကင်း
11 အင်္ဂလန်နိုင်ငံ MF မာ့ခ် အော်လ်ဘရိုက်တန်
12 အင်္ဂလန်နိုင်ငံ GK ဘန် ဟားမား
13 ဂါနာနိုင်ငံ MF ဒန်နီယယ် အမာတေ
14 ပြင်သစ်နိုင်ငံ MF အင်န်ဂိုလို ကန်တေး
15 ဂါနာနိုင်ငံ DF ဂျက်ဖ် ရှလပ်
No.   နေရာ   ကစားသမား
17 အင်္ဂလန်နိုင်ငံ DF ဒန်နီ ဆင်ပဆမ်
18 အင်္ဂလန်နိုင်ငံ DF လီယန် မိုးရ်
20 ဂျပန်နိုင်ငံ FW ရှင်ဂျိ အိုကာဇာကီ
22 အင်္ဂလန်နိုင်ငံ MF ဒယ်မာရီ ဂရေး
23 အာဂျင်တီးနားနိုင်ငံ FW လီယိုနာဒို အယ်လ်လိုယာ
24 အင်္ဂလန်နိုင်ငံ MF နသန် ဒိုင်ယာ (ဆွမ်းဆီးစီးတီးမှ ငှားထားသည်။)
26 အယ်လ်ဂျီးရီးယားနိုင်ငံ MF ရီယာ့ဒ် မာယာ့ဇ်
27 ပိုလန်နိုင်ငံ DF မာဆင် ဝါဆီလူးစကီး
28 ဩစတြီးယားနိုင်ငံ DF ခရစ်ယာန် ဖွတ်ရှ်
30 အင်္ဂလန်နိုင်ငံ DF ဘန် ချေးလ်ဝဲလ်
32 ဩစတြေးလျနိုင်ငံ GK မာ့ခ် ရှဝါဇာ
33 ဆွစ်ဇာလန်နိုင်ငံ MF ဂိုခန် အင်လာ

ကိုးကား[ပြင်ဆင်ရန်]

  1. "2013/14 Championship Guide"၊ Leicester City Football Club၊ 24 June 2013။ 11 February 2008 တွင် ပြန်စစ်ပြီး 
  2. Walkers StadiumThe Stadium Guide website။ The Stadium Guide (2004)။ 31 October 2013 တွင် ပြန်စစ်ပြီး။
  3. The History of Leicester City Football ClubLeicester City Official Website။ 21 June 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 October 2013 တွင် ပြန်စစ်ပြီး။
  4. A History of Filbert Street။ Filbertstreet.net။ 29 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2011 တွင် ပြန်စစ်ပြီး။
  5. "Leicester celebrate first title after Chelsea recover for Tottenham draw"၊ The Gaurdian။ 2 May 2016 တွင် ပြန်စစ်ပြီး