ပိုင်ဖြိုးသု
ပုံပန်းသွင်ပြင်
ပိုင်ဖြိုးသု | |
---|---|
မွေးဖွား | ၅ ဧပြီ ၁၉၉၀ ရန်ကုန် |
(အသက် ၃၄)
မိခင်ကျောင်း | ဆေးတက္ကသိုလ်(၁) ရန်ကုန် |
အလုပ်အကိုင် | သရုပ်ဆောင် |
အိမ်ထောင်ဖက်(များ) | ဏကြီး |
ပိုင်ဖြိုးသု သည် မြန်မာလူမျိုး ရုပ်ရှင်သရုပ်ဆောင် ဖြစ်သည်။ ၂၀၁၇ ခုအတွက် ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲတွင် " သရဲမ၊ဘီလူးမ နှင့် မိန်းမပျို " ရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ရသည်။
အနုပညာခရီး
[ပြင်ဆင်ရန်]၂၀၁၇ ခုတွင် မီ ဇာတ်ကားတွင် ခေါင်းဆောင်အဖြစ် ပါဝင်ရသည်။ ထိုဇာတ်ကားမှာ လူကြိုက်များခဲ့သော ကြည်အေး၏ မီ ကို ရိုက်ခြင်း ဖြစ်ရာ လူစိတ်ဝင်စား ခံရသည်။[၁]
ပါဝင်သော ဇာတ်ကားများ
[ပြင်ဆင်ရန်]ရုံတင်နှစ် | ဇာတ်ကားအမည် | ဇာတ်ကောင် | မှတ်ချက် |
---|---|---|---|
၂၀၁၆ | ဧဒင်ရဲ့ နတ်သမီး | ဇာတ်ပို့ | |
၂၀၁၇ | သရဲမ၊ဘီလူးမနှင့်မိန်းမပျို | ရွှေရုပ်သွင် | ဇာတ်ပို့(အကယ်ဒမီဆုရ) |
၂၀၁၇ | နေဝင်အိပ်တန်းတက် | မေကြာဖြူ | ဇာတ်ဆောင် |
၂၀၁၈ | ဂန္ထဝင်အညှိုး | ဇာတ်ဆောင် | |
၂၀၁၈ | မီ | မီ | ဇာတ်ဆောင် |
၂၀၁၉ | ထာဝရနှောင်ကြိုး | ဝတ်မှုန် | ဇာတ်ဆောင် |
၂၀၂၀ | မိန်းမတစ်ယောက်၏ဖွင့်ဟဝန်ခံချက် | သက်နှင်းအိမ် | ဇာတ်ဆောင် |
ရရှိခဲ့သောဆုများနှင့် ဆန်ကာတင်စာရင်းဝင်မှုများ
[ပြင်ဆင်ရန်]စဉ် | ဆုအမည် | ခုနှစ် | ဆုအမျိုးအစား | ဇာတ်ကား | မှတ်ချက် |
---|---|---|---|---|---|
၁။ | မြန်မာ့ရုပ်ရှင်ထူးချွန်ဆု | ၂၀၁၆ | အမျိုးသမီးဇာတ်ပို့ဆု | ဧဒင်၏ နတ်သမီးများ | ဆန်ခါတင် |
၂။ | ၂၀၁၇ | အမျိုးသမီးဇာတ်ပို့ဆု | သရဲမ၊ဘီလူးမနှင့်မိန်းမပျို | ဆုရရှိ | |
၃။ | ၂၀၁၇ | အမျိုးသမီးဇာတ်ဆောင်ဆု | နေဝင်အိပ်တန်းတက် | ဆန်ခါတင် | |
၄။ | ၂၀၁၈ | အမျိုးသမီးဇာတ်ဆောင်ဆု | မီ | ဆန်ကာတင် | |
၅။ | Star Awards ရုပ်ရှင်ထူးချွန်ဆု | ၂၀၁၈ | အမျိုးသမီးဇာတ်ဆောင်ဆု | မီ | ဆုရရှိ |
မိသားစုဘဝ
[ပြင်ဆင်ရန်]၂၀၁၉ ခု၊ ဇန်နဝါရီလ ၁ ရက်တွင် ဒါရိုက်တာ ဏကြီးနှင့် လက်ထပ်သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဆေးလိပ်သောက်သည့်ကိစ္စ အကယ်ဒမီ ပိုင်ဖြိုးသု ရှင်းလင်း (ရုပ်သံ)။ 2019-03-13 တွင် ပြန်စစ်ပြီး။
- ↑ ထူးခြား ဆန်းသစ်မှု တွေနဲ့ ပြည့်နှက်နေတဲ့ ဒါရိုက်တာ ဏကြီး နဲ့ ပိုင်ဖြိုးသု တို့ရဲ့ မင်္ဂလာပွဲ (in my)။ Mahar Media News။ 28 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-03-13 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- ဖေ့စ်ဘွတ်ခ် ပေါ်ရှိ ပိုင်ဖြိုးသု