မာတိကာသို့ ခုန်သွားရန်

ဝီကီပီးဒီးယား:လက်ဖက်ရည်ဆိုင် (အထွေထွေ)

ဝီကီပီးဒီးယား မှ
 ဝေါဟာရ နည်းပညာ အဆိုပြုချက်များ အိုင်ဒီယာ အထွေထွေ 
လက်ဖက်ရည်ဆိုင်၏ အထွေထွေ ဆွေးနွေးခန်းသည် အခြားသော ဆွေးနွေးခန်းကဏ္ဍများနှင့် မကိုက်ညီသည့် ဆွေးနွေးချက်များ ရေးသားဆွေးနွေးရန် ဖြစ်သည်။ အကယ်၍ ဤနေရာထက်စာလျှင် ပိုမိုသင့်လျော်မှုရှိပါက မူဝါဒနည်းပညာ၊ သို့မဟုတ် အဆိုပြုချက်များ စာမျက်နှာများတွင်၊ သို့မဟုတ် – အထောက်အကူအတွက် – အကူအညီ စားပွဲ တို့တွင် ကျေးဇူးပြု၍ ဆွေးနွေးပါ။ အထွေထွေ ဗဟုသုတဆိုင်ရာ မေးခွန်းများအတွက် အမေးအမြန်း စားပွဲကို အသုံးပြုပါ။
« ဆွေးနွေးချက် အဟောင်းများ, , ,



Machine Translation နှင့် ပတ်သက်၍

[ပြင်ဆင်ရန်]

မြန်မာဝီကီမှာ ContentTranslation အပါအဝင် တခြား ဘာသာပြန်ကိရိယာတွေ သုံးပြီး ဘာသာပြန်ဆောင်းပါးတွေ ရေးလာကြပါတယ်။ ဒါပေမယ့် တချို့က အချောသတ်ပြင်ဆင်တာမျိုး မလုပ်ဘဲ ကိရိယာကထွက်လာတဲ့အတိုင်း ဆောင်းပါးလွှင့်တင်ကြပါတယ်။ အစကတော့ {{rough translation}} စာတွဲထည့်ပြီး စောင့်ကြည့်ဖြစ်ပါသေးတယ်။ မူရင်း ဘာသာပြန်သူ၊ ဒါမှမဟုတ် တည်းဖြတ်သူတစ်ဦးဦးကနေပြီး အချောသတ်ပြင်ဆင်ပေးတာမျိုး လုပ်လို့ရအောင် ဆိုပြီးတော့ပါ။ ဒါပေမယ့် တကယ်တန်း အချောသတ်ဝင်ပြင်ပေးတာ မရှိသလောက်ပါပဲ။ ကိုယ်တိုင်လဲ တခါတလေမှာ တစ်ပုဒ်နှစ်ပုဒ်လောက် ဘာသာပြန်ချောအောင် ပြန်ပြင်ပေးလိုက်ပေမယ့် ကိုယ်မကျွမ်းကျင်နဲ့ နယ်ပယ်ဖြစ်နေတာ၊ ကိုယ်စိတ်မဝင်စားတဲ့ နယ်ပယ်ဖြစ်နေတာမျိုးကျတော့ ပြင်ပေးဖို့ အဆင်မပြေပါဘူး။ ဒါကြောင့် လောလောဆယ် အရင်တုန်းက ဘာသာပြန်စာကြမ်းလို့ သတ်မှတ်ခဲ့တဲ့ ဆောင်းပါးတွေတော်တော်များများကို ဖတ်ရှုလို့လဲ အဆင်မပြေတဲ့အတွက် ဖျက်ပစ်လိုက်ပါတယ်။ နောက်ထပ် အသစ်ရေးလာမယ့် မပြုပြင်ထားတဲ့ စက်ဘာသာပြန် ဆောင်းပါးတွေကိုလည်း {{rough translation}} စာတွဲနဲ့ သတ်မှတ်ပြီးလို့ တစ်ပတ် ဆယ်ရက်ကျော်သည်အထိ အချောသတ်ပြင်ဆင်တာမျိုး မရှိခဲ့ရင် ဖျက်ပစ်ဖို့ပဲ စဉ်းစားထားပါတယ်။ အဆင်ချောချောဖတ်လို့မရမယ့်တူတူ ဖျက်ပစ်တာက ပိုပြီး ကောင်းမယ်ထင်လို့ပါ။ တကယ်လို့ ပိုကောင်းမယ်ထင်တဲ့ နည်းလမ်းရှိရင်လည်း ဆွေးနွေးကြပါဦး။ NinjaStrikers «» ၁၆:၁၄၊ ၁၆ အောက်တိုဘာ ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]

Notification about delayed responses

[ပြင်ဆင်ရန်]

မင်္ဂလာပါ။ လွန်ခဲ့တဲ့လမှာ မြန်မာဝီကီရင်းမြစ် ဆီကို ဆောင်းပါးစာမျက်နှာတွေ import လုပ်ပြီးခဲ့ပါတယ်။ ဆိုဒ်အသစ်မှာ ပြင်ဆင်စရာတွေ အများကြီး ရှိနေတာကြောင့် အခုရက်ပိုင်းမှာ မြန်မာဝီကီရင်းမြစ်ဖက်မှာ အလုပ်များနေနိုင်တာမို့ မြန်မာဝီကီဖက်က လတ်တလော အပြောင်းအလဲတွေကို မကြည့်မိတာ၊ လွဲချော်သွားတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ မြန်မာဝီကီရဲ့ စီမံခန့်ခွဲသူတွေမှာလည်း အခြားကိစ္စရပ်တွေနဲ့ မအားလပ်ကြတာမို့ အရေးပေါ် အကူအညီလိုအပ်တာ၊ ကြည့်ရှုပေးဖို့ လိုအပ်တာရှိခဲ့ရင် mention လုပ်တာပဲဖြစ်ဖြစ်၊ ကျနော့ရဲ့ ဆွေးနွေးချက်စာမျက်နှာ မှာ လာရောက်ပြောဆိုနိုင်ပါတယ်။ ဖျက်ပစ်ရမယ့် စာမျက်နှာတွေ ရှိလာရင် {{delete|reason=}} ထည့်ထားနိုင်ပါတယ်။ မြန်မာဝီကီကို ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့လဲ အကူအညီတောင်းချင်ပါတယ်။ ကျေးဇူးပါ။ NinjaStrikers «» ၀၉:၁၃၊ ၄ နိုဝင်ဘာ ၂၀၂၄ (UTC)[အကြောင်းပြန်ရန်]