ခင်မောင်အေး (မန္တလေး): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
No edit summary
စာကြောင်း ၄ - စာကြောင်း ၄ -
| သက်တမ်း =
| သက်တမ်း =
| အမည်ရင်း =ဦးခင်မောင်အေး
| အမည်ရင်း =ဦးခင်မောင်အေး
| ကလောင်အမည်ခွဲများ =
| မွေးသက္ကရာဇ် =[[၂ ဖေဖော်ဝါရီ]] [[၁၉၃၁]]
| မွေးသက္ကရာဇ် =[[၂ ဖေဖော်ဝါရီ]] [[၁၉၃၁]]
| မွေးဖွားရာဒေသ=[[မြောင်းမြမြို့]]
| မွေးဖွားရာဒေသ=[[မြောင်းမြမြို့]]

၂၃:၁၅၊ ၉ ဒီဇင်ဘာ ၂၀၁၁ ရက်နေ့က မူ

ခင်မောင်အေး (မန္တလေး)
'
မွေးသက္ကရာဇ် ၂ ဖေဖော်ဝါရီ ၁၉၃၁
အမည်ရင်း ဦးခင်မောင်အေး
မိဘအမည် ဦးဖိုးညှင်း + ဒေါ်ဖွားစု (မိဘအရင်း- ဗကပ ဥက္ကဋ္ဌ သခင်သန်းထွန်း + ခေါ်ခင်ခင်ကြီး)
မွေးဖွားရာဒေသ မြောင်းမြမြို့
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး
ကိုးကွယ်သည့်ဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင် ဗိုလ်မှူးကြီးဦးဆောင်ညွှန်ကြားရေးမှူးသတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမြဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်စာပေလုပ်သားအဖွဲ့ အတွင်းရေးမှူး၊ ဥက္ကဋ္ဌ
ကြင်ဖော်
သားသမီး
ထင်ပေါ်ကျော်ကြားမှု စာရေးဆရာ
ထင်ရှားသည့်လက်ရာများ အမျိုးသားစာပေဆု (ဝတ္ထုတို တတိယဆု) ကျားနှင့်မုဆိုး စာအုပ်
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက်
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက်


ခင်မောင်အေး (မန္တလေး)

ခင်မောင်အေး (မန္တလေး) (၁၉၃၁)

  • ၁။ အမည်ရင်း - ဦးခင်မောင်အေး
  • ၂။ မိဘအမည် - ဦးဖိုးညှင်း + ဒေါ်ဖွားစု (အမှန်တကယ် အဖေရင်းနှင့် အမေရင်းမှာ တောတွင်း၌ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရသည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဥက္ကဋ္ဌ ဖြစ်သူ သခင်သန်းထွန်းနှင့် ခေါ်ခင်ခင်ကြီးတို့ ဖြစ်သည်။)
  • ၃။ မွေးသက္ကရာဇ် - ၉၊ ၂၊ ၁၉၃၁
  • ၄။ မွေးဖွားရာဒေသ - မြောင်းမြမြို့
  • ၅။ ကလောင်အမည်ခွဲများ - စိုင်းဆေးနော်၊ ညိုမင်းလွင်

ကိုယ်ရေးဖြစ်စဉ်

ခင်မောင်အေး (မန္တလေး) ကို မြောင်းမြမြို့၌ အဖ ဦးဖိုးညှင်း၊ အမိ ဒေါ်ဖွားစုတို့မှ ဖွားမြင်သည်။ မွေးသက္ကရာဇ်မှာ ၁၉၃၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ ဖြစ်သည်။ ငယ်စဉ်က မြောင်းမြမြို့ အစိုးရ အထက်တန်းကျောင်းနှင့် ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်းတို့တွင် ပညာ သင်ကြားခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်တွင် တပ်မတော်သို့ ဝင်ရောက် စစ်မှုထမ်း ခဲ့သည်။


၁၉၄၉ ခုနှစ်မှ စ၍ ကဗျာနှင့် ဝတ္ထုများ စတင် ရေးသားခဲ့သည်။ သေနတ်ပြစ်၊ တောလိုက် ဝါသနာပါ၍ ထိုအတွေ့အကြုံများ အရ တပ်မတော် တာဝန်မှ အားလပ်ချိန်တွင် ဝါသနာ အလျောက် စာနယ်ဇင်းများတွင် ဆောင်ပါးပုဒ်ရေ တရာ့ ငါးဆယ်ခန့်နှင့် ဝတ္ထုတို၊ ဝတ္ထုရှည် လေးရာကျော်ခန့် ရေးသားခဲ့သည်။


တပ်မတော်တွင် ဗိုလ်မှူးကြီး အဆင့် အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းတွင် ၁၉၇၉ ခုနှစ်မှ ၁၉၈၉ ခုနှစ် အထိ ဦးဆောင်ညွှန်ကြားရေးမှူး တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၈၁ ခုနှစ်မှ ၁၉၈၂ ခုနှစ် အထိ မြဝတီမဂ္ဂဇင်းတိုက် အယ်ဒီတာချုပ် တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့သည်။ စာပေလုပ်သားအဖွဲ့ အတွင်းရေးမှူး တာဝန်နှင့် ဥက္ကဋ္ဌ တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။ နတ်မောက်မြို့နယ် အမှတ် (၂)၊ မဆလ ပြည်သူ့ လွှတ်တော် ကိုစားလှယ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။


၁၉၆၅ ခုနှစ်၊ အမျိုးသားစာပေဆု (ဝတ္ထုတို တတိယဆု) ကို 'ကျားနှင့်မုဆိုး' စာအုပ်ဖြင့် ရရှိသည်။ ယခုအခါ အနောက်ရန်ကင်း၊ ရန်အေးလမ်းသွယ် (၂)၊ တိုက် (၃၃၁) အခန်း (၁၇) တွင် နေထိုင်ရင်း စာနယ်ဇင်းများတွင် စာပေများ ရေးသာဆဲ ဖြစ်သည်။

ရေးသား ထုတ်ဝေ ခဲ့ပြီးသော စာအုပ်များ

၁။ ကျားနှင့်မုဆိုး ၁၉၆၄

၂။ ငိုပါနဲ့လေ ချစ်သောနီနီ ၁၉၆၈

၃။ အကွေ့အလိမ် အတိမ်အနက်နှင့် အလင်းအမှောင် ၁၉၆၈

၄။ ချစ်ရသူ၏ နှလုံးသား လက်ဆောင် ၁၉၇၇

၅။ ပုလဲ ခရုအိမ် အသဲ အနုအလိမ် ၁၉၇၉

၆။ တောမုဆိုး၏ ပရိယာယ်ကမာ္ဘ ၁၉၈၁

၇။ ရိုးမကျား ၁၉၈၅

၈။ မုဆိုးတို့၏ နွေ ၂၀၀၃

[၁]

ကိုးကား

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၆ နိုဝင်ဘာမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း (ဒုတိယတွဲ)'